ကားကို ပုံမှန်ပြုပြင်ထိန်းသိမ်းပေးသင့်သော အရာများ

0

Full article

ကျွန်တော်တို့ ပိုင်ဆိုင်သည့် ကားများ ကြံ့ကြံ့ခိုင်ခိုင်ရှိနေရန် အရေးကြီးကြောင်း ကျွန်တော် တို့ အားလုံးသိရှိကြပါသည်။ သို့သော် မိသားစု၊ အလုပ်၊ အခြားသော ဘဝအတွက် အရေးကြီးသည့် အရာများကို အဓိက အချိန်ပေးနေရခြင်းကြောင့် ကားကို ပုံမှန်ပြုပြင်ထိန်းသိမ်းဖို့အရေးကို လျစ်လျူ ရှုထား တတ်ကြပါသည်။ သင့်ကားကို ပုံမှန်ပြုပြင်ထိန်းသိမ်းပေးခြင်းဖြင့် ကား၏ စွမ်းဆောင်ရည် မြင့်မားမှုကို မကျအောင် ထိန်းသိမ်းပေးနိုင်သလို အသွင်အပြင်အရလည်း အမြဲကြွားကြွားရွားရွား ဖြစ်စေပါသည်။ ထိုသို့ ပုံမှန်ထိန်းသိမ်းပေးခြင်းသည် နောင်ကား၏ အစိတ်အပိုင်းအချို့ ဆိုးရွားချို့ ယွင်းလာတော့မှ ပို၍ကုန်ကျမည့် သင်၏ပြုပြင်စရိတ်ငွေကို ချွေတာရာလည်း ရောက်မည် ဖြစ်ပါ သည်။အောက်တွင် ကားကို ပုံမှန်ပြုပြင် ထိန်းသိမ်းသင့်သော အရာများကို ဖော်ပြပေးသွားပါမည်။
၁။ အင်ဂျင်ဝိုင်ပုံမှန်လဲပေးပါ။

အင်ဂျင်ဝိုင်ကို စစ်ဆေးလဲလှယ်ပေါးပါ။ အင်ဂျင်ဝိုင်ပုံမှန်လဲလှယ်ပေးခြင်း ထက်ပိုပြီး တစ်ခုတည်း လုပ်ရုံဖြင့် မိမိပိုင်ကားကို ကြံ့ခိုင်မှု ရှည်ကြာအောင် စွမ်းဆောင်ပေးနိုင်ခြင်း မရှိပါ။ တနည်းဆိုရလျှင် အင်ဂျင်ဝိုင်ပုံမှန်စစ်ဆေး လဲလှယ်ပေးမှု မရှိခြင်းလောက် မည်သည့်အရာကမှ သင့်ကားကို ပိုပြီး မြန်မြန်ဆန်ဆန် ပျက်စီးမသွားစေပါ။

၂။ air filter သန့်စင်ပြီး oil filter ကို လဲလှယ်ပေးပါ။

အင်ဂျင်တွင် လောင်ကျွမ်းအားကောင်းလေ ကားပို၍ဆွဲလေဖြစ်သည်။ သင့်ကားအင်ဂျင်၏ လေနှင့် ဆီလမ်းကြောင်း ပုံမှန် ရှင်းလင်းထားခြင်းဖြင့် သင့်ကား၏ ဆွဲနိုင်အားနှင့် စွမ်းဆောင်ရည်ကို မြှင့် တင်ပေးနိုင်ပါသည်။
၃။ ကီလိုမီတာ ၄ဝဝဝဝ မောင်းပြီးတိုင်း ဂီယာဆီများကို လဲလှယ်ပါ။

ဂီယာဆီမှာ ပုံမှန်လဲလှယ်ပေးစရာတော့မလိုပါ။ သို့သော် ကိုလိုမီတာ ၄ဝဝဝဝ မောင်းပြီးတိုင်း လဲလှယ်သင့်သည်ဟု အကြံပြုချင်ပါသည်။ Automan quick service center ကဲ့သို့သော ကားပြု ပြင်ထိန်းသိမ်းပေးသည့် နေရာမျိုးတွင်တော့ ဂီယာဆီကို စိတ်ချယုံကြည်စွာ လဲလှယ်လို့ရပါသည်။

၄။ ကား၏ အတွင်းနှင့် အပြင် သန့်ရှင်းအောင်ထားပါ။

အများစုမှာ ကား၏ အပြင်ပိုင်းကို သန့်ရှင်းဆေးကြောမှုများ မကြာမကြာ ပြုလုပ်လေ့ရှိသော်လည်း အတွင်းပိုင်းကိုတော့ ပြုလုပ်ခဲပါသည်။ သင့်ကားအတွင်းခန်းအတွင်း ပိုးမွှားများရှိမနေအောင် သင့် ကားအတွင်းပိုင်းကို အနည်းဆုံး တစ်နှစ်တကြိမ် သန့်ရှင်းရေး လုပ်သင့်ကြောင်း အကြံပြုပါသည်။
၅။ တာယာ pressure ကို စစ်ဆေးထိန်းသိမ်းပါ။

တာယာ pressure ကို စစ်ဆေးထိန်းသိမ်းခြင်းသည် ကားတစ်စီး အကောင်းဆုံး စွမ်းဆောင်ရည် ထွက်ပေါ်လာရန်အတွက် အထောက်အပံ့ဖြစ်စေပါသည်။ ထို့အပြင် တာယာ ပျက်စီးမှုလည်း လျော့ နည်းစေပါသည်။ သင့်ကားတာယာ လေလျော့နည်းနေခြင်း ရှိ၊ မရှိကို မကြာမကြာ စစ်ဆေး ပေးသင့်ပါသည်။ ကားတာယားများ အကောင်းဆုံး စွမ်းဆောင်ရည်ကိုရရှိရန် ခြောက်လတစ်ကြိမ် ဘီး alignment များ ညီ၊ မညီ ပုံမှန်စစ်ဆေးပေးသင့်ပါသည်။

၆။ ကားကို အရောင်တင်ပေါလစ်တိုက်ခြင်း

အရောင်တင်ပေါလစ်တိုက်ခြင်းထက်ပိုပြီး မည်သည့်အရာကမှ သင့်ကား၏ အပြင်ပန်းအသွင်အပြင် ကို တောက်ပနေအောင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါ။ ထို့ကြောင့် သင့်ကား၏ အပြင်ပန်းကို တောင်ပြောင်နေစေရန် ခြောက်လတစ်ကြိမ် အရောင်တင်ပေါလစ်တိုက်ပေးသင့်ပါသည်။

Automan သို့ မိမိကားလေးအား သွားရောက် Check-Up ပြုလုပ်လိုပါက-

Automan (ပန်းဆိုးတန်း) – အမှတ် 75/77၊ အထက်ပန်းဆိုးတန်းလမ်း၊
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။
Tel: 01-374953, 0943098456
Automan (သစ္စာ) – အမှတ် 331/332/333၊ သစ္စာလမ်း၊
တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
Tel: 0926240545

Automan (နေပြည်တော်) – Junction နေပြည်တော် ဝင်းအတွင်း၊
ဟိုတယ်ဇုန်၊ ရာဇသင်္ဂဟလမ်း၊
ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်မြို့။
Tel: 09445945922, 09767166169 တို့တွင် သွားရောက်စစ်ဆေးနိုင်ပါသည်။

Author