Full article

သင့်ကားရဲ့ Air Filter ကို မိုင် 12,000 မောင်းနှင်ပြီးတိုင်း (သို့) တစ်နှစ်ကြာတိုင်း အသစ်လဲလှယ်သင့်ပါတယ်.။ စက်ပြင်ဆရာဆီသွားပြီး အချိန်ကုန်ခံဖို့မလိုပါဘူး.။ သင်ကိုယ်တိုင် ဘာပစ္စည်းကိရိယာမှ မလိုဘဲ အချိန် (၁ဝ) မိနစ်ခန့်အတွင်း လဲလှယ်နိုင်ပါတယ်.။

change-car-air-filter-500x251

(၁) သင့်ကားဘောနက်ဖုံးကို ဖွင့်လိုက်ရင် အမည်းရောင် လေးထောင့် box သဏ္ဍန်ရှိတဲ့ Air Filter ကို တွေ့ရပါလိမ့်မယ်.။ ဘေးနှစ်ဖက်မှာ ညှပ်ထားတဲ့ ကလစ်လေးတွေကို ဖြုတ်ပြီး Air Filter ကို ဖြုတ်ယူလိုက်ပါ.။ (ရှာလို့မတွေ့ခဲ့ရင် သင့်ကားရဲ့ Manual စာအုပ်ကို အသုံးပြုနိုင်ပါတယ်)

(၂) Air Filter ကို သေချာစွာကြည့်ပါ.။ ဘယ်ဘက်ကို မျက်နှာလှည့်ပြီး တပ်ဆင်ထားသလဲ သေချာအောင်လို့ပါ.။ ပြန်တပ်တဲ့အခါ ပြောင်းပြန်တပ်မိတတ်ပါတယ်.။

(၃) အသစ်ဝယ်ထားတဲ့ Air Filter ကို အဟောင်းတပ်ဆင်ထားတဲ့ပုံစံအတိုင်း ပြန်လည်တပ်ဆင်ပါ.။ ကလစ်တွေကို ပြန်တပ်ဖို့ မမေ့ပါနဲ့.။

ဒါဆိုရင် Air Filter တပ်ဆင်ခြင်းပြီးဆုံးပါပြီ.။ လွယ်လွယ်လေးပါ.။ အချိန်လဲ မကုန်ပါဘူး.။

Wiper Blade များလဲလှယ်ခြင်း

Wiper Blade လဲလှယ်ခြင်းမှာတော့ ကားအမျိုးအစားပေါ်မူတည်ပြီး ကွဲပြားမှုအနည်းငယ် ရှိတတ်ပါတယ်.။ အခြေခံအားဖြင့် Air Filter လဲလှယ်ခြင်းနဲ့ တူပါတယ်.။ Wiper Blade တွေကို (၆) လ မှ တစ်နှစ်အတွင်း လဲလှယ်သင့်ပါတယ်.။

change-windshield-wipers-500x250

(၁) Wiper ကို လက်နဲ့ မ ယူပြီး Blade အဟောင်းကို ဖြုတ်ယူပါ.။ အဟောင်းတပ်ဆင်ထားတဲ့ ပုံကို မှတ်သားထားပါ.။

(၂) အများစုမှာ Wiper ရဲ့ အောက်ဘက်နားမှာ ဖိနှိပ်လို့ရတဲ့ Tab တစ်ခုရှိပါတယ်.။ အဲဒီ Tab ကို ဖိလိုက်ပြီးရင် Blade ကို ထုတ်ယူလို့ရပါပြီ.။

(၃) Blade အသစ်တပ်ဆင်ရာမှာ Wiper ကို မကွေးအောင် ဂရုစိုက်ပေးပါ.။ မှန်ကိုလဲ မခြစ်မိပါစေနဲ့.။ တပ်ဆင်ပြီးတဲ့အခါ အံကျမကျ၊ ကျပ်မကျပ် စစ်ဆေးပါ.။

တကယ်လို့ အဟောင်းတပ်ဆင်ထားတဲ့ ပုံစံကို မေ့သွားရင်လဲ စိတ်မပူပါနဲ့.။ အသစ်ဝယ်ယူတဲ့ Blade မှာ ပုံစံ နဲ့ Manual ပါတတ်ပါတယ်.။

Author