အော်တိုဂီယာများတွင် CVT (continuously variable transmission) နှင့် AT (automatic transmission) ဟူ၍ နှစ်မျိုးရှိပါသည်။ ယင်းတို့နှစ်ခုမှာ လုပ်ဆောင်ပုံခြင်း မတူသလို အသုံးပြု သောဆီများမှာ လည်းမတူပါ။ ယခုတစ်ပတ်တွင် CVT အကြောင်း အကျယ်တဝင့် ရေးသား ဖော်ပြပေးသွားမည်ဖြစ်ပြီး နောင်လာမည့် အပတ်တွင် AT အကြောင်းနှင့် CVT နှင့် AT ကွားခြားချက်များကို သုံးသပ် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။
Photo Credit
CVT ဆိုသည်မှာ အင်ဂျင်က ထွက်သည့် စွမ်းအားကို ကားဘီတွေအပေါ်မှာ ပြောင်းလဲခြင်းမရှိဘဲ တစ်သတ်မတ်ထဲ သက်ရောက်နိုင်အောင် ပြောင်းလဲပေးသည့် ဂီယာဘောက်ဖြစ်ပါသည်။ တစ် နည်းအားဖြင့် ဂီယာတစ်ချက်တည်းနှင့် အင်ဂျင်ကထွက်လာသည့် စွမ်းအားကို ကားဘီးတွေပေါ် လျှင်မြန်စွာ အကျိုးသက်ရောက်နိုင်အောင် တီထွင်ထားသည့် ဂီယာဘောက်ဖြစ်ပါသည်။
သမိုင်းကြောင်း
CVT ကို ၁၉၅ဝတွင် ဒတ်ရှ့်လူမျိုး Hub Van Doorne ဆိုသူက တီတွင်ခဲ့ခြင်းဖြစ်ပြီး ယင်းကို variomatic transmission ဟု ကနေဦး အမည်သတ်မှတ်သုံးစွဲခဲ့ပါသည်။ ၁၉၇၅ တွင် ယင်းနည်း ပညာကို Volvo ကုမ္ပဏီထံသို့ ရောင်းချခဲ့ပြီး Volvo 340 series ကားများတွင် စတင် အသုံးပြုခဲ့ပါသည်။ ၁၉၉၂ တွင် Nissan march ကားအမျိုးအစားတွင်လည်းကောင်း၊ ၁၉၉၇ တွင် Toyota prious ကားအမျိုးအစားတွင်လည်းကောင်း စတင်အသုံးပြုလာကြပါသည်။ မျက်မှောက် ခေတ်မော်ဒယ်မြင့်ကားများတွင် CVT ကို ပိုမိုတွင်ကျယ်စွာ အသုံးပြုလာကြပါသည်။ CVT နှင့် AT ဂီယာများ ထည့်သွင်းအသုံးပြုရသော ဆီများလွဲမှား၍ မရဟု ဆိုရခြင်းမှာ CVT သည် ၎င်း၏ ဖွဲ့စည်းပုံအရ ပွတ်တိုက်မှုများပြီး အပူပိုမိုထွက်ရှိပါသည်။ ယင်းအပူချိန်ကို အချိန်တိုအတွင်း လျော့ချရန် ဆီကို အသုံးပြုခြင်းဖြစ်သည်။ CVT ဆီသည် AT ဆီထက် ပြစ်ချွဲမှု နည်းပါးပြီး ရေနှင့်ပင် အလားသဏ္ဌန် တူပါသည်။ သို့သော် CVT သည် ကောင်းကျိုးများလည်းရှိသလို ဆိုးကျိုး များလည်းရှိပါသည်။
CVT ဂီယာ၏ ကောင်းကျိုးများ
(၁) CVT ဂီယာဘောက်သည် AT ဂီယာဘောက်များလောက် အလေးချိန် အရွယ်အစား မရှိသည့် အတွက် ကား၏ အလေးချိန်ကို လျော့ချရာရောက်ပါသည်။
(၂) အရှိန်မြှင့်သည့်အချိန်မှာ slip belt type ဖြစ်ပြီး AT တွေလို ဂီယာအချိန်းအပြောင်းမရှိခြင်း ကြောင့် ချောမွေ့စွာ အရှိန်မြှင့်တင်နိုင်ပါသည်။
(၃) အမြင့်ဆုံးအမြန်နှုန်းရောက်အောင် လျှင်မြန်စွာ ပြောင်းလဲပေးနိုင်သည်။
(၄) အမေရိကန်ပြည်ထောင်စု၏ နိုင်ငံတော်အဆင့် အဝေးပြေးလမ်းမ လုံခြုံရေးအာဏာပိုင်အဖွဲ့ (National Highway Traffic Safety Adminstration) ၏ အဆိုအရ CVT အသုံးပြုသော ကားများမှာ လောင်စာဆီသုံးစွဲမှုကို ၆ ရာခိုင်နှုန်းလောက်အထိ လျှော့ချပေးပါသည်။
CVT ဂီယာ၏ ဆိုကျိုးများ
(၁) သတ်မှတ်ထားသည့် လိမ်အား (torque) ထက်ပိုပြီး ပြောင်းလဲပေးနိုင်ခြင်းမရှိပါ။
(၂) Slip Belt Type ဖြစ်သည့်အတွက် ဂီယာ၏ စွဲဆောင်ရည်မှာ slip belt ၏ သက်တမ်းပေါ် မူတည်ပြီး ပြောင်းလဲမှုရှိနိုင်သည်။
(၃) ပြင်ဆင်စာရိတ်၊ ဆီ၊ slip belt များက ဈေးကြီးသည်။
Knowledge Sharing By Automan