ရန်ကုန်မြို့တွင် ချန်ပီယံအသစ်ဖြစ်လာမည့် Optima Werkz Yangon

0

Full article

ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သည်ဟူသော ဆိုရိုးစကားရှိပါသည်။ လူတစ်ဦး ရောဂါဖြစ်မှ ဆေးရုံ၊ဆေးခန်း ပြသခြင်းထက် မဖြစ်ခင်က ကြိုတင်ကာကွယ်လ ျှင် အ သက်ပိုရှည်သလို အချိန်ကုန်၊ ငွေကုန် ဖြစ်ရသော ဘေးထွက်ဆိုးကျိုးများကိုလည်း ကြုံတွေ့ရမှု နည်းပါးစေပါသည်။ ကားများသည်လည်း ထိုနည်းအတူပင်ဖြစ်သည်။ ရန်ကုန်မြို့ရှိ ကားပိုင်ရှင် အများစုသည် မိမိကား ချို့ယွင်းပျက်စီးမှုများ ရှိလာတော့မှ car servicing လုပ်ငန်းများတွင် ပြသ၍ ပြုပြင်စေပါသည်။ ယင်းမှာ မှန်သည်ဟု ထင်ရသော်လည်း တစ်ကယ်တမ်း လက်တွေ့ကြုံကြိုက် လာသည့်အခါ အခက်အခဲများ၊ စိတ်ပင်ပန်းရမှုများဖြစ်တတ်ပါသည်။ ကားချစ်သူများသည် အထက်ပါ ကြိုတင်ကာကွယ်ခြင်းသဘောတရားအတိုင်း နှလုံးသွင်းကာ မိမိကားများကို ထိန်းသိမ်း စောင့်ရှောက်မှုပြုလုပ်သင့်ပါသည်။ ထို့ကြောင့် ကားချစ်သူ လူကြီးမင်းတို့ ကြုံတွေ့ရတတ်သည့် ကားနှင့် ပတ်သက်သော အခက်အခဲများကို one stop service ပေးကာ ဖြေရှင်းပေးနိုင်သည့် ယုံကြည်စိတ်ချရသော car servicing လုပ်ငန်း တစ်ခုနှင့် မိတ်ဆက်ပေးချင်ပါသည်။

စင်္ကာပူနိုင်ငံ အခြေစိုက် Optima Werkz သည် ၎င်း၏ ရန်ကုန်ရုံးခွဲကို ၂ဝ၁၇ စက်တင်ဘာ ၁ တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ စင်္ကာပူနိုင်ငံတွင် အကောင်းဆုံး car servicing လုပ်ငန်းအဖြစ် အများ၏ အသိအမှတ်ပြုခြင်းကို ခံရသော Optima Werkz သည် high end cars များကို ပြုပြင်ထိန်းသိမ်း ရာ၌ နာမည်ကြီးသည်။ ရန်ကုန်မြို့တွင် ကားချစ်သူများ များပြားလာမှုနှင့်အတူ ကားပြုပြင်ထိန်း သိမ်းရမှုများ မြင့်မားလာသည်ဖြစ်ရာ ထိုသို့သော ဈေးကွက်လိုအပ်ချက်ကို ဖြည့်စည်းရန် Optima Werkz Yagon ကို ဗဟန်းမြို့နယ်၊ သံလွင်လမ်း၊ အမှတ် (၉၉) တွင် ဖွင့်လှစ်ခဲ့ပါသည်။

