Full article

ရေနံဈေးတွေထိုးကျလာတာ ၁၈ လကျော်ကျော်ဖြစ်နေပြီး ဒီလထဲမှာဆိုရင်တော့ ဆီတစ်တိုင်ကီကို အမေရိကန် ဒေါ်လာ ၃ဝ ထိထိုးကျသွားပါတယ်။ ဒီလိုဖြစ်တာ ၁ဝ နှစ်ကျော်ကျော်အတွင်းမှာ ပထမဆုံးဖြစ်ပါတယ်။ ဒါပေမယ့်လည်း တချို့နေရာတွေမှာ လောင်စာဆီဈေးတွေ မာနေသေးတာတွေ့လို့ ဘာလို့ ရှေ့နောက်ဆိုသလို ဈေးမကျသေးတာလည်း ဆိုပြီး မေးနေကြပါတယ်။

အဓိကအကြောင်းအရင်းက ရေနံခွန်တွေ သိပ်မြင့်မားနေဒါကြောင့် ဈေးပြုတ်ကျဖို့ နှေးနေတာဖြစ်ပြီး အမေရိကန်လိုနေရာမျိုးတွင်တော့ စက်သုံးဆီအခွန်နှုန်းဟာ မရှိသလောက် နည်းပါးတာကြောင့် အချို့နေရာတွေမှာ အခွန်မရှိတာကြောင့် ဈေးနှုန်းတွေဟာ ရုတ်ချည်းဆိုသလို ပြုတ်ကျတာဖြစ်ပါတယ်။

ရေနံခွန်ဟာ မနှစ်ကစပြီး မြင့်တက်ခဲ့တာကြောင့် ရေနံဈေးကွက်မှာ သိသိသာသာ သက်ရောက်မှုရှိလာတာဖြစ်ပါတယ်။

ဥပမာ – စင်္ကာပူမှာဆိုရင် လွန်ခဲတဲ့ တစ်နှစ်က ရေနံတစ်စည်ကို အမေရိကန် ဒေါ်လာ ၁ဝဝ ရှိပြီး 98-octane တစ်လီတာကို အခွန်ကြေးမပါရင် အမေရိကန်ဒေါ်လာ ၁.၈၈ ရှိပြီး အခွန်အတွက် ၄၄ပြား ထည့်ပေါင်းမယ်ဆို အမေရိကန် ဒေါ်လာ ၂.၁၇ ဒေါ်လာရှိလာပါလိမ့်မယ်။

အခုလက်ရှိမှာတော့ တစ်လီတာကို အမေရိကန် ဒေါ်လာ ၂.၁၇ ရှိပြီး အခွန် ၆၆ ပြားကို နှုတ်ချလိုက်ရင်တော့ အမေရိကန် ဒေါ်လာ ၁.၅၁ လောက်ရှိပါလိမ့်မယ်။

အခွန်နှုန်းကို ထည့်မတွက်ပဲ ဈေးရင်းအတိုင်း တွက်ရင် စက်သုံးဆီဈေးနှုန်းဟာ ၁၉.၇ ရာခိုင်နှုန်းလောက်ကျဆင်းသွားပြီး အခွန်ပါထည့်တွက်ရင်တော့ ၆.၅ ရာခိုင်နှုန်းသာ လျော့ကျနိုင်ပါတယ်။

ရေနံစိမ်းဈေးနှုန်းက ၇ဝ ရာခိုင်နှုန်းပြုတ်ကျနေပေမယ့်လည်း စက်သုံးဆီ ဈေးနှုန်းကတော့ ၁၉.၇ ရာခိုင်နှုန်းသာပြုတ်ကျနေရတဲ့အကြောင်းအရင်းကတော့ စက်သုံးဆီချောတွေဟာ ဘယ်တော့မှ ရေနံဆီဈေးကျတာနဲ့ ရှေ့ဆင့် နောက်ဆင့် လိုက်မကျတတ်ပါဘူး။ စက်သုံးဆီတွေရဲ့ဈေးဟာ ဈေးကွက်လိုအပ်ချက်ပေါ်မူတည်ပြီး အဓိကပြောင်းလဲတာဖြစ်ပါတယ်။

မြေယာတွေ အဆောက်အအုံတွေ ဖြန့်ဖြူးရေးပိုင်းတွေမှာ ကုန်ကျစရိတ်ပုံမှန်ရှိနေပေမယ့် ဓာတ်ဆီဈေးကတော့ ဓာတ်ဆီလက်လီဖြန့်ချီသူတွေ ရဲ့ စုစုပေါင်းကုန်ကျစရိတ်ရဲ့ သုံးပုံ တစ်ပုံလောက် တွက်ချက်ပေးရပါတယ်။ ဒါကြောင့်လည်း ရေနံဈေးနဲ့ မတူပဲ ဓာတ်ဆီဈေးက ထိုးမကျပဲဖြစ်နေရတာပါ။

ဒါ့အပြင် လက်လီဖြန့်ချီသူတွေဟာ ဈေးမကျခင်က ဝယ်ထားတဲ့ စာရင်းရှိ စက်သုံးဆီတွေကို ကုန်အောင်ရောင်းပြီးမှ ဈေးပြန်လည် သတ်မှတ်ရမှာဖြစ်ပါတယ်။

ရေနံကုမဏီ တွေဟာ အကျိုးအမြတ်ကိုပဲကြည့်တတ်တဲ့ စီးပွားရေးဖြစ်တာကြောင့် ဆီဈေးကို ရနိုင်သလောက် ထိန်းချုပ်ထားတာဟာလည်း ဆန်းတော့ မဆန်းလှပါဘူး။ ရေနံဈေးတက်လာရင်သာ ဆီဈေးက အနောက်ကနေ ဆက်တိုက်ဆိုသလို ချက်ချင်း တက်လာဖို့ပဲရှိမှာပါ။

ဓာတ်ဆီဈေးကွက်မှ မဟုတ်ပါဘူး။ စားသောက်ကုန်၊ လူသုံးကုန် လေကြောင်းခရီးသွားလုပ်ငန်း ဆေးဝါး နှင့် အချို့ ဈေးကွက်တွေဟာလည်း ဈေးထိုးကျဖို့ ခဲယဉ်းလှပါတယ်။ ဈေးထိုးကျဖို့လွယ်ကူတဲ့ လုပ်ငန်းတွေဆိုလို့ သိပ်ကို အပြိုင်အဆိုင်များတဲ့ ဈေးကွက်တွေမှာ သာဖြစ်နိုင်ပါတယ်။ ဥပမာ လျှပ်စစ်ပစ္စည်း အသုံးအဆောင်တွေဆိုရင်တော့ ဈေးအပြောင်းအလဲက မြန်ဆန်နိုင်ပါတယ်။

ကဲဒါဆို ဝယ်ယူ သုံးစွဲသူတွေအနေနဲ့ ဘာလုပ်သင့်လဲလို့ မေးလာရင်တော့ ဆီဈေးဟာ ဝယ်ယူလိုအားနဲ့လည်း သက်ဆိုင်တဲ့ အတွက် ဝယ်ယူလိုအားကို လျော့ချလိုက်ရင်တော့ ဈေးကျကောင်းကျနိုင်ပါတယ်။ ဥပမာ ကိုယ်သုံးနေကျနှုန်းထက် ၁ဝရာခိုင်နှုန်းလောက် လျော့သုံးတာမျိုးပေါ့။ ဆီစားသက်သာပြီး ကားသုံးတဲ့နေရာမှာလည်း အမြော်အမြင်ရှိရှိအသုံးပြုနိုင်ရင် ၁ဝရာခိုင်နှုန်းလောက် သုံးစွဲလိုအားက လျော့ကျသွားမှာပါပဲ။

စီးပွားရေးအရ တွက်ချက်ကြည့်ရင်လည်း ဒီနည်းအတိုင်း လုပ်ကြည့်မယ်ဆိုရင် ဓာတ်ဆီဈေးက ကျသွားသင့်ပါပြီ။ ဈေးမကျရင်တောင် ကိုယ်သုံးနေကျ ဓာတ်ဆီဖိုးကိုတော့ ၁ဝ ရာခိုင်နှုန်းချွေတာပြီးသားဖြစ်သွားသလို ကာဗွန်ထုတ်လွှတ်မှုလည်း အရင်ထက် လျော့ကျသွားမှာပဲလေ။

တခြားနည်းတွေကတော့ ကား နဲ့ ကားအင်ဂျင်ကို ကောင်းမွန်စွာ ပြုပြင် ထိန်းသိန်းသင့်ပြီး ကားတာယာတွေကိုလည်း အမြဲစစ်ဆေးပေးခြင်း 92 octane ဆီအမျိုးအစားကို တတ်နိုင်သလောက် အသုံးပြုခြင်းတို့ ပြုလုပ်ပေးနိုင်ပါတယ်။

Author