သင့်ကားအား အမြဲ သစ်လွင်နေအောင် ဘယ်လို လုပ်၍ ရနိုင်ပါသလဲ။

0

Full article

Zawgyi

လူတိုင်းသည် မိမိကား အစဉ်အမြဲ သစ်လွင်တောက်ပနေသည်ကို ဖြစ်ချစ်၊ မြင်ချင်စမြဲဖြစ်သည်။ သို့သော် နေ့စဉ်ခရီးသွားလာနေရမှု၊ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှု၊ ဖုန်မှုတ်များနှင့် ငှက်များက စွန့်ပစ်သော အညစ်အကြေးများကြောင့် ထိုသို့ အမြဲသစ်လွင်နေဖို့ဆိုတာ လွယ်ကူသော ကိစ္စရပ် တော့မဟုတ်ပါ။ ထို့ကြောင့် ကားထိန်းသိမ်းပြုပြင်ရေး ဝန်ဆောင်မှုကောင်းကို ပေးအပ်နေသော လုပ်ငန်းတစ်ခုကို ရှာဖွေ၍ ပြုပြင်စေခြင်းသည်သာ သင့်ကားကို အသစ်အတိုင်း ဖြစ်စေနိုင်သည့် တစ်ခုတည်းသော နည်းလမ်းကောင်းဖြစ်ပါသည်။

ကားသန့်စင်ဆေးကြောခြင်း (auto detailing)

ကားပုံမှန်ပြုပြင်ထိန်းသိမ်းမှုအပြင် ကားသန့်စင်ဆေးကြောခြင်းသည် သင့်ကားအား နှစ်ပေါင်းများ စွာအသုံးပြုပြီးသည့်တိုင် အသစ်အတိုင်း ဖြစ်စေနိုင်သော နည်းလမ်းတစ်ခုဖြစ်ပါသည်။ Automan quick service center သည် ကားသန့်စင်ဆေးကြောခြင်းအမျိုးအစားများစွာထဲက customer များ က ရွေးချယ်သော ဝန်ဆောင်မှုများကို အကောင်ဆုံးပေးအပ်နေသည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ Automan က ပေးအပ သော ကားသန့်စင်ဆေးကြောခြင်း ဝန်ဆောင်မှုများတွင် ကားဆေးခြင်း၊ ပေါလစ်တင်ခြင်းနှင့် အတွင်းခန်းသန့်စင်ခြင်းတို့ ပါဝင်ပါသည်။ အဆိုပါ ဝန်ဆောင်မှုသုံးမျိုးကို ဆောင်ရွက်ပေးပါက သင့်ကား၏ အပြင်ပိုင်းသွင်ပြင်မှာ အမြဲတောက်ပြောင်နေမှာဖြစ်ပြီး အတွင်း ပိုင်းသည်လည်း ဖုန်မှုန့်များ၊ ပိုးပွားများ အစဉ်ကင်းစင်နေမည်ဖြစ်သည်။

အပြင်ပိုင်း ပေါလစ်တင်ခြင်း (exterior rubbing)

ကားကို အပြင်ပိုင်းထိန်းသိမ်းပြင်ဆင်ခြင်း တနည်းအားဖြင့် ပေါလစ်တင်ခြင်းဖြင့် သင့်ကား၏ မူလ အရောင်ကို ကာကွယ်ရာရောက်သလို နေရောင်ခြည်နှင့် လေထုညစ်ညစ်မှုမှ ဖြစ်ပေါ်လာသော ဆိုးကျိုးများထံကနေလည်း ကာကွယ်ပေးပါသည်။ ထို့အပြင် ကားအပြင်ပိုင်းတွင် ဖြစ်ပေါ်တတ်သော အသေးစား ခြစ်ရာများကို ဖယ်ရှားပေးသည့်အပြင် ကား၏ အရောင်နှင့် တောက်ပမှုအတွက်ပါ အထောက်အကူ ပြုပါသည်။

