Full article

ကားစက်ကိုယ်တိုင် ပြုပြင်ခြင်းကို ဝါသနာမပါသူများ ကိုယ်တိုင်လုပ်နိုင်တဲ့ ကားပြုပြင်ခြင်းနည်းလမ်း (၆) ချက်ကို ဖော်ပြပေးလိုက်ပါတယ်.။

ဆီ Level စစ်ဆေးပါ.။

ကားထုတ်လုပ်တဲ့ ကုမ္ပဏီ၊ ကားမော်ဒယ်နဲ့ ထုတ်လုပ်တဲ့ခုနှစ်ကို လိုက်ပြီး မိုင် 3,000 နဲ့ 7,000 ကြား မောင်းနှင်ပြီးတိုင်း ဆီ Level ကိုစစ်ဆေးသင့်ပါတယ်.။ ဆီ Level စစ်ဆေးတဲ့အခါ ကားကို စက်ရပ်ထားပြီး ငြိမ်သက်သွားအောင် ခေတ္တထားရပါမယ်.။ ပြီးတဲ့အခါ ဆီတိုင်းတာတဲ့ အတံကို ဆွဲထုတ်၊ ခြောက်သွေ့တဲ့ အဝတ်နဲ့ သေချာသုတ်ပြီးနောက် အံဝင်ခွင်ကျပြန်ထည့်၊ ပြီးနောက် ပြန်ထုတ်ပြီးမှ စစ်ရပါမယ်.။ ဆီတိုင်းတာတဲ့ အတံပေါ်မှာ အမှတ်အသားတွေ ပါဝင်ပါလိမ့်မယ်.။

ကားဘီးလေဖိအားကို စစ်ဆေးပါ.။

ကားဘီးမှာ လေနည်းနေရင် ဘီးရွေ့လျှားမှုကို နှေးကွေးစေပြီး ဆီကုန်မြန်စေပါတယ်.။ ကားဘီးလေများနေရင်တော့ တာယာအရမ်းခုန်ပြီး မောင်းနှင်ရာမှာ ထိန်းသိမ်းရခက်ခဲစေပါတယ်.။ တစ်လကို အနည်းဆုံး တစ်ကြိမ်တော့ စစ်ဆေးသင့်ပါတယ်.။

ကားတာယာမှ ပန်းများကို စစ်ဆေးပါ.။

ချိုင့်ခွက်များနဲ့ အမြင့်မတူတဲ့နေရာတွေမှာ မောင်းနှင်ရာမှာ ကားတာယာတွေရဲ့ ရွေ့လျားမှုကို သတိထားကြည့်ပါ.။ ပုံမှန်မဟုတ်တဲ့ ထိန်းသိမ်းရခက်ခဲတာတွေ၊ မတည်ငြိမ်မှုတွေ ရှိနေတယ်ဆိုရင်တော့ ကားတာယာတွေမှာ ပန်းတွေကုန်သွားပြီလားဆိုတာ စစ်ဆေးသင့်ပါတယ်.။ အချိန်ကာလကြာရှည်စွာ မောင်းနှင်ပြီး ကားတာယာပန်းတွေ နည်းလာပြီဆိုရင် အန္တရာယ်ကိုရှောင်ရှားဖို့ ကြိုတင်လဲလှယ်သင့်ပါတယ်.။

Air Filter ကိုစစ်ဆေးပါ.။

ကားအမျိုးအစားအလိုက် Air Filter ကိုလဲလှယ်ရမယ့် အချိန်တွေ မတူညီကြပါဘူး.။ ကားဝယ်စဉ်က ပါလာတဲ့ Manual စာအုပ်မှာ Air Filter လဲလှယ်သင့်တဲ့ အချိန်အပိုင်းအခြားကို ရေးသားထားပါလိမ့်မယ်.။ Manual စာအုပ်မရှိခဲ့ရင်လဲ Internet မှာ ကားမော်ဒယ်၊ ထုတ်လုပ်တဲ့ခုနှစ်နဲ့ ရှာဖွေကြည့်နိုင်ပါတယ်.။ Air Filter တွေ ပိတ်ဆို့နေခြင်းဖြင့် ကားရဲ့ လောင်စာဆီသုံးစွဲမှုအပိုင်းနဲ့ အင်ဂျင်တို့ကို ထိခိုက်စေနိုင်ပါတယ်.။

စက်ဆီချောဆီများကို စစ်ဆေးပါ.။

ဘရိတ်ဆီ၊ အင်ဂျင်ဝိုင်၊ Coolant၊ ဂီယာတံဆီ နဲ့ စတီယာရင်ဆီတို့ကို စစ်ဆေးသင့်ပါတယ်.။ ပုံမှန်လဲလှယ်ပေးခြင်းဖြင့် ကားရဲ့မောင်းနှင်မှု၊ အင်ဂျင်စသည်တို့ကို အထောက်အကူဖြစ်စေပါတယ်.။

မောင်းနှင်ချိန်

အချိန်ကြာကြာ မမောင်းဘဲထားရင် ကားရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်.။ ကားရဲ့ ဘက်ထရီဟာ အသုံးမပြုဘဲထားရင် ၃ လလောက်အထိ ပုံမှန်ကောင်းမွန်တတ်ပါတယ်.။ ဒါပေမယ့် ပုံမှန်မောင်းနှင်ခြင်းမပြုဘဲထားခြင်းဟာ အင်ဂျင်နဲ့ ကားရဲ့အခြေအနေကိုထိခိုက်စေပါတယ်.။ အနည်းဆုံး တစ်ပတ်လျှင် တစ်ကြိမ်လောက် ကားကိုစက်နှိုးသင့်ပြီး 10 – 15 မိနစ်လောက် မောင်းနှင်ခြင်း၊ စက်နှိုးထားခြင်းတို့ ပြုလုပ်သင့်ပါတယ်.။

Author