Apple CarPlay သုံးတော့မယ်ဆိုရင်

0

Full article

Apple CarPlay ဆိုတာကတော့ သိကြတဲ့အတိုင်း။ ကိုယ့်ကားရဲ့ infotainment စနစ်နဲ့ Apple ရဲ့ iPhone ကိုအလွယ်တကူချိတ်ဆက်အသုံးပြုနိုင်အောင် အထောက်အပံ့ပေးတာပါ။ Andriod ဖုန်းအသုံးပြုသူတွေအတွက်လည်း Android Auto စနစ်ရှိပြီးသား။ အခုကတော့ Apple CarPlay အသုံးပြုမယ်ဆိုရင် ပိုပြီး လွယ်ကူအဆင်ပြေစေမယ့်နည်းလမ်းတချို့ကိုဖေါ်ပြပေးသွားမှာပဲဖြစ်ပါတယ်။

Apple CarPlay ကိုအထောက်ပံ့ပေးတဲ့ကားဆိုရင် ကြိုးနဲ့ချိတ်ဆက်ပြီးပဲဖြစ်ဖြစ်၊ bluetooth နဲ့ချိတ်ဆက်ပြီးပဲဖြစ်ဖြစ် ကိုယ့်ရဲ့ iPhone နဲ့ ကားရဲ့ infotaintment စနစ်ကိုချိတ်ဆက်လို့ရပါတယ်။ ဒီလိုချိတ်ဆက်ပြီးပြီဆိုရင်တော့ iPhone မှာပါတဲ့ Phone ၊ Music ၊ Maps ၊ Messages ၊ ​Podcasts နဲ့ Audiobooks စတာတွေကို ကားရဲ့ infotainment မျက်နှာပြင်မှာသုံးလို့ရပါပြီ။ ဒီလိုချိတ်ဆက်လိုက်ခြင်းအားဖြင့် ဖုန်းခေါ်တာ/ကိုင်တာ၊ သီချင်းဖွင့်တာ၊ ဂြိုဟ်တုလမ်းညွှန်အသုံးပြုတာ စတာတွေကို ဖုန်းကို ကိုင်စရာမလိုတော့ဘဲ ကားရဲ့ infotainment စနစ်ကနေပြီးအသုံးပြုလို့ရပါတယ်။ ဂြိုဟ်တုလမ်းညွှန်ဆိုရင် ဖုန်းမှာသုံးတာထက် infoainment စနစ်နဲ့ချိတ်ဆက်ပြီးအသုံးပြုမယ်ဆိုရင် အများကြီး ထင်ရှားပြီးလွယ်ကူအဆင်ပြေစေတာပါ။ ဒီလို Apple CarPlay အသုံးပြုရာမှာ အခုမှစသုံးမယ့်သူတွေအတွက်တော့ အောက်ပါအချက်အချက်ကလေးတွေသိထားရင် ပိုမိုလွယ်ကူအဆင်ပြေမှာသေချာပါတယ်။

၁။ မျက်နှာပြင်ကို လိုသလိုချိန်ညှိနိုင်ခြင်း

Apple CarPlay မှာက infotainment မျက်နှာပြင်မှာပေါ်နေမယ့် iPhone ရဲ့ apps (icons) တွေကို လိုသလိုထားလို့ရပါတယ်။ ပြောရမယ်ဆိုရင် တချို့သော apps တွေကို infotainment မျက်နှာပြင်မှာ လာပြီးပေါ်မနေအောင်လို့ ဖွက်ထားလို့ရတယ်။

ဒီလိုမျိုး customized screen ကိုလိုချင်တယ်ဆိုရင်တော့ iPhone က Settings ကိုသွားပါ။ ပြီးရင် General အောက်က CarPlay ထဲကိုဝင်ပါ။ ပြီးရင် ဖုန်းနဲ့ချိတ်ထားတဲ့ ကားစာရင်းထဲက ကိုယ်အသုံးပြုမယ့် ကားကိုရွေးပါ။ Infotainment မျက်နှာပြင်မှာပေါ်တဲ့အတိုင်း ကိုယ့်ရဲ့ဖုန်းမှာပေါ်လာတာကိုတွေ့ရပါလိမ့်မယ်။ ဖုန်းမှာပေါ်နေတဲ့ apps တွေကို ကိုယ်လိုချင်သလို စီမံပါ။ Infotainment မျက်နှာပြင်ပေါ်မှာ ကိုယ်ပေါ်စေချင်တဲ့ပုံစံအတိုင်းပေါ့။

၂။ Radio Station တစ်ခုဖန်တီးနိုင်ခြင်း

Apple CarPlay သုံးပြီဆိုရင် Apple Music တို့ iTunes တို့ကနေပြီးသီချင်းတွေလည်းနားထောင်ဖြစ်ဖို့များပါတယ်။ အဲဒီလိုနားထောင်ပြီးပြီဆိုရင် ကိုယ်နားထောင်နေကျသီချင်းတွေနဲ့ ခပ်ဆင်ဆင်တူတဲ့သီချင်းတွေပဲလွှင့်တဲ့ Radio Station တစ်ခုဖန်တီးလို့ရပါတယ်။ နိုင်ငံတကာမှာတော့ Now Playing Screen က အစက်လေးသုံးစက်ကိုနှိပ်ပြီး create radio station ကိုရွေးလိုက်ရုံပါပဲ။ ဒီမှာတော့ ရ/မရ မသိဘူးဗျ။

၃။ Text Messages တွေကို Siri ကိုဖတ်ခိုင်းခြင်း

iPhone ရဲ့ Siri ဟာ စကားနဲ့ပြောဆိုအမိန့်ပေးမေးမြန်းနိုင်ရုံမက text တွေကိုလည်း ဖတ်ခိုင်းလို့ရပါတယ်။ အင်္ဂလိပ်စာလုံးတွေဖြစ်ဖို့တော့လိုတာပေါ့။ မြန်မာနိုင်ငံမှာလည်း ယူနီကုဒ်တွေဘာတွေပြောင်းပြီးနောက်ပိင်း ရလာနိုင်မယ်လို့ မျှော်လင့်ရတာပဲ။ လောလောဆယ်မှာတော့ အင်္ဂလိပ်စာလုံးတွေနဲ့ဆိုရင် ကိုယ်ပို့ချင်တဲ့ message ကိုအသံနဲ့စေခိုင်းပြီးတော့ပဲဖြစ်ဖြစ် ကိုယ့်ဆီဝင်လာတဲ့ message ကို Siri ကိုဖတ်ခိုင်းတာပဲဖြစ်ဖြစ် Apple CarPlay ကတစ်ဆင့် ပြုလုပ်နိုင်ပါတယ်။ ကားမောင်းနေရင်း ကိုယ့်ဆီဝင်လာတဲ့ messages တွေကို ကိုယ်တိုင်ဖတ်စရာမလိုဘဲ နားနဲနားထောင်တာဟာ ပိုပြီးဘေးအန္တရာယ်ကင်းရှင်းပါတယ်။  

၄။ Screenshot ရိုက်ယူနိုင်ခြင်း

CarPlay နဲ့ချိတ်ဆက်ထားတဲ့အချိန် ကိုယ့်ရဲ့ iPhone မှာ screenshot ရိုက်လိုက်မယ်ဆိုရင် iPhone display ကိုသာမက CarPlay display ရဲ့ screenshot ကိုပါရရှိမှာပါ။

၅။ Do Not Disturb

iPhone တွေရဲ့ Do Not Disturb While Driving ဆိုတာကလည်း သိကြတဲ့အတိုင်း on ထားမယ်ဆိုရင် ကားမောင်းနေချိန်အတွင်း ဖုန်းဝင်လာတာတို့ message ဝင်လာတာတို့အတွက် အသံကိုပိတ်ပေးထားပြီး ဖုန်းအခေါ်ခံရသူဟာ ကားမောင်းနေသောကြောင့် အကြောင်းမပြန်ကြားနိုင်ကြောင်းကို message ကနေအလိုအလျောက် ပြန်ပို့ပေးသွားမယ့် feature ပါ။ ဒါမျိုးကို ဖုန်းအတွက် သက်သက်သာမက Apple CarPlay မှာလည်းတစ်ပါတည်းသုံးလို့ရပါတယ်။ Built-in ပါပြီးသားပါ။ ကိုယ်ဖုန်းရဲ့ Do Not Disturb ဆိုတဲ့ feature ကို on ထားလိုက်ရုံပါပဲ။

၆။ CarPlay ရဲ့ အသွင်အပြင်ကို ပြောင်းလဲနိုင်ခြင်း

နောက်ဆုံးပေါ်ဖုန်းတွေလိုမျိုးပါပဲ။ Apple CarPlay မှာလည်း Dark နဲ့ Light ဆိုပြီးအသွင်အပြင်နှစ်မျိုးပါ ပါတယ်။​ ပုံမှန်အတိုင်းဆိုရင် Dark နဲ့ဖြစ်နေမှာဖြစ်ပြီး ပြောင်းလဲချင်ရင်တော့ CarPlay setting ထဲမှာသွားပြောင်းလိုက်ရုံပါပဲ။

၇။ Album Art တွေကို ဖေါ်ထားခြင်း သို့မဟုတ် ဖျောက်ထားခြင်း

Apple CarPlay နဲ့ဖုန်းနဲ့ချိတ်ဆက်ပြီး သီချင်းတွေနားထောင်တဲ့အခါမှာ သီချင်းရဲ့ပုံရိပ် (album art) ကို infotainment မျက်နှာပြင်ပေါ်မှာ လိုချင်ပါက ဖေါ်ထားလို့ရပြီး မလိုချင်ရင်လည်း ဖျောက်ထားလို့ရပါတယ်။ ကားပေါ်မှာ ကလေးငယ်တွေပါလာတဲ့အချိန် ကလေးတွေမမြင်သင့်တဲ့ ပုံရိပ်မျိုးတွေဆိုရင် ဖျောက်ထားလိုက်နိုင်တာဟာ လူကြီးတွေအတွက်ရော ကလေးတွေအတွက်ပါ ပိုပြီးအဆင်ပြေစေမှာပါ။

၈။ ကိုယ့်ကားကိုရှာဖွေခြင်း

ကားတွေအများကြီးရပ်ထားတဲ့ ကားပါကင်လိုနေရာမျိုးမှာ ကိုယ့်ကားကိုရှာဖွေဖို့အတွက် နီးစပ်ရာ နေရာ နံပတ်တွေကို ဟိုးတုန်းကလို ဓါတ်ပုံရိုက်ထားစရာမလိုတော့ပါဘူး။ Apple CarPlay မှာက ဒါမျိုးအတွက် ပိုမိုလွယ်ကူအဆင်ပြေစေမယ့် feature ပါဝင်ပါတယ်။ Settings ထဲက Maps မှာထည့်သွင်းထားဖို့တော့လိုတာပေါ့။ အဲဒီကမှ Show Parked Location ကို on ထားပေးရမှာဖြစ်ပါတယ်။

Ref: Apple CarPlay Tips And Tricks You Should Know by Amit Chowdhry

Author