Optima Werkz Yangon ၏ လုပ်ငန်းခွင် အခြေအနေကို အပြင်ပိုင်းကြည့်ရှုရုံနှင့်ပင် ၎င်း၏ professional ကျသော ပတ်ဝန်းကျင်ကိုမြင်တွေ့နိုင်ပါသည်။ ကားပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ ခေတ်မီယန္တရားများရှိသလို mechanic များ၏ လုံခြုံမှုအပိုင်းကိုလည်း အလေးထားကြောင်း တွေ့မြင်ရပါသည်။ လုပ်ငန်းခွင်အတွင်း high end cars အများစုကို ပြင်ဆင်မှုများ ပြုလုပ် နေသည်ဖြစ်ရာ ရန်ကုန်မြို့ရှိ high end cars ပိုင်ရှင်များ ယုံကြည်စိတ်ချစွာ ဝန်ဆောင်မှု ရယူနိုင်သော နေရာလည်း ဖြစ်ပါသည်။ Optima Werkz Yangon သည် high end cars များကို အထူးဝန်ဆောင်မှု ပေးသည်ဆိုသော်လည်း အခြားသော ကားများအတွက်လည်း အကောင်းဆုံး one stop service ဝန်ဆောင်မှုပေးအပ်လျက်ရှိပါသည်။

ထို့အပြင် customer များတောင်းဆိုနေသည့် Dyno Test နှင့် Tuning Service program ကိုလည်း နှစ်လတစ်ကြိမ် ဝန်ဆောင်မှုများ ပေးနေပါသည်။ Customers များက မိမိတို့၏ ကားများမှာ Optima Werkz Yangon က ပေးအပ်သော Dyno Test နှင့် Tunning ဝန်ဆောင်မှုကို ပြုလုပ်၍ ရ၊ မရ ဦးစွာ စစ်ဆေးပြီးနောက် ပြုလုပ်၍ရလျှင် ဝန်ဆောင်မှုကို ရယူရန် စာရင်းပေးသွားနိုင်ပါသည်။
စာရင်းပေးသွင်းခြင်းကို အောက်တိုဘာ ၁ ရက်နေ့တွင် စတင်၍ ဆောင်ရွက်ရမည်ဖြစ်ပြီး အထက် ဖော်ပြပါ ဝန်ဆောင်မှုနှစ်ခုထဲက မိမိပြုလုပ်လိုသော ဝန်ဆောင်မှု၏ ကျသင့်ငွေ ၅ဝ ရာခိုင်နှုန်းကို စရံငွေ အနေဖြင့် ကြိုတင် ပေးသွင်းရမည်ဖြစ်ကာ Optima Werkz Yangon က အောက်တိုဘာလ နောက်ဆုံးအပတ်တွင် ဝန်ဆောင်မှု စတင်ပေးသွားမှာဖြစ်ပါသည်။ Dyno Test Service ပြုလုပ်မှု အတွက် USD 500 နှင့် Tunning Service အတွက် USD 1500 ကျသင့်မှာ ဖြစ်ပါသည်။ Optima Werkz Yangon တွင် Dyno Test နှင့် Tuning ဝန်ဆောင်မှုကို ပြုလုပ်နိုင်မည့် ကားအမျိုးအစား များမှာ Nissan GTR 35၊ Nissan 350Z & 370Z၊ BMW M series and model with turbo-charge engine၊ Mercedes A45 AMG၊ Mitsubishi Evolution၊ Subaru WRX၊ Honda Civic Type R၊ Honda Integra Type R၊ Supra၊ Sky Line R33, R34, R32၊ Mazda Rx8 , Rx7၊ Ferrari F 430၊ Ferrari 458 တို့ဖြစ်သည်။

Optima Werkz တွင် ကား ဘော်ဒီ၊ အင်ဂျင်၊ တာယာ၊ ဘက်ထရီ အစရှိသည့် ပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်းများသာမက hybrid ကားဝန်ဆောင်မှု၊ ကားအာမခံ အစရှိသည်တို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ ရန်ကုန်မြို့တွင် ထိုသို့ one stop service ပေးအပ်သည့် နေရာရှား ပါလှ သည်ဖြစ်ရာ မိမိကား ပြုပြင်ထိန်းသိမ်းရေးအတွက် အကောင်းဆုံး ဝန်ဆောင်မှုရယူလိုသည့် ကားချစ်သူများ ယုံကြည်စိတ်ချစွာ အပ်နှံနိုင်သည့် နေရာဖြစ်ကြောင်း CarsDB က အသိပေး အကြောင်းကြားအပ်ပါသည်။

Author