သတိထားရှောင်ကြဉ်သင့်သည့် ယာဉ်မတော်တဆဖြစ်မှုများ

0

Full article

Photo Credit

၁။ နောက်မှ ဝင်တိုက်သော ယဉ်တိုက်မှု (Rear-end crashes)

ကားတစ်စီးအား ၎င်းနောက်မှ ကပ်၍ပါလာသော ကားက ဝင်တိုက်မိသည့် ယာဉ်တိုက်မှုမျိုးသည် တွေ့ရအများဆုံးသော ယာဉ်တိုက်မှုဖြစ်သည်။ ယင်းသို့တိုက်မိရခြင်း၏ အဓိက အကြောင်းအရင်းမှာ နောက်မှ ကားက အလွန်နီးကပ်စွာ ကပ်၍လိုက်ခြင်းကြောင့်ဖြစ်သည်။

ယင်းသို့သော ယာဉ်တိုက်မှုမျိုးကို ရှောင်ရှားနိုင်သည့်နည်းလမ်းမှာ သင့်ကား နောက်တွင် ပါလာသည့်ကားအား နောက်ကြည့်မှန်မှတဆင့် ကြိုတင်ကြည့်ရှုရမည်ဖြစ်ပြီး အကယ်၍ နောက်မှ ကားက ကပ်လာသည်ကိုတွေ့လ ျှင် ဘရိတ်ကို စောစီးစွာနင်းရမည်။ နောက်မှ သင်လိုက်လ ျှင်လည်း ရှေ့ကကားနှင့် မတိုက်မိအောင် လုံခြုံစိတ်ချရသည့် အကာအဝေးကနေ လိုက်ရမည်ဖြစ်သည်။ သို့မှသာ ရှေ့ကားက အရှန်လျော့ခြင်း (သို့မဟုတ်) ရပ်ခြင်းတို့ပြုလုပ်လ ျှင် သင် ဘရိတ်ကို ဖြေးညင်းစွာနင်းဖို့ အချိန်ရမည်ဖြစ်သည်။

၂။ ကားတစ်စီးသာပါဝင်သည့် ယာဉ်တိုက်မှု (Single vehicle crashes)

Photo Credit

အတွေ့အကြုံရှိသော ယာဉ်မောင်းများနှင့် နှိုင်းယှဉ်လ ျှင် ငယ်ရွယ်၍ အတွေ့အကြုံမရှိသော ယာဉ်မောင်းများသည့် ကားတစ်စီးသာပါဝင်သည့် ယဉ်တိုက်မှုမျိုး ပို၍ ဖြစ်ကြသည်။ လမ်းပေါ်တွင် ယာဉ်တိုက်မိခြင်း၊ လမ်းဘေးရှိ အရာဝတ္တုတို့ကို တိုက်မိခြင်း (သို့မဟုတ်) ကားမှောက်ခြင်း ကဲ့သို့ဖြစ်သည်။ ငယ်ရွယ်ပြီး အတွေ့ အကြုံမရှိသော ယာဉ်မောင်းများသည် သူတို့ကိုယ်သူတို့ အရှိန်အဟုန်ဖြင့် မြန်မြန်မောင်းနှင်စွမ်း ရှိသူဟု ယုံကြည်ကြသည်။ ယာဉ်မောင်းမှာ အတွေ့အကြုံရှိ လာသောအခါ  လမ်း၏ အခြေအနေနှင့် ကိုက်ညီမှုရှိသော အရှိန်ကို ထိန်းညှိမောင်းနှင်လာနိုင်သည်။ ယာဉ်မောင်းအသစ်များသည် ၎င်းတို့ မောင်းနှင်သည့် အမြန်နှုန်းအပေါ် မှန်မှန်ကန်ကန် ဆုံးဖြတ်ချက် ချမှတ်နိုင်သည့် အတွေ့အကြုံရှိလာသည့်တိုင် အရှိန်အဟုန်ဖြင့် မောင်းနှင်သည့်အခါ ဂရုတစိုက် မောင်းနှင်သင့်ပါသည်။ အရှိန်အဟုန်ဖြင့် မောင်းနှင်ခြင်းကို မထိန်းနိုင်လ ျှင် ဆိုးရွာသော ယာဉ်တိုက်မှုမျိုး ဖြစ်သွားနိုင်ခြင်းကြောင့်ဖြစ်သည်။

၃။ လမ်းဆုံလမ်းခွတွင် ဖြစ်ပေါ်သော ယာဉ်တိုက်မှုများ(Turning at an intersection crashes)


Photo Credit

ယာဉ်တိုက်မှု ထက်ဝက်မှာ လမ်းဆုံလမ်းခွများတွင် ဖြစ်ပေါ်ခြင်းဖြစ်သည်။ တိုက်မိရခြင်း၏ အဓိက အကြောင်းအရင်းမှာ ယာဉ်မောင်းက ရွေ့လျားနေသော ယာဉ်တန်းအတွင်း လုံခြုံစိတ်ချရသည့် အကွာအဝေးကို ရွေးချယ်ရာတွင် အတွေ့အကြုံမရှိမှုနှင့် ဆုံးဖြတ်ချက်ချမှတ်မှုမမှန်ကန်ခြင်း တို့ကြောင့် ဖြစ်သည်။ သင့်ကားနောက်က စိတ်မရှည်ဖြစ်နေသော ယာဉ်မောင်းအား ဂရုမူမနေဘဲ လုံခြုံစိတ် ချရသည့် အကွာ အဝေးရှိမှသာ ဖြတ်သန်းမောင်းနှင်သင့်ပါသည်။

၄။ လမ်းကြောင်းပြောင်းခြင်း၊ လမ်းကြောင်းထဲသို့ဝင်ခြင်း (သို့မဟုတ်) ထွက်ခြင်း (Crashes when changing lanes and when merging or diverging)

အတွေ့အကြုံမရှိသော ယာဉ်မောင်းများသည် လမ်းကြောင်းပြောင်းလဲခြင်း၊ လမ်းကြောင်းထဲသို့ဝင်ခြင်း (သို့မဟုတ်) ထွက်ခြင်းတို့ ပြုလုပ်သည့်အခါ မမြင်ရသည့် နေရာများ (blind spots) ကို စစ်ဆေးရန် ပျက်ကွက်ခဲ့ခြင်းကြောင့်လည်း ယာဉ်မတော်တဆဖြစ်ပွားမှုများ ကြုံတွေ့ရနိုင်ပါသည်။

Photo Credit

ယာဉ်မောင်းများသည် လမ်းကြောင်းပြောင်းလဲခြင်း၊ လမ်းကြောင်းထဲသို့ဝင်ခြင်း (သို့မဟုတ်) ထွက်ခြင်းကို မပြုလုပ်ခင် ဘေးကြည့်မှန်များကို စစ်ဆေးသင့်ပါသည်။ သူတို့၏ ဘယ်၊ ညာ ပခုံးကို ကျော်ပြီးကြည့်၍လည်း စစ်ဆေးနိုင်သည်။ အချို့သော ယာဉ်မောင်းများသည် တခါတရံ blind spots နေရာများကို စစ်ဆေးရန် မေ့လျော့တတ်သည်ဖြစ်ရာ ယင်ကြောင့် ယာဉ်တိုက်မှုများ (သို့မဟုတ်) ယာဉ်တိုက်မှုဖြစ်ခါနီးအခြေအနေများ ကြုံတွေ့ရတတ်ပါသည်။

၅။ ခေါင်းချင်းဆိုင်ယဉ်မတော်တဆဖြစ်မှု (Head-on crashes)

Photo Credit

လမ်းမများပေါ်တွင် ခေါင်းချင်းဆိုင်ယဉ်မတော်မဆဖြစ်မှုမှာ ဆိုးရွားလွန်းသည့် ရလဒ်များသာ ဖြစ်ပေါ် စေပါသည်။ ငယ်ရွယ်သည့် ယာဉ်မောင်းအသစ်များသည် ကားကျော်တတ်ရာတွင် အတွေ့အကြုံ မရှိသလို ကျော်တတ်နိုင်သော နေရာများတွင် ဆန့်ကျင်ဘက်လမ်းမှ လာသည့် ကားများနှင့် လွတ်အောင် လုံခြုံစိတ်ချရသည့် အကွာအဝေးကို ရွေးချယ်ရာ၌လည်း မှန်မှန်ကန်ကန် ဆုံးဖြတ်ချက် မချမှတ်နိုင်ပါ။ ထိုသို့သော ယာဉ်တိုက်မှု အန္တရာယ်များလျော့ချရန် ဆန့်ကျင်ဖက်လမ်းရှိ ယာဉ်ကျော ရှင်းမှ ကျော်တတ်ခြင်းကို သတိထားပြုလုပ်ဆောင်သင့်ပါသည်။

mylicense.sa.gov.au မှ ကောက်နှုတ်ဖော်ပြသည်။

Author