သင့်ကားတာယာများ ပျက်စီးယိုးယွင်းမှုနှုန်းလျော့ကျအောင် ဘယ်လိုထိန်းသိမ်းမလဲ။

0

Full article

Zawgyi

ကားတာယာများသည် အသုံးပြုဖန်များလာသည့်အခါ ပျက်စီးယို့ယွင်းမှုများရှိလာ တတ်ပါသည်။ သာမန်အားဖြင့် ကီလိုမီတာ ၄ သောင်း မောင်းပြီးတိုင်း ကားတာယာများကို လဲလှယ်ပေးသင့် ပါသည်။ သို့သော် ကားဘီး alignment ချိန်ခြင်းနှင့် ထိန်းညှိခြင်းတို့ကို ဆောင်ရွက်ခြင်းဖြင့် ပျက်စီး ယို့ယွင်းမှုနှုန်းကို လျော့ကျစေပါသည်။

ကားတာယာများ ပျက်စီးယို့ယွင်းရခြင်း၏ အဓိက အကြောင်းရင်းများစွာထဲက တစ်ခုမှာ ကားဘီး alignment လွဲနေခြင်းနှင့် ဘက်မညီခြင်းတို့ကြောင့်ဖြစ်သည်။ သင့်ကားဘီး alignment ချိန်ခြင်းနှင့် ထိန်းညှိခြင်းတို့ကို ပြုလုပ်ဖို့ လို၊ မလို သိရှိစေနိုင်သော အချက်များကို အောက်တွင် ဖော်ပြပေးသွား မှာ ဖြစ်ပါသည်။

၁။ ကားသည် ဘယ် (သို့မဟုတ်) ညာဘက်သို့ ဆွဲသွားခြင်း
ကားကို ကီလိုမီတာ ၄ဝ လောက်ဖြင့်သာ မောင်းပြီး စတီယာရင်ဘီးကို အလည်တည့်တည့်တွင်သာ ထားရှိပါ။ ထိုနောက် စတီယာရင်ကို လွှတ်ထားလိုက်ပါ။ ထိုအခါ ကားသည် ဘယ် (သို့မဟုတ်) ညာသို့ ဆွဲသွားလျှင်၊ ချောမွေ့နေသော လမ်းတွင်ပင် အဖြောင့်အတိုင်း မသွားလျှင် အဆိုပါကား သည် ကားဘီး alignment ချိန်ဖို့ လိုကိုလိုအပ်နေပြီဖြစ်သည်။

၂။ စတီယာရင်ဘီမှာ အဖြောင့်အတိုင်းရှိမနေခြင်း
ကားကို ကီလိုမီတာ ၄ဝ လောက်ဖြင့် တည့်တည့်မောင်းပါ။ ထို့နောက် စတီယာရင်ဘီးကို လွှတ် ထားလိုက်ပါ။ ကားသည် ဖြောင့်ဖြောင်းတန်းတန်းသွားသော်လည်း စတီယာရင်မှာမူ အလည် တည့်တည့်တွင် ရှိမနေလျှင် ကားဘီး alignment ချိန်ဖို့ လိုကိုလိုအပ်နေပြီဖြစ်သည်။

၃။ တာယာများ ပျက်စီးယို့ယွင်းမှု ညီညာမှုမရှိခြင်း
သင့်ကားတာယာများကို ကြည့်ပါ။ ကားတာယာများမှာ မျက်နှာပြင်တလျှောက် မညီမညာစွာ ပျက်စီးယို့ယွင်း နေပြီဆိုလျှင် (တာယာဘေးအစွန်နေရာများသည် ကြီးကြီးမားမားပျက်စီးယို့ယွင်းပြီး အတွင်းပိုင်းသည် အကောင်းပကတိအတိုင်းသာရှိခြင်းမျိုး) ကားဘီး alignment ချိန်ခြင်းနှင့် ထိန်းညှိခြင်းတို့ကို ဆောင်ရွက်ပေးရမည်။

၄။ စတီယာရင်ဘီးမှာ အဖြောင့်အတိုင်း ပြန်မဖြစ်ခြင်း
သင်ကားကို ကွေ့လိုက်ပြီးနောက် စတီယာရင်ဘီးမှာ အဖြောင့်အတိုင်း ပြန်မဖြစ်ဘူးဆိုလျှင် သင့်ကားဘီးတွင် alignment မညီသည့် ပြဿနာရှိနေပြီဖြစ်သည်။

၅။ မြင့်မာသော အရှိန်နှုန်းဖြင့် မောင်းနှင်သည့်အခါ ကားမှာ တုန်ခါမှုဖြစ်ပေါ်ခြင်း
အရှိန်နှုန်းမြင့်မြင့်ဖြင့် မောင်းနှင်သည့်အခါ ကားသည် တုန်ခါမှုဖြစ်ပေါ်နေလျှင် ယင်းမှာ သင့်ကား၏ တာယာများကို ထိန်းညှိဖို့ လိုအပ်နေပြီဟု ဆိုလိုနေခြင်းဖြစ်သည်။

သင့်ကားဘီး alignment နှင့် ထိန်းညှိခြင်းတို့ကို ခြောက်လ တစ်ကြိမ် ဆောင်ရွက်သင့်ပါကြောင်း နှင့် Automan Quick Service Center မှ ယင်းတို့ကို အကောင်းဆုံး ဆောင်ရွက်ပေးလျက်ရှိ နေပါကြောင်း ကားချစ်သူမိဘပြည်သူအပေါင်းကို အသိပေးအကြောင်းကြားအပ်ပါသည်။

Author