ယခုအခါတွင် လမ်းမပေါ်၌မောင်းနှင်နေသော ကားအရေအတွက်များပြားလာသကဲ့သို့ ကမ္ဘာအနှံ့တွင် ကားမတော်တဆမှုများကြောင့် ပျက်စီးဆုံးရှုံးမှုများလဲ များပြားလာသည့်အတွက် မိမိကားကို အာမခံထားခြင်းဖြင့် ပျက်စီးဆုံးရှုံးမှုများမှ ကြိုတင်ကာကွယ်ထားနိုင်မည်ဖြစ်သည်.။ ထို့အပြင် သဘာဝဘေးအန္တရာယ်၊ ရန်သူမျိုးငါးပါး အန္တရာယ်၊ စစ်ပွဲအန္တရာယ်၊ ခိုးမှုအန္တရာယ် စသည်တို့မှလဲ ကာကွယ်ထားနိုင်မည်ဖြစ်သည်.။
CarsDB ၏ အဆိုပါကဏ္ဍသစ်ကို www.carsdb.com/my/pages/ami/premium-calculator မှတဆင့် (သို့မဟုတ်) www.carsdb.com ၏ Menu bar မှ " Tools" ၏ အောက်ရှိ " ကားအာမခံ ပရီမီယံ တွက်ရန်" ဟူသော Menu ကို ရွေးချယ်၍ အသုံးပြုနိုင်မည်ဖြစ်သည်.။ အဆိုပါကဏ္ဍတွင် မိမိအာမခံထားရှိလိုသော ကား၏ အင်ဂျင်ပါဝါ နှင့် တန်ဖိုးတို့ကို ထည့်သွင်းလိုက်ပါက တစ်နှစ်စာကျသင့်မည့် အာမခံကြေးများကို အလွယ်တကူ တွက်ချက်ဖော်ပြပေးသွားမည် ဖြစ်ပါသည်.။
ထည့်သွင်းတွက်ချက်နိုင်သော အာမခံအချက်အလက်များမှာ Basic Premium ၊ သူတပါးထိခိုက်မှု အကာအကွယ်၊ လေကာမှန်အကာအကွယ်၊ နှူတ်ဖြတ်ငွေအကာအကွယ် လုပ်ငန်း၊ သပိတ်မှောက်၊ အဓိကရုဏ်း၊ မသမာသူကြောင့်ပျက်စီးမှု၊ သဘာဝဘေးအန္တရာယ်၊ စစ်နှင့်စစ်အသွင်အန္တရာယ်၊ ခိုးမှုအန္တရာယ် အစရှိသည်တို့ကို တွက်ချက်နိုင်မည်ဖြစ်သည်.။ ၎င်းအပြင် ပိုမို၍ အသေးစိတ်သိရှိလိုပါက မိမိအမည်နှင့် ဖုန်းနံပါတ်တို့ကို ထည့်သွင်းပေးရုံဖြင့် Ayeyar Myanmar Insurance (AMI) မှပြန်လည်၍ ဆက်သွယ်ပေးမည်ဖြစ်ပါသည်.။
Ayeyar Myanmar Insurance (AMI) သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းလိုပါက
No.23, Kan Yeik Thar Road, Lake View Tower
PH: 95-1-291797,8619409,8619410, Fax 95-1-8619406, Hotline 95-9-49305224
www.ami-insurance.com
သို့ ဆက်သွယ်နိုင်ကြောင်း အသိပေးအပ်ပါသည်.။
www.carsdb.com
No. 1 Car Site in Myanmar