သင့်ကားကျန်းမာရေးကောင်းစေရန် လုပ်ဆောင်ရမယ့် အချက်များကို ဖော်ပြပေးလိုက်ပါတယ်.။
(၃) လတစ်ကြိမ် သို့မဟုတ် မိုင် ၃ဝဝဝ မောင်းနှင်ပြီးတိုင်း
- စက်ဆီချောဆီနှင့် Filter များကို လဲလှယ်ပေးပါ.။။
- စက်ဆီလျော့နည်းနေပါက ဖြည့်ပေးပါ.။
- Air Filter ကိုစစ်ဆေးပါ.။
- ကားတာယာ လေဖိအားကို စစ်ဆေးပါ.။
- လီဘာကြိုး၊ အင်ဂျင်ခါးပတ် အပါအဝင် ကြိုးအားလုံးကို စစ်ဆေးပါ.။
- ကားရေယက်တံများကို စစ်ဆေးပါ.။
(၆) လတစ်ကြိမ် သို့မဟုတ် မိုင် ၆ဝဝဝ မောင်းနှင်ပြီးတိုင်း
- ကားဘီးများကို ရှေ့နောက် (သို့) Crossing လဲလှယ်တပ်ဆင်ပေးပါ.။
- ဘရိတ်ကို စစ်ဆေးပါ.။
- ဆောင်းရာသီ (သို့) နွေရာသီမှာ မောင်းနှင်ရန် အဆင်ပြေမပြေ စစ်ဆေးပါ.။
(၁) နှစ်တစ်ကြိမ် သို့မဟုတ် မိုင် ၁၂ဝဝဝ မောင်းနှင်ပြီးတိုင်း
- ကားဘော်ဒီ အလိုင်းမန့် ချိန်ပါ.။
- ဘီးအနေအထားကို ပြန်လည်တည့်မတ်ပေးပြီး ဘီးများကို လဲလှယ်တပ်ဆင်ပါ.။
- wiper တံအသစ် လဲလှယ်ပေးပါ.။
- ဓါတ်ဆီ Filter လဲလှယ်ပါ.။
- ဆီပန့် ကို သန့်ရှင်းရေး လုပ်ပေးပါ.။
- Cabin Air Filter ကို အသစ်လဲလှယ်ပါ.။
မိုင် ၃ဝဝဝဝ မောင်းနှင်ပြီးတိုင်း
- ကားတစ်စီးလုံးကို အပြည့်အစုံ စစ်ဆေးပါ.။
- ဂီယာဆီ အသစ်လဲလှယ်ပါ.။
- ဂီယာ Filter များကို စစ်ဆေးပြင်ဆင်ပါ.။
- ဘရိတ်ဆီ လဲလှယ်ပါ.။
- ဘက်ထရီကိုစစ်ဆေးပါ.။
- Throttle body ကို သန့်ရှင်းရေးလုပ်ပါ.။
- ပလပ် နှင့် distributor cap ကို လဲလှယ်ပေးပါ.။
မိုင် ၆ဝဝဝဝ မောင်းနှင်ပြီးတိုင်း
- Timing Change လဲလှယ်ပေးပါ.။
- စတီယာရင် fluid ကို လဲလှယ်ပါ.။
No. 1 Car Site in Myanmar