ဘရိတ်ပြဿနာများအလုံးအတွက်....

0

Full article

မိမိကား အမြဲကြံ့ခိုင်နေစေဖို့မှာ ယာဉ်ပိုင်ရှင်တိုင်းက အစဉ်ဂရုစိုက်တတ်ကြပါသည်။ မိမိကား အစိတ်အပိုင်း တစ်ခုခု ချို့ယွင်းနေလျှင် စိတ်အေးချမ်းသာစွာဖြင့် မောင်းနှင်သွားလာနိုင်ခြင်း မရှိသည်ကို ကြုံတွေ့ဖူးသူ တိုင်း ခံစားသိရှိကြသည်။ ချို့ယွင်းပျက်စီးမှုများစွာ ဖြစ်နိုင်သည့်အနက် ဘရိတ်ချို့ယွင်းမှုမှာ အခြားသော အရာများထက် ပို၍ အရေးကြီးပြီး ယာဉ်ပိုင်ရှင်တိုင်း တစ်နှစ်လျှင် နှစ်ကြိမ် ပုံမှန် စစ်ဆေးမှု ပြုလုပ်သင့်သည့် အစိတ်အပိုင်းလည်းဖြစ်ပါသည်။

ယာဉ်မတော်မှုဖြစ်ရသည့် အကြောင်းအရာများစွာရှိသည့်အနက် စက်ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ တာယာ၊ ဘရိတ်၊ ရှော့ဘား၊ ကားမီး၊ ဝိုက်ဘာပြဿနာများကြောင့် ယာဉ်မတော်တဆမှုမျာဖြစ်တတ်ပါသည်။ ယင်းတို့အထဲမှ ဘရိတ်ပြဿနာမှာ အကြီးမားဆုံးဖြစ်ပြီး ယာဉ်ပိုင်ရှင်များ ပုံမှန်စစ်ဆေးမှု ပြုသင့်သည့် အပိုင်းဖြစ်ပါသည်။ ဘရိတ်အုံများမှ စူးရှသည့် အသံများထွက်ပေါ်လာလျှင် (သို့မဟုတ်) ဘရိတ်ရှုးပြားများ ပျက်စီး၍ ဘရိတ်ညိသံများ ဆိုးဆိုး ရွာရွာ ထွက်ပေါ်လာလျှင် ဘရိတ်များကို ပြင်ရန်၊ လဲလှယ်ရန် လိုအပ်နေပြီဖြစ်သည်။

ဘရိတ်ဆီနည်းပါးနေပါကလည်း ကား၏ ဒိုင်ခွက်ပေါ်တွင် သတိပေးအချက်ပြမီး ပြလေ့ရှိသည် ဖြစ်ရာ ယင်းကိုလည်း သတိထားစောင့်ကြည့်သင့်ပြီး ဘရိတ်ဆီယိုခြင်း ရှိ၊ မရှိ စစ်ဆေးသင့်ပါသည်။ ထို့အပြင် ကားမောင်းစဉ် ဘရိတ်အသုံးပြုသည့်အခါ ကားမှာ ဘက်တစ်ဘက်တည်းသို့ ဆွဲသွားလျှင် ဘရိတ်များကို ကောင်းစွာ ထိန်းညှိထားခြင်းမရှိခြင်းကြောင့်ဖြစ်ပြီး လဲလှယ်ရန် လိုအပ်ကောင်းလိုအပ်နိုင်သည်။ ဘရိတ် လိုင်းများအကြားလေခိုနေလျှင်လည်း ဘရိတ်ခြေနင်းမှာ နင်းရခက်တက်ပါသည်။ ဘရိတ်အသုံးပြုချိန် ကားတစ်ခုလုံး တုန်ခါနေလျှင်လည်း ဘရိတ်ဒရမ်ပြားမှာ ကောက်သွားနိုင်ခြေရှိသောကြောင့် ဒရမ်ပြားများ လဲလှယ်ဖို့ လို၊ မလိုကို အစဉ်အမြဲ ဂရုထားစောင့်ကြည့်ဖို့လိုပါသည်။ ထိုပြဿနာများ ကင်းဝေးအောင် Automan Quick Service Center တွင် အသုံးပြုပြီး kilo/ mile အလိုက်စစ်ဆေးပြုပြင်ပေး သာဝန်ဆောင်မှုများရှိပါသည်။ preventive maintenance (ကြိုတင်ကာကွယ်သည့်ပြုပြင်ထိန်းသိမ်းမှု) ကို အဓိကဦးစားပေးရွေးချယ်ဆောင်ရွက်သင့်ပါသည်။

ယာဉ်ပိုင်ရှင်များသည် ဘရိတ်နှင့် ပတ်သက်၍ ဗဟုသုတ အနည်းငယ် တီးမိခေါက်မိရှိထားသင့်ပါသည်။ ဘရိတ်ဆီအရည်အသွေးကျလာလျှင်၊ တနည်းရေပါဝင်မှုများလာလျှင် ကားမှာ ပျက်စီးမှုတွေ ရှိလာနိုင်ပါ သည်။ ယနေ့အသုံးပြုနေသော ဘရိတ်ဆီသည် (Glyco- Based) အခြေခံ၍ ထုတ်ထားခြင်းဖြစ်ပါသည်။ ဘရိတ်ဆီသည် အပူချိန်များလာလျှင် ရေပါဝင်မှု ရှိလာပါသည်။ ဖြစ်စဉ်မှာ ဘရိတ်နင်းသည့်အခါ ဘရိတ်ရှုး များမှတဆင့် အပူရှိန်သည် ဘရိတ်ဆီသို့ ကူးဆက်သွားပါသည်။ ထိုမှ တဖန် အပူချိန်မြင့်မား လာမှုကြောင့် ငွေ့ရည်ဖွဲ့ခြင်းနိယာမသဘောအရ (dry and boiling point) ဘရိတ်ဆီ အတွင်းသို့ ရေအဖြစ် ဝင်ရောက်လာ၍ ဘရိတ်ဆီ၏ အာနိသင်ကို လျော့ကျစေပါသည်။ ထို့ကြောင့် အထက်တွင် ဖော်ပြထားသည့် ဘရိတ်ပြဿနာများ တစ်ခုပြီး တစ်ခု ဖြစ်လာနိုင်သည်။

Automan Quick Service Center သည် customer များ စိတ်ချရသော စစ်မှန်သည့် OEM အရည်အသွေး မြင့် ပစ္စည်းများကိုသာ အသုံးပြုလျက်ရှိပြီး ဘရိတ်ပိုင်းဆိုင်ရာကိုလည်း အထူးအလေးပေး ပြုပြင်ပေး လျက်ရှိပါသည်။ ဘရိတ်ပိုင်းသာမက ကားအောက်ပိုင်း၊ ဘီးတို့အပြင် ကားရေဆေး၊ polish တင်ခြင်းတို့ ကိုလည်းလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဂျပန်စံချိန်စံနှုန်းများအတိုင်း ပြုပြင်ဆေင်ရွက်ပေးလျက်ရှိ သော မြန်မာနိုင်ငံ၏ နံပါတ် ၁ car service center တစ်ခုဖြစ်ပါသည်။

Author