၂၀၂၀-၂၀၂၁ အတွက် အကြီးဆုံးနဲ့အကောင်းဆုံး ဇိမ်ခံ SUVs များ

0

Full article

အကြီးဆုံးနဲ့အကျယ်ဆုံးကိုမှ ဇိမ်ခံမှုအဆင့်မြင့်မြင့်မားမားနဲ့ SUVs အသစ်တွေကို ရှာနေပါသလား။ မိသားစုတွေသာမက၊​ မိတ်ဆွေသူငယ်ချင်းတွေပါ တင်ဆောင်သွားနိုင်တာမျိုး။ ဒါ့အပြင် ကားနောက်မှာလည်း လှေငယ်လိုမျိုး အပိုအသုံးအဆောင်တင်ဆောင်တဲ့ trailer တွေကိုပါ ဆွဲယူသွားနိုင်တာမျိုး၊ လမ်းကြမ်းလမ်းချောမရွေး ဘယ်လိုနေရာကိုမဆို သွားနိုင်တာမျိုး ...

တွေကို ရှာနေတယ်ဆိုရင်တော့ အောက်ဖေါ်ပြပါကားတွေဟာ အကောင်းဆုံးတွေပါပဲလို့ ညွှန်းဆိုပါရစေ။

2020 Lincoln Navigator ($75,000)

1988 ခုနစ်က စတင်ထုတ်လုပ်လိုက်တဲ့ Lincoln Navigator ရဲ့ 2020 version ပါ။​ လမ်းမပေါ်က အပျော်စီးသင်္ဘောလို့လည်းခေါ်နိုင်ပါတယ်။ ကျယ်ဝန်းသော၊ ဇိမ်ကျသော အတွင်းခန်းနဲ့ အင်အားပြည့်ဝသော၊ ဒီဇိုင်းသေသပ်လှသော အင်ဂျင်နဲ့ပါ။ အမေရိကထုတ်ဖြစ်တဲ့အတိုင်း အမေရိကန်တွေအကြိုက် ရှင်းရှင်းကျယ်ကျယ်ဖြစ်ပါတယ်။ အပြင်အတိုင်းအတာကတော့ အရှည် 5,334mm x အကျယ် 2,383mm x အမြင့် 1,940mm စီအသီးသီးရှိတယ်။​

အတွင်းခန်းက လုံးဝကျယ်ပြောပြီး အရည်အသွေးမြင့် သားရေစစ်ထိုင်ခုံတွေနဲ့။ ရှေ့ထိုင်ခုံဆိုရင် ချိန်ညှိမှု ဆယ်မျိုးအထိတောင်မှ e-motor နဲ့လုပ်ဆောင်နိုင်တဲ့အပြင် ထိုင်ခုံလေပူ/လေအေးစနစ်လည်းပါပြီးသား။ Chrome နဲ့ သစ်သား ပေါင်းစပ်ထားတဲ့ အဆင့်မြင့်အတွင်းခန်းလို့လည်းဆိုနိုင်ပါတယ်။

Wheelbase အလျားကတော့ 3,111mm အထိရှိတဲ့အတွက် Navigator ရဲ့ တတိယခုံတန်းဟာ လူကြီးတွေအမှန်တကယ်စီးနင်းလိုက်ပါဖို့ ကောင်းစွာကျယ်ဝန်းပါတယ်။

2020 Lincoln Navigator ကို V6 3.5-liter twin turbocharged အင်ဂျင်နဲ့ပါဝါထုတ်ပေးမှာဖြစ်ပြီး အမြင့်ဆုံးအနေနဲ့ မြင်းကောင်ရေ 450 အထိရရှိမှာပါ။ 10-speed automatic transmission နဲ့ဖြစ်ပြီး all-wheel drive စနစ်နဲ့ဖြစ်ပါတယ်။ တွဲဖက်အဖြစ် Co-Pilot360™ မောင်းသူအထောက်အကူပြု နည်းပညာနဲ့ဖြစ်တာကြောင့် ဘယ်လိုလမ်းအနေအထားမျိုးဖြစ်နေပါစေ အကောင်းဆုံးမောင်းနှင်မှုအတွေ့အကြုံကိုပေးစွမ်းနိုင်မှာ အသေအချာပါပဲ။

2021 Cadillac Escalade ($75,000)

အမေရိက မော်တော်ယာဉ်ထုတ်လုပ်ရေးကြီးတစ်ခုရဲ့ ပဥ္စမမြောက်မျိုးဆက် 2021 Cadillac Escalade ကတော့ သူတို့ရဲ့အမှတ်သညာဒီဇိုင်းကိုမှ ပိုပြီးခေတ်မီလာတယ်။ ပိုပြီးဇိမ်ကျလာတယ်။ တောက်ပြောင်နေတဲ့ chrome grille နဲ့ထင်ထင်ရှားရှား chiseled lines တွေဟာ Cadillac Escalade ရဲ့ကိုယ်ပိုင်လက္ခဏာပါပဲ။ 3,071mm ရှိတဲ့ wheelbase နဲ့ဖြစ်ပြီး  independent suspension အသစ်နဲ့ပါ။ အပြင်အတိုင်းအတာကတော့ အရှည် 5,382mm x အကျယ် 2,059mm x အမြင့် 1,948mm အသီးသီးရှိကြတယ်။ အလယ်ခုံတန်းနောက်ပိုင်းသက်သက်တင် 1,577-liter အထိဝင်ဆံ့မှုရှိပြီး နောက်ခုံနှစ်တန်းလုံးကိုခေါက်ထားလိုက်မယ်ဆိုရင်တော့ ဝင်ဆံ့မှု 2,831-liter အထိတောင်မှာရနိုင်မှာဖြစ်တဲ့အတွက် လုံးဝကို ‘ဝိုး’ ပါပဲ။

အတွင်းခန်းက ဆွဲဆောင်မှုအရှိဆုံးကတော့ သိပ်ကြီးတဲ့ OLED screen ကြီးဖြစ်ပါတယ်။​ 4K တီဗီတွေထက်တောင်မှ resolution ကနှစ်ဆလောက်ပိုကောင်းတယ်လို့ ဆိုထားတာပါ။ ထိပ်တန်း သားရေစစ်၊ အရည်အသွေးမြင့် သစ်သားနဲ့ သတ္တုအလှဆင်မှု၊ ပြိုင်ဘက်ကင်း speaker သုံးဆယ့်ခြောက်လုံးနဲ့ AKG studio အသံစနစ် တွေနဲ့ဆိုတော့ တကယ်ကိုထိပ်တန်းပါပဲ။

အင်ဂျင်ပိုင်းကတော့ ရွေးချယ်စရာနှစ်မျိုးရှိပါတယ်။ 6.2-liter V6 အင်ဂျင်ကတော့ 420hp အထိ အမြင့်ဆုံးပါဝါထုတ်လွှတ်ပေးနိုင်ပါတယ်။ Turbo ဒီဇယ်အင်ဂျင်ကတော့ 3.0-liter ရှိပြီး 623Nm အထိ torque ