Zawgyi
ဂျီနီဗာ အပြည်ပြည် ဆိုင်ရာ ကားပြပွဲ၏ ဂုဏ်သတင်းကြောင့်သာမက ကားထုတ်လုပ်ခြင်းမရှိသော နိုင်ငံအဖြစ်တည်ရှိ နေခြင်းကြောင့် (မည့်သည့် ကားထုတ်လုပ်သူကိုမှ အထူးဦးစားပေး ပွဲထုတ်စရာမလို) ယခုကဲ့သို့ သော အထူးအဆင့်အတန်းတစ်ရပ် သတ်မှတ်ခြင်းခံခဲ့ရခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် အဆိုပါ ကားပြပွဲတွင် ပါဝင်ကြသော ကားထုတ်လုပ်ရေးလုပ်ငန်းများအားလုံးက မျှမျှတတ ယဉ်ပြိုင်ရသည် ဟု ရှုမြင်ကြသည်။
ပြပွဲကို ၁၉ဝ၅ တွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး ကားသမိုင်း၌ အဓိက ရေနွေးငွေ့ အင်ဂျင်သုံး ကား မော်ဒယ်များအားလုံးနီးပါး ပါဝင်သည်။ ကားထုတ်လုပ်သူများက ၎င်းတို့၏ နောက်ဆုံးထုတ် supercar များကို ပြပွဲကာလအတွင်းပြသကြသည်။ စက်ပစ္စည်းအသစ်များ၊ concept ကားများ၊ နည်းပညာအသစ်များ၊ နိုင်ငံတကာမိတ်ဖွဲ့မှုများ အပြင် နိုင်ငံရေးနှင့် လူမှုရေး အငြင်းအခုံပွဲများကို ပြပွဲတွင် ကျင်းပပြုလုပ်ကြသည်။ ဥရောပ၏ နေချင့်စဖွယ်မြို့ဖြစ်သော ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ တွင် ကျင်းပပြုလုပ်သည့်အပြင် ပြပွဲကျင်းပပြုလုပ်ရာနေရာသည် ဂျီနီဗာ နိုင်ငံတကာလေဆိပ်၊ ဘူတာကြီးနှင့် အဝေးပြေးလမ်းမ ထွက်ပေါက်ဘေးတွင် တည်ရှိနေသည်။
ကားပြပွဲတွင် အစီအစဉ် ၇ ခုကို ခန်းမ ၇ ခုခွဲပြီး ပြသသွားခြင်းဖြစ်သည်။ ယင်းတို့မှာ (၁) နောက်ဆုံး ထုတ်ထားသည့်ကားများ၊ လျှစ်စစ်ကားများနှင့် အခြား စွမ်းအင်သုံးကားများ၊ (၂) အထူးထုတ် ကိုယ် ထည်ကားများနှင့် concept ကား၊ (၃) ကားအပိုပစ္စည်းများနှင့် အစိတ်အပိုင်းများ၊ (၄) ကားပစ္စည်း ထောက်ပံ့ရေး လုပ်ငန်းစုများက ထုတ်လုပ်သော ကုန်စည်များ၊ (၅) ကားပြင်ဆင်ထိန်း သိမ်းခြင်း ဆိုင်ရာ လုပ်ငန်းများ၊ (၆) အမျိုးမျိုးသော ကားလုပ်ငန်းစုဆိုင်ရာ ကုန်စည်များနှင့် ဝန်ဆောင်မှုများ နှင့် (၇) ကား animation တို့ဖြစ်သည်။ ကားပြပွဲသည် နှစ်စဉ် ကားလုပ်ငန်းစုရှိ ခေါင်းဆောင်များ စုဝေးရာ နေရာဖြစ်ရုံသာမက တစ်ကမ္ဘာလုံးရှိ ကားချစ်သူများနှင့် ကားသတင်းထောက်များက နောက်ဆုံးပေါ် ကားများနှင့် နည်းပညာအဆင့်မြင့်မားမှုတို့ကို လာရောက် ကြည့်ရှုကြသည်။
ဂျီနီဗာ အပြည်ပြည်ဆိုင်ရာ ကားပြပွဲသည် ကမ္ဘာပေါ်ရှိ ကားထုတ်လုပ်သူများအတွက် ၎င်းတို့ ထုတ် လုပ်သော ကားများကို ပြသရာပွဲတစ်ခုအဖြစ်တင်မကပဲ ကားအပိုပစ္စည်းများကို ထုတ်ဝေသည့် ဆွစ်ဇာလန်နိုင်ငံရှိ ကုမ္ပဏီများအတွက်လည်း ၎င်းတို့၏ ကုန်ပစ္စည်းများကို ပြသနိုင်သည့် အခွင့်အ လမ်းကို ပေးအပ်ထားပါသည်။ ဆွယ်ဇာလန်နိုင်ငံ ကားအပိုပစ္စည်းထုတ်လုပ်ရေး အဖွဲ့အစည်း (SAA) က Palexpo ဟု အမည်တွင်သည့် ခန်းမ အမှတ် ၇ တွင် ကုန်ပစ္စည်းပြပွဲကို ဦးဆောင် ကျင်းပလေ့ရှိသည်။
SAA EXPO သည် ကားကို အကောင်းဆုံးအခြေအနေဖြစ်အောင် ထိန်းသိမ်း ပြုပြင်ခြင်းနှင့် သက်ဆိုင်သော အနာဂတ်အခင်းအကျင်းကို ဖွံ့ဖြိုးအောင်ဆောင်ရွက်နေသည့် ကျွမ်းကျင်သူများ၊ နည်းပညာရှင်များနှင့် စွန့်ဦးတီတွင်များကို တစ်စုတစ်စီးတည်း ဆုံစည်းနိုင်အောင် ဆောင်ကြဉ်းပေးပါသည်။