Full article

သင့်ကားက ထွက်တဲ့အနံ့ပေါ်မူတည်ပြီး သင့်ကားရဲ့ ဘယ်နေရာမှာ ဘာဖြစ်နေမလဲဆိုတာ ခွဲခြားတဲ့ နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်.။

(၁) ရာဘာညှော်နံ့

အင်ဂျင်ခါးပတ် အံချော်နေခြင်း (သို့) လည်ပတ်နေတဲ့ accessory တွေ၊ ပူလီတွေ နေရာလွဲနေခြင်းကြောင့် ဖြစ်နိုင်ပါတယ်.။

သတိပြုရန် – အင်ဂျင်ပူနေချိန်မှာ မစစ်ဆေးဘဲ အင်ဂျင်အေးသွားမှ စစ်ဆေးပါ.။

(၂) ဆီညှော်နံ့

စက်ဆီချောဆီတွေ အိတ်ဇောစနစ်ပေါ် ဖိတ်ကျနေခြင်းကြောင့် ဖြစ်နိုင်ပါတယ်.။ ကားအင်ဂျင်တစ်ဝိုက်မှာ ဆီဖိတ်ကျခြင်း၊ မီးခိုးထွက်ခြင်းဖြစ်နေရင် သေချာပါပြီ.။

သတိပြုရန် – အင်ဂျင်ကို စက်သပ်ပြီးမှ စစ်ဆေးပါရန်.။

Myanmar Cars DB မှ Sports ကားများကို ကြည့်ရန်

(၃) ဓာတ်ဆီနံ့

ဓာတ်ဆီယိုနေတာ သေချာပါတယ်.။ ဆီပန့်နဲ့ ဆီကန်ကို စစ်ဆေးသင့်ပါတယ်.။

သတိပြုရန် – ဆီနံ့ရတယ်ဆိုတာ မီးလောင်နိုင်ပါတယ်.။ အမြန်စစ်ဆေးသင့်ပါတယ်.။

(၄) Syrup ( သကာနံ့)

သကာနံ့လိုလို အနံ့မျိုး ရတယ်ဆိုရင် အင်ဂျင် Coolant သို့ ကားရဲ့ Cooling System မှာ ယိုစိမ့်မှုဖြစ်နေတာ ဖြစ်ပါတယ်.။

MyanmarCarsDB မှ HatchBack ကားများကိုကြည့်ရန်

(၅) ကော်ဇောမီးလောင်နံ့

ဘရိတ်စနစ်မှာ ပြဿနာဖြစ်တာ ဖြစ်နိုင်ပါတယ်.။ ပုံမှန်မောင်းနှင်နေစဉ် အနံ့ရနေတာဆိုရင် ဘရိတ်ကို အမြန်စစ်ဆေးသင့်ပါတယ်.။

(၆) ကြက်ဥကြော်နံ့

အိတ်ဇောထဲမှာ ရှိတဲ့ Catalytic Converter က ပုံမှန်အလုပ်မလုပ်တာဖြစ်နိုင်ပါတယ်.။ အင်ဂျင်ကျနေတဲ့ အခါ Catalytic Converter ကို overload ဖြစ်စေပြီး အရည်ပျော်မှုကို ကျဆင်းစေပါတယ်.။

No. 1 Car Site in Myanmar

www.myanmarcarsdb.com

Author