မြန်မာပြည်၏ နံပါတ် ၁ ကားအရောင်းအဝယ် ဝက်ဆိုဒ်ဖြစ်သော CarsDB ကို အသုံးပြုပြီး အရောင်းတင်ထားသော ကားများကိုကြည့်ရှုလေ့လာသူများအတွက် MPT အင်တာနက်လိုင်းဖြင့် ဝင်ရောက်ကြည့်ရှုပါက Data ဖိုးမကုန်ဘဲ အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်မည်ကြောင်း သတင်း ကောင်းပါး လိုက်ပါသည်။
Data ဖိုးမကုန်ဘဲ CarsDB website ကိုကြည့်ရှုရန် ပြုလုပ်ပုံအဆင့်ဆင့်မှာ –
- ပထမဆုံး Browser ထဲတွင် 0.freebasics.com ကိုရိုက်ထည့်လိုက်ပါ။
- ထို့နောက်ပေါ်လာသည့် စာမျက်နှာ၏ အောက်ဆုံးတွင် ရှိသော Add more free services ကို နှိပ်လိုက်ပါ။
- နောက်ထပ် Search box တစ်ခုပေါ်လာလျှင် CarsDB ဟုရိုက်ထည့်လိုက်ပါ။
- CarsDB ပေါ်လာလျှင် အပေါင်းလက္ခဏာ (+) လေးကို နှိပ်လိုက်ပါ။
- CarsDB.com ကို သင်၏ free Service တွေထဲထည့်မလားဟုမေးသည့် စာမျက်နှာ တစ်ခု ပေါ်လာသောအခါ အောက်တွင်ပါလာသော ADD ကို နှိပ်လိုက်ပါ။
- ထိုအခါတွငိ CarsDB တွင် အရောင်းတင်ထားသော Premium Dealer များ၏ ကားများ၊ Premium ကားများ နှင့် လက်တလော အရောင်းတင်ထားသော ကားများကိုဝင်ရောက်ကြည့်ရှုနိုင်သည့်အပြင် မိမိကြိုက်သည့်ကားတစ်စီးချင်းစီ၏ဆက်သွယ်ရမည့် ဖုန်းနံပါတ်များနှင့် အခြားအသေးစိတ်အချက်အလက်များကိုပါ Data ဖိုးမကုန်ဘဲ အခမဲ့ ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။