သိထားသင့်သော ယာဉ်ရပ်နားခြင်းဆိုင်ရာ စည်းမျဉ်းများ

0

Full article

Photo Credit

စက်တင်ဘာ ၂ဝ တွင် ပြုလုပ်သော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပုံမှန်အစည်း အဝေး၌ ပန်းပဲတန်းမြို့တော် မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ်ဦးသန်းနိုင်ဦးက ရန်ကုန်မြို့ တွင်း ခြောက်မြို့နယ်အတွင်း ယာဉ်ရပ်နားခြင်းနှင့် ပတ်သက်၍ ကြယ်ပွင့်ပြမေးခွန်းမေးမြန်းခဲ့ပါသည်။ သူ့မေးခွန်းမှာ ကားများကြုံသလို ရပ်နားနေခြင်း၊ နေရာဦးမှုများကြောင့် ကိုယ်ထိလက်ရောက် ကျူးလွန် မှုများလည်း ရှိနေသဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မြို့တွင်း ၆ မြို့နယ်အတွင်း ယာဉ်များစနစ်တကျ ရပ်နားနိုင်ရန် သက်ဆိုင်ရာဌာနများ ညှိနှိုင်းကာ မျဉ်းဝါတား ကားပါကင်နေရာများ ဆောင်ရွက်ပေးရန် ရှိ၊ မရှိကို မေးခဲ့ခြင်းဖြစ်သည်။

ယင်းမေးခွန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ မြို့တော်ဝန် ဦးမောင်မောင်စိုးက "Downtown ၆ မြို့နယ်နဲ့ အခြားလူနေထူထပ်တဲ့ မြို့နယ် ၃၃ ခုမှာ ဒီပြဿနာတွေ ရှိနေတယ်။ မျဉ်းဝါတားပါကင်နေရာတွေ လုပ်ဖို့ လိုအပ်နေတယ်။ အမှန်တစ်ကယ် လုပ်ဆောင်ရမယ့် အခြေအနေလည်းရှိပါတယ်။ လက်ရှိမှာ ကားပါကင်နဲ့ ပက်သတ်တဲ့ ဝန်ဆောင်ခ မယူတဲ့အတွက်ကြောင့် နီးစပ်ရာမှာ ဥပဒေမဲ့၊ စည်းကမ်းမဲ့၊ ခွင့်ပြုချက်မရှိဘဲနဲ့ လိုအပ်သလို ကားပါကင် တွေထားပြီးတော့ ရပ်နေကြတာတွေ့ရပါတယ်။ ဒါတွေကို လည်း ကျွန်တော်တို့ စနစ်တကျ ကားပါကင်ထားပြီး ကားရပ်နားခွင့် ကောက်ခံဖို့အစီအစဉ်ရှိပါတယ်" ဟု ပြောကြားသွားခဲ့ပါသည်။

ထို့သို့ အစိုးရမှ မူဝါဒပိုင်းဆိုင်ရာ အပြောင်းအလဲများ ပြုလုပ်တော့မည်ဖြစ်ရာ ယာဉ်မောင်းသူများအနေ ဖြင့် ယာဉ်ရပ်နားခြင်းစည်းကမ်းများကို ဗဟုသုတအနေဖြင့် သိရှိနိုင်ရန် အလို့ဌာ CarsDB မှ ယာဉ်ရပ် နားခြင်းဆိုင်ရာ အခြေခံစည်းမျဉ်းများကို မျှဝေပေးလိုက်ပါသည်။

အခြေခံ ယာဉ်ရပ်နားခြင်း စည်းမျဉ်းများ

အောက်ဖော်ပြပါ အခြေအနေများတွင် သင် ကားကို မရပ်နားသင့်ပါ။ (ကားထဲတွင်နေ၍  ခေတ္တရပ်နား သည်ဖြစ်စေ၊ ကားကို ပါကင်ထိုးပြီးထားသွားသည်ဖြစ်စေ)

