အသုံးအဝင်ဆုံး ကားနည်းပညာ (၉) ခု

0

Full article

နည်းပညာခေတ်မှာ အခြားသောနည်းပညာများတိုးတက်လာတဲ့နည်းတူ နေ့စဉ်မောင်းနှင်နေကြတဲ့ ကားတွေမှာလဲ နည်းပညာသုံး ပစ္စည်းတွေ တပ်ဆင်အသုံးပြုလာခဲ့ပြီဖြစ်ပါတယ်.။ ယနေ့ခေတ်ဝယ်ယူ ရရှိနိုင်တဲ့ ကားတွေထဲမှာ ပါဝင်နေပြီဖြစ်တဲ့ နည်းပညာတွေထဲမှ အသုံးအဝင်ဆုံး နည်းပညာ (၉) ခုကို ရေးသားဖော်ပြပေးလိုက်ပါတယ်.။

(၁) Apple CarPlay and Android Auto

မိုဘိုင်းဖုန်းတွေ စတင်တီထွင်အသုံးပြုလာခဲ့တဲ့ အချိန်ကစပြီး လူတွေဟာ ကားတွေရဲ့ Media Interface ကိုလဲ ဖုန်းရဲ့ Interface များနဲ့ အတူတူ ရရှိဖို့ တောင့်တလာခဲ့ကြပါတယ်.။ အခုချိန်မှာတော့ Apple CarPlay နဲ့ Android Auto တို့ရဲ့ ကျေးဇူးကြောင့် ဒါဟာတကယ်ဖြစ်လာခဲ့ပါပြီ.။ ဒီစနစ်များတပ်ဆင်ထားတဲ့ ကားများမှာ မိမိတို့ဖုန်းနဲ့ ချိတ်ဆက်လိုက်တာနဲ့ Media Interface, Audio Display နဲ့ ကားမောင်းနှင်နေစဉ်မှာ အသုံးပြုဖို့ သင့်လျော်တဲ့ App များကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်.။ အဓိကအားဖြင့် Voice Control ကို အသုံးပြုရမှာဖြစ်ပြီး အခြားလိုအပ်တဲ့ Feature များစွာလဲ ပါဝင်ပါသေးတယ်.။ App များအနေနဲ့ Radio App များ၊ Navigation App များနဲ့ Weather App များ အများဆုံးအသုံးပြုနိုင်မှာဖြစ်ပါတယ်.။ ကားမှာ CarPlay နဲ့ Android Auto တို့ တပါတည်းပါဝင်ပြီးသား မဟုတ်ခဲ့ရင်လဲ $700 ခန့်အသုံးပြုပြီး Dashboard မှာ တပ်ဆင်နိုင်ပါသေးတယ်.။

(၂) Expanded Bluetooth

Bluetooth Technology ဟာ စတင်ပေါ်လာစဉ်ကတည်းက Hand-free Calling နဲ့ File Sharing အတွက် အသုံးဝင်တဲ့ Feature တစ်ခုဖြစ်ခဲ့ပါတယ်.။ ယခုအခါမှာတော့ Bluetooth Feature Built-in ပါဝင်တဲ့ ကားများလဲ ထုတ်လုပ်ရောင်းချလာပြီဖြစ်ပါတယ်.။ ကားမှာပါဝင်တဲ့ Bluetooth စနစ်ကို ဖုန်းနဲ့ချိတ်ဆက်ပြီး ဖုန်းခေါ်ဆိုစေခြင်း၊ ဖုန်းလက်ခံခြင်း၊ အသံဖြင့် Message ပို့ခြင်း၊ သီချင်းနှင့် ရေဒီယိုဖွင့်ခြင်း၊ Map ကိုအသုံးပြုပြီး သွားလိုရာကို လမ်းညွှန်စေခြင်း အစရှိတဲ့ လုပ်ငန်းများကို လုပ်ခိုင်းလို့ ရနေပြီဖြစ်ပါတယ်.။

(၃) USB Ports

USB Port များပါဝင်တဲ့ကားမျာဟာ မိမိတို့ရဲ့ ဖုန်း နဲ့ Accessories တွေကို အားသွင်းနိုင်ရုံတင်မက wireless function များ မပါဝင်တဲ့ ဖုန်းမော်ဒယ်အဟောင်းတွေ၊ iPod Generation အနိမ့်တွေအတွက် သီချင်းဖွင့်ခြင်း၊ ရေဒီယိုဖွင့်ခြင်း စတဲ့ လုပ်ငန်းများကို လုပ်ဆောင်နိုင်ဖို့ အသုံးဝင်ပါတယ်.။ Bluetooth ကို အသုံးပြုနိုင်တဲ့ ကားအချို့မှာလဲ USB Port ကို အသုံးပြုပြီး ပိုကောင်းမွန်တဲ့ အသံစနစ်နဲ့ နားထောင်နိုင်တာကိုတွေ့ရပါတယ်.။ Bluetooth စနစ်မပေါ်ခင်ကဆိုရင် USB Port တွေဟာ ဖုန်းနဲ့ SD Card တွေနဲ့ ချိတ်ဆက်ဖို့ တစ်ခုတည်းသော option ဖြစ်ခဲ့ပါတယ်.။

(၄) Keyless Access and Start

နောက်ပိုင်းထွက်ရှိလာတဲ့ကားတွေမှာ ကားသော့မလိုအပ်ဘဲ ကားတံခါးကို လက်ဗွေမှတ်တမ်းနဲ့ ဖွင့်လှစ်နိုင်တဲ့ စနစ်၊ ကားစက်နှိုးရာမှာလဲ သော့မလိုဘဲ လက်ဗွေနဲ့ နှိုးနိုင်တဲ့စနစ်တွေ ပါဝင်လာပြီဖြစ်ပါတယ်.။ ဒါကြောင့် အရင်ကလို သော့ပျောက်မှာ မစိုးရိမ်ရတော့တဲ့အပြင် ကားရဲ့ လုံခြုံရေးပိုင်းကိုလဲ အဆင့်မြှင့်တင်ပြီးသား ဖြစ်သွားပါတယ်.။

(၅) App Integration

တစ်ချို့ကားတွေမှာ ကားရဲ့ Digital Interface ပေါ်မှာ User များ အသုံးလိုမယ့် App တွေ တစ်ပါတည်း ပါဝင်ပြီးသား ထည့်သွင်းပေးလာပါတယ်.။ ဒီစနစ်တွေကို အင်တာနက်ပလန်များနဲ့ တွဲဖက်ဝယ်ယူနိုင်ပြီး ကားအတွက် သီးသန့် ဒေတာပလန်များလဲ ရှိပါတယ်.။ တစ်ချို့စနစ်တွေမှာတော့ ဖုန်းမှာအသုံးပြုထားတဲ့ ဒေတာပလန်များနဲ့ ချိတ်ဆက်ပြီးအသုံးပြုနိုင်တဲ့အတွက် အပိုကုန်ကျမှု မရှိတော့ပါဘူး.။ Pandora Radio, Bing Local Search, Stitcher Radio, The Weather Channel, Movietickets.com, OpenTable, Aha Radio နဲ့ Glympse location sharing အစရှိတဲ့ Service တွေ ပါဝင်ပါတယ်.။

(၆) Remote Vehicle Management

ဒီစနစ်ကတော့ မိမိတို့ရဲ့ smartphone မှတဆင့် ကားရဲ့ လုံခြုံရေးစနစ်၊ Door lock နဲ့ ကားစက်နှိုးခြင်းတွေကို ထိန်းချုပ်နိုင်မယ့်စနစ်ဖြစ်ပါတယ်.။ လိုအပ်တဲ့ App ကို Download ရယူပြီးတာနဲ့ အဆိုပါစနစ်ထည့်သွင်းထားတဲ့ ကားတွေကို အင်တာနက်ကတဆင့် လိုအပ်သလို ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်.။

(၇) Blind Spot Monitoring and Cross Traffic Alert

ဒီစနစ်ကတော့ ကားပေါ်မှာလိုက်ပါလာသူတွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းမှုကို ဦးစားပေးထားတဲ့ စနစ်ဖြစ်ပါတယ်.။ ကားမောင်းနှင်နေစဉ်မှာ မြင်ရန်ခက်ခဲတဲ့ Blind Spot အတွင်း ဝင်ရောက်လာတဲ့ ကားများ၊ အရာဝတ္ထုများကို ကားမှာတပ်ဆင်ပေးထားတဲ့ Sensor များမှတဆင့် သိရှိနိုင်မှာဖြစ်ပြီး အန္တရာယ်ရှိလာမယ်ဆိုရင် အချက်ပြပေးမှာဖြစ်ပါတယ်.။ ဒါ့အပြင် လမ်းဆုံလမ်းခွများကို ဖြတ်သန်းစဉ်မှာ အရှိန်နဲ့ ဝင်လာမယ့် အခြားကားများနဲ့ အရာဝတ္ထုများကိုလဲ စောင့်ကြည့်ပြီး အသိပေးသွားမှာဖြစ်ပါတယ်.။

(၈) Lane Keeping Assists

ဒီစနစ်ကတော့ အလိုအလျောက်မောင်းနှင်နိုင်တဲ့ ကားများထုတ်လုပ်မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် တီထွင်ထားတဲ့ စနစ်ဖြစ်ပါတယ်.။ ဟိုက်ဝေးလမ်းမပေါ်မှာ လမ်းကြောင်းတစ်ခုယူပြီး မောင်းနှင်နေစဉ်မှာ ဒီစနစ်ကို ဖွင့်ထားမယ်ဆိုရင် ကားဟာ ဒီလမ်းကြောင်းအတိုင်း မပြောင်းလဲဘဲ မောင်းနှင်နိုင်မှာဖြစ်ပါတယ်.။ ဒါဟာ ညဘက်ကားမောင်းသူတွေနဲ့ ကားမောင်းရင်း အိပ်ငိုက်တတ်သူတွေအတွက် အလွန်အသုံးဝင်တဲ့ စနစ်ဖြစ်ပါတယ်.။

(၉) Adaptive Cruise Control and Pre-collision Systems

လေအိတ်တွေတီထွင်ပြီးတဲ့နောက်ပိုင်းမှာ အကောင်းဆုံး အန္တရာယ်ကင်းစနစ်တီထွင်မှုကို ပြပါဆိုရင် Pre-collision System တွေကို ပြရမှာဖြစ်ပါတယ်.။ ဒီစနစ်ဟာ ကားမှာတပ်ဆင်ထားတဲ့ sensor တွေနဲ့ ကင်မရာတွေကို အသုံးပြုပြီး ကားတိုက်မှု မဖြစ်ခင် ကြိုတင်အသိပေးခြင်း၊ လိုအပ်ပါက အရေးပေါ် ဘရိတ်အုပ်ပေးခြင်း အစရှိတဲ့ လုပ်ဆောင်မှုတွေကို ဆောင်ရွက်ပေးမှာဖြစ်ပါတယ်.။ ဒီ Sensor တွေနဲ့ ကင်မရာတွေကို အသုံးပြုပြီး လိုချင်တဲ့ speed နဲ့ အကွာအဝေးကို သတ်မှတ်ပေးပြီးတဲ့အခါ ရှေ့မှ ကားတစ်စီးရဲ့ မောင်းနှင်မှုအတိုင်း နောက်ကလိုက်ပြီး မောင်းနှင်နိုင်တဲ့ Adaptive Cruise Control စနစ်ကိုလဲ အသုံးပြုနိုင်ပါတယ်.။

Ref: Kbb.com

Written by: အောင်မွန်ချမ်း

www.carsdb.com

No. 1 Car Site in Myanmar

Author