ဥပမာအနေနဲ့ ပြရရင် သင်ဟာ ဝိုင်တစ်လုံးကို ညနေပိုင်းကစသောက်ပြီး ညသန်းခေါင်အချိန်မှာ ကုန်သွားတယ်ဆိုပါစို့.. ဒါဆိုရင် မနက်လင်းတဲ့အခါ သင့်စိတ်ထဲမှာ ကြည်ကြည်လင်လင်ရှိနေပေမယ့် သင့်သွေးထဲက Alcohol ကတော့ နေ့လည် (၁၂) နာရီအထိ ကျန်ရှိနေပါသေးသတဲ့..
အောက်မှာဖော်ပြထားတာကတော့ သွေးထဲမှာရှိနေတဲ့ Alcohol ကုန်ဆုံးသွားရန် အကြမ်းဖြင်းကြာချိန် ဖြစ်ပါတယ်.။
Alcohol 5% ပါဝင်တဲ့ 330ml ပုလင်းသေးတစ်လုံး : ၂ နာရီ
Alcohol 15% ပါဝင်တဲ့ ဝိုင်ခွက် ခပ်ကြီးကြီးတစ်ခွက် : ၄ နာရီ
Alcohol 4% ပါဝင်တဲ့ ဘီယာ ငါးကြင်းခွက်တစ်ခွက် : ၂ နာရီခွဲ
Alcohol 5% ပါဝင်တဲ့ ဘီယာ၊ ဝိုင် ငါးကြင်းခွက်တစ်ခွက် : ၃ နာရီ
Vodka တစ်ပက် : ၁ နာရီခွဲ
Alcohol 15% ပါဝင်တဲ့ ဝိုင်တစ်ပုလင်း : ၁၂ နာရီ
Alcohol 5% ပါဝင်တဲ့ ဘီယာတစ်ဗူး : ၂ နာရီခွဲ
ဒါကတော့ အကြမ်းဖြင်းပါ.။ သောက်သုံးသူရဲ့ ကျန်းမာရေး၊ ဆေးဝါးတွေသောက်သုံးမှု၊ အစားအစာ နဲ့ ယောကျာ်းမိန်းမ ဒါတွေအပေါ်မှာလိုက်ပြီး ပြောင်းလဲမှုရှိနိုင်ပါတယ်.။
အကောင်းဆုံးကတော့ ယာဉ်မောင်းမယ်ဆိုရင် ဘာမှမသောက်တာအကောင်းဆုံးပါ.။ နောက်တစ်နေ့မှာ မောင်းစရာရှိတယ်ဆိုရင်လဲ ယနေ့ညမှာ အများကြီးမသောက်တာ ကောင်းပါတယ်.။ အရက်သောက်သုံးပြီး ယာဉ်မောင်းခြင်းဖြင့် ဥပဒေအရ အရေးယူခံရတာထက် မိမိရဲ့ အသက်အန္တရာယ်၊ ယာဉ်ပေါ်ပါလာသူတွေရဲ့ အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်.။ အမေရိကန်မှာတော့ ရဲတွေက Alcohol စစ်တဲ့ကိရိယာတွေနဲ့ မသင်္ကာသူတွေကို ချက်ချင်းစစ်ဆေးပါတယ်.။ ဒီမှာကတော့ အဲဒီလိုစစ်ဆေးမှု မရှိတဲ့အတွက် အရက်သောက်သုံးပြီး မောင်းနှင်သူတွေ ရှိနေကြပါတယ်.။ ဒါကြောင့် MyanmarCarsDB ပရိသတ်များ အန္တရာယ်ကင်းစေဖို့ တင်ပြပေးလိုက်ပါတယ်.။
Aung Mon Chan
www.myanmarcarsdb.com
No. 1 Car Site in Myanmar
Ref: RoadSafety.com