အတွင်းပိုင်း သန့်စင်ခြင်း (interior cleaning)

ကားအတွင်းပိုင်းကို သန့်စင်ခြင်းဖြင့် အတွင်းခန်းအတွင်း ဖုန်မှုန့်များ၊ ပိုးပွားများနှင့် အညစ်အကြေး များ ကင်းစင်စေပါသည်။ အတွင်းခန်း သန့်ရှင်းလုံခြုံခြင်းသည် ကားမောင်းသူနှင့် စီးနင်းလိုက်ပါ သူများအတွက်များစွာ အထောက်အကူရသည့်အပြင် အပြင်ဖက် လေထုညစ်ညမ်းမှုများကနေ လေဝင် နိုင်မှုကိုလည်း ကာကွယ်ပေးပါသည်။ ထို့အပြင် အတွင်းပိုင်း သန်းစင်ခြင်းက ကားထိုင်ခုံ၊ အတွင်းပိုင်းအမိုးနှင့် တံခါးတို့ရှိ အညစ်အကြေးအစွန်းအထင်းများကို ဖယ်ရှားပေးပါသည်။

ကားအောက်ပိုင်း သန့်စင်ခြင်း (underbody cleaning and coating)

ကားအောက်ပိုင်းတွင် သံချေးများကပ်ငြိနေမှုမရှိအောင် ရေစိုခံပြီး သံချေးကပ်ခြင်းမှ အကာအကွယ် ပေးသည့် ဓာတုဗေဒဆေးရည်ကို အသုံးပြု၍ သုတ်လိမ်းသန့်စင်ပေးခြင်းဖြင့် ကား၏ အောက်ပိုင်း အမြဲသန့်စင်စေပါသည်။ Automan quick service center တွင် coating ပြုလုပ်မည်ဆိုပါက body coating၊ glass coating၊ alloy coating၊ inside coating နှင့် engine coating တို့ကို တစ်ပြိုက် နက်တည်းပိုင်ဆိုင်မှာဖြစ်ပြီး ပိုလန်နိုင်ငံထုတ် K2 အမှတ်တံဆိပ် အဆင့်မြင့် ပေါလစ်ဆေးများဖြင့် crystal ကျသည်အထိ ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။

ကားပိုင်ရှင်များအနေဖြင့် အထက်ပါ ကားသန့်စင်ဆေးကြောခြင်း အမျိုးအစားအားလုံးကို တစ်နှစ်လျှင် အနည်းဆုံတစ်ကြိမ်ခန့် ပြုလုပ်သင့်ပါကြောင်းနှင့် Automan quick service center က ယင်းဝန်ဆောင်မှုများအားလုံးကို အကောင်ဆုံးဆောင်ရွက်ပေးလျက်ရှိပါကြောင်း အသိပေး အ ကြောင်းကြားအပ်ပါသည်။

Automan Quick Service center သို့ အသေးစိတ် ဆက်သွယ် စုံစမ်းလိုပါက-

Automan (ပန်းဆိုးတန်း) – အမှတ် 75/77၊ အထက်ပန်းဆိုးတန်း 
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။
Tel: 01-374953, 0943098456
Automan (သစ္စာ) – အမှတ် 331/332/333၊ သစ္စာလမ်း၊
တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
Tel: 0926240545

Automan (နေပြည်တော်) – Junction နေပြည်တော် ဝင်းအတွင်း၊
ဟိုတယ်ဇုန်၊ ရာဇသင်္ဂဟလမ်း၊
ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်မြို့။
Tel: 09445945922, 09767166169 သို့ ဆက်သွယ်မေးမြန်နိုင်ပါသည်။


Tel: 01-374953, 0943098456

Automan (သစ်စာ) – အမှတျ 331/332/333၊ သစ်စာလမျး၊
Tel: 0926240545

ဇမ်ဗူသီရိမွို့နယျ၊ နပွေညျတျောမွို့။
Tel: 09445945922, 09767166169


Author