• နှစ်ထပ်ဆင့်ယာဉ်ရပ်နားခြင်း (ယာဉ်ရပ်နားထားသည့် ကားနှင့် ယှဉ်ကာ လမ်းထဲ (သို့မဟုတ်) လမ်းမကြီးပေါ်တွင် ထပ်ဆင့်ရပ်နားခြင်း။
• ယာဉ်သွားလမ်း (သို့မဟုတ်) လူသွားလမ်းကို ဖြတ်ပြီး ရပ်နားခြင်း။
• ဆန့်ကျင်ဘက် ယာဉ်သွားလမ်းနှစ်ခုကြားရှိ အလယ်ကျွန်းပေါ် ရပ်နားခြင်း။
• ဖြူ၊နီ မျဉ်းကြားရေးဆွဲထားသော ပလက်ဖောင်းနေရာတွင် ရပ်နားခြင်း။
• လူသွားလမ်း ပလက်ဖောင်းပေါ် ပိတ်၍ ရပ်နားခြင်း။
• ဘတ်(စ်)ကားဂိတ်နှင့် လူကူးမျဉ်းကြားကဲ့သို့သော လုံခြုံရေးဇုန်တွင်လည်းကောင်း (သို့မဟုတ်) လုံခြုံရေးဇုန် မရောက်ခင် ၁ဝ မီတာအတွင်း နှင့် လုံခြုံရေးဇုန်အကျော် ၁ဝ မီတာအတွင်းတွင် လည်းကောင်း ရပ်နားခြင်း။
• လမ်းဆုံလမ်းခွအတွင်း ရပ်နားခြင်း။
• Free ယာဉ်ကြောတွင် ရပ်နားခြင်း။
• သင့်အား ယာဉ်ရပ်နားခွင့်ပေးကြောင်း အမှတ်အသားမရှိဘဲ မီးပွိုင့်ရှိသော လမ်းဆုံလမ်းခွ မရောက် ခင် မီတာ ၂ဝ အတွင်း ရပ်နားခြင်း။
• ရပ်နားထားသော ယာဉ်အရှေ့(သို့မဟုတ်) ဘေး ၁မီတာ အတွင်းရပ်နားခြင်း။ (တစောင်းပုံစံဖြင့် ယာဉ်ရပ်နားသည့်အခါတွင်တော့ ၁ မီတာအတွင်းရပ်နားရမည်။)

• သင့်အား ယာဉ်ရပ်နားခွင့်ပေးကြောင်း အမှတ်အသားမရှိဘဲ မီးပွိုင့်ရှိသော လမ်းဆုံလမ်းခွ မရောက် ခင် ၁ဝ မီတာအတွင်း ရပ်နားခြင်း (အောက်ဖော်ပြပုံတွင်ကြည့်ပါ။)

• ဘတ်(စ်)ကားဂိတ် မရောက်မီ ၂ဝ မီတာနှင့် ကားဂိတ်အကျော် ၁ဝ မီတာအတွင်း ရပ်နားခြင်း။

(အောက်ဖော်ပြပုံတွင်ကြည့်ပါ။)

  • လူကူးမျဉ်းကြားမရောက်ခင် ၂ဝ မီတာနှင့် မျဉ်းကြား အကျော် ၁ဝ မီတာအတွင်း ရပ်နားခြင်း။ (အောက်ဖော်ပြပုံ တွင်ကြည့်ပါ။)

• ရထားလမ်းမရောက်ခင် ၂ဝ မီတာနှင့် ရထားလမ်းအကျော် ၁ဝ မီတာအတွင်း ရပ်နားခြင်း။ (အောက်ဖော်ပြပါပုံတွင်ကြည့်ပါ။)

ယှဉ်ရပ်၍ ယာဉ်ရပ်နားခြင်း (parallel parking)

  • လားရာတစ်ခုတည်းကို ရှေ့နောက်စီ၍ လည်းကောင်း၊ ဘေးချင်းယဉ်၍လည်းကောင်း ရပ်နား ရမည်။
  • ထိုသို့ ယှဉ်ရပ်ရာတွင် ပါးကင်ထိုးထားသည့် မည်သည့်ကားနှင့် မဆို အနည်းဆုံး ၁ မီတာအကွာ ရှိနေရမည်။

တစောင်းပုံစံဖြင့် ယဉ်ရပ်နားခြင်း (angle parking)

  • အမှတ်အသား (သို့မဟုတ်) ၄၅ ဒီဂရီစောင်း၍ အမှတ်အသားပြုလုပ်ထားသည်ကို တွေ့လျှင် ယင်းမှာ တစောင်းပုံစံဖြင့် ယဉ်ရပ်နားရမည်ကို ဆိုလိုခြင်းဖြစ်သည်။
  • ၄၅ ဒီဂရီစောင်း၍ အမှတ်အသားပြုလုပ်သောထားသော ယာဉ်ရပ်နားရာ နေရာကိုတွေ့လျှင် အဆိုပါ အမှတ်အသားအတိုင်း ရပ်နားရမည်။

(ဆက်လက်ဖော်ပြပါမည်။)

Ref: Road User Handbook

Author