Coronavirus ဟာ သင့်ကားထဲမှာလည်းရှိနေနိုင်ပါတယ်၊ ပုံမှန် သန့်ရှင်းရေးလုပ်ပေးသင့်တဲ့နေရာတွေကတော့...

0

Full article

လက်ကို စနစ်တကျနဲ့ မကြာခဏဆေးကြောခြင်းဟာ coronavirus ကူးစက်မှုကနေ အကောင်းဆုံးခုခံကာကွယ်မှုတစ်ခုပါ။ ဒါပေမဲ့ COVID-19 ဟာ အမျိုးမျိုးသောမျက်နှာပြင်တွေမှာ ဘယ်လောက်ကြာကြာအသက်ရှင်သန်နိုင်သလဲဆိုတဲ့ တိကျသေချာတဲ့ ညွှန်းဆိုမှုတွေကိုတော့ ဆေးပညာကျွမ်းကျင်သူတွေက ထုတ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။

တချို့ပြောကြတာတော့ရှိပါတယ်။ ဒီ virus ဟာ ပလက်စတစ်နဲ့ သတ္တုတွေမှာ ရက်ကြာကြာရှင်သန်နေနိုင်ကြတယ်တဲ့။ ဒါဆိုရင် သင်ဟာ အပြင်ကပြန်လာသူတစ်ယောက်ဆိုပါတော့။ အိမ်ထဲကို မဝင်ခင်ကတည်းက ဝတ်ထားတဲ့ အဝတ်အစားတွေကို စနစ်တကျ လဲလှယ်မယ်။ လက် အဓိကအပါအဝင် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို နည်လမ်းတကျ ဆေးကြောသန့်စင်စေမယ်ဆိုရင်တော့ သင့်အိမ်အတွင်းက ပစ္စည်းပစ္စယတွေအပေါ်မှာ သံသယစိတ်ကြီးစရာမလိုအပ်တော့ပါဘူး။ ဒါပေမဲ့ သင့်ကားအတွင်းခန်းကရော ဘယ်လိုနေမလဲ။ ရောဂါပိုးတွေကပ်ညှိလို့နေနိုင်မှုနှုန်းများနေတာအမှန်ပါပဲ။

နေရောင်နဲ့ ခရမ်းလွန်ရောင်ခြည်ဟာ coronavirus ကိုသေစေနိုင်တာအမှန်ပါပဲ။ ဒါပေမဲ့ကားအများစုမှာက နေရောင်ဒဏ်ကိုကာကွယ်ဖို့အတွက် tinted glass တွေကိုအသုံးပြုကြတယ်။ ဒါကြောင့်မို့လို့ သင့်ကားအတွင်းခန်းနဲ့ လိုအပ်တဲ့နေရာတွေကို အရက်ပြန် ၇၀% ပါဝင်တဲ့ဆေးရည်နဲ့ သန့်ရှင်းပေးသင့်လှပါတယ်။

Isopropyl alcohol ဟာ ပုံမှန်အရဆိုရင် သင့်ကားအတွင်းက ပလက်စတစ်တွေကနေ ဆေးမှုတ်ထားတဲ့ chrome တွေ၊ fabric ထိုင်ခုံအစွပ်တွေနဲ့ သားရေတွေအားလုံးနီးပါးကို virus သေစေဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ကားကိုယ်ထည်အပြင်ပိုင်းဆိုရင်တော့ ရေနဲ့ ဆပ်ပြာကိုအသုံးပြုနိုင်ပြီး ဒါကလည်း COVID-19 ကိုသေစေနိုင်တာပါပဲ။ တစ်ခုသတိထားရမှာ ခပ်ပြင်းပြင်းပွတ်တိုက်မှုမလုပ်ဖို့တော့ လိုပါလိမ့်မယ်။ ဆေးသားကွာတာမျိုးဖြစ်နိုင်လို့ပါ။ Virus ဟာ ခပ်ပြင်းပြင်းပွတ်တိုက်မှုကြောင့်မဟုတ်ဘဲ အရက်ပြန်ပါဝင်တဲ့ဆေးရည်ကြောင့်သက်သက်နဲ့ သေစေနိုင်တာကို သတိပြုပြီး နေရာအနှံ့ကို ထိထိရောက်ရောက် ပွတ်တိုက်ဆေးကြောရမှာပါ။

Hydrogen peroxide ကိုအသုံးမပြုပါနှင့်။ သူကတော့ virus ကိုသေစေနိုင်တာမှန်ပေမဲ့ အသုံးပြုခံရတဲ့ မျက်နှာပြင်ကိုလည်း ထိခိုက်မှုဖြစ်စေနိုင်လို့ပါ။

ဒါဆိုရင် ဘယ်နေရာတွေကို အဓိကထား သန့်ရှင်းကြမလဲ။ လေ့လာမှုတွေအရဆိုရင်တော့ steering (လက်ကိုင်ခွေ) က ပထမဆုံးပစ်မှတ်ထား သန့်ရှင်းရေးလုပ်ရမယ့်နေရာပါပဲ။ Steering ဟာ သင့်ကားအတွင်း လက်နဲ့ထိတွေ့မှုအများဆုံးနေရာပါပဲ။ နောက်ထပ်နေရာတွေကတော့ အများကြီးပါပဲ။ တံခါးလက်ကိုင် အတွင်း/အပြင်၊ ဂီယာလက်ကိုင်၊ handbrake ၊ climate control (အဲယားကွန်း) ခလုတ်တွေ၊ မှန် အတင်/အချ ခလုတ်တွေ၊ Infotainment ခလုတ်တွေနဲ့ မျက်နှာပြင်၊ မီး အဖွင့်/အပိတ် နဲ့ wiper အဖွင့်/အပိတ် ခလုတ်တွေ၊ ယာဉ်မောင်းသူနဲ့ ခရီးသည် လက်တင်တွေ၊ လက်ကိုင်တွေ၊ ထိုင်ခုံချိန်ညှိခလုတ်တွေအပါအဝင် လက်နဲ့ကိုယ်နဲ့ထိတွေ့နိုင်တဲ့နေရာတွေအားလုံးပါပဲ။ အဲဒီအထဲကမှ ဂီယာတံနဲ့ ထိုင်ခုံခါးပတ်ကတော့ မဖြစ်မနေကိုင်ကို ကိုင်တွယ်ရမယ့်နေရာတွေဖြစ်တဲ့အတွက် သေချာပေါက် သန့်ရှင်းရေး သတိပြုပြီး လုပ်ကိုလုပ်ရမှာပါ။ Steering ပြီးရင် ဒုတိယအရေးအကြီးဆုံး နှစ်နေရာဖြစ်ပါတယ်။

အကောင်းဆုံးအချက်ကတော့ ကားနဲ့ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ အိမ်အပြင်ကိုထွက်ဖို့ နည်းနိုင်သမျှနည်းအောင်ကြိုးစားပြီးနေထိုင်ဖို့ပါပဲ။ လက်ရှိကပ်ရောဂါဘေးဆိုးမှ အမြန်ဆုံးဆုံးလွတ်မြောက်ကြပါစေ။

Ref: Coronavirus can live in your car too - here are the hot spots that must be cleaned regularly

Author