Full article

၁။ ကားမောင်းခြင်းကိုသာ အာရုံထားပါ။ မိမိ အမြင်အာရုံကို ကားလမ်းပေါ်နှင့် နောက်ကြည့်မှန်များတွင်သာ တစ်စိုက်မတ်မတ် အာရုံစိုက်ပါ။ ကားလမ်းမပေါ်မှ ဘေးတစ်ဖက်တစ်ချက်ရှိ လူများ ဆိုင်ကယ်များ အနှေးယာဉ်များကို အဆက်မပြတ် သတိထား စောင့်ကြည့်ပေးပါ။

၂။ ကားကြမ်းပြင် နှင့် ထိုင်ခုံများပေါ် တွင် နေရာအနှံ လှိမ့်နိုင်သော အရာများမရှိစေရန် သတိထားရှင်းလင်းပေးပါ။

၃။ သင့်ခရီးစဉ်မစခင် သင်သွားချင်သော နေရာ ရောက်လိုသော အခြေအနေ ရာသီဥတု အနေအထား ကားလမ်းကြောင်း အနေအထား အားလုံးကို တွက်ချက်ပြီး နောက်ကြည့်မှန်များ ထိုင်ခုံ အကွာအဝေးများကို ချိန်ဆပြီးမှ သင့်သွားလိုရာ နေရာသို့ စတင်ထွက်ခွာပါ။

၄။ ကားပေါ်ရောက်မှ အပေါ်ထပ် အင်္ကျီဝတ်ခြင်း ကားမောင်းနေရင်း သင့်မျက်နှာနှင့် ဆံပင်စသည်တို့ကို ပြင်ဆင်ချယ်သခြင်းများ မပြုလုပ်ပါနှင့်။

၅။ ကားမောင်းနေရင်း မုန့်စားခြင်း အချိုရည်သောက်ခြင်း စသည်တို့ကို မပြုလုပ်ပါနှင့်။ စားရမည်ဆိုလျှင်လည်း ကားရပ်ပြီးမှ စားပါ။ ရှုပ်ပွပြီး ပေကျံစေမည့် အစားအသောက်များကို လုံးဝရှောင်ကြဉ်ပါ။

၆။ ကားပေါ်တွင် ကလေးများ အိမ်မွေးတိရိစ္ဆာန်များ ခေါ်မည်ဆိုပါက သူတို့အား လုံခြံစိတ်ချမှုရှိအောင် သင်ကားမောင်းနေစဉ် အတွင်း သင့်အား အနှောက်အယှက်မပေးနိုင်အောင် ကားစတင်မထွက်ခွာခင် နေရာချထားပေးပြီးမှ လိုရာခရီးကိုစတင်ပါ။ မဖြစ်မနေကြည့်ရှုဖို့လိုလာလျှင်လည်း လမ်းဘေးသို့ ချရပ်ပြီးမှ အေးဆေးကြည့်ရှုပါ။

၇။ ကားမောင်းနေရင်း အီလက်ထရောနစ်ပစ္စည်းများအား အသုံးပြုခြင်းကို တတ်နို်င်သလောက်ရှောင်ကြဉ်ပါ။ တတ်နိုင်လျှင် ဘလူးတုနှင့် ဖုန်းပြောခြင်း၊ ကားစနစ်ထဲတွင်ပါဝင်သည့် ကြို့မဲ့ အီလက်ထရောနစ် ကရိယာများကိုအသုံးပြုခြင်း စသည်တို့ကို ရှောင်ကြဉ်ပါ။

၈။ အကယ်၍ သင့်ဘေးမှာ အဖော်ပါပါက မည်သည့် ကိစ္စမဆို သင့်ခရီးသွားဖော်ထံမှ အကူအညီရယူပါ။

၉။ ကားလမ်းကြပ်နေချိန်သည် စိတ်အထွေပြားဆုံးနှင့် စိတ်မရှည်နိုင်ဆုံးအချိန်ဖြစ်တာကြောင့် မိမိရောက်လိုသော အချိန်နှင့် တိုက်၍ကွက်တိထွက်ခြင်းထက် ပိုစောပြီး ထွက်ပေးခြင်းအားဖြင့် စိတ်ထွေပြားမှုကို လျော့ချနိုင်ပါတယ်။

၁ဝ။ သင့်ကားထဲတွင် သင်မနှစ်သက်တဲ့ အမွှေးနံ့များ မွှေးလွန်းသော အနံ့များ သို့မဟုတ် အခြား မကောင်းတဲ့ အနံ့ဆိုးများ ရှိမနေနိုင်အောင် သတိထားပေးပါ။ အထူးသဖြင့် မကြာခဏဆိုသလို လေဝင်လေထွက်ကောင်းအောင် မှန်တံခါးများ ဖွင့်ပေးထားခြင်းများ လုပ်ဆောင်ပေးပါ။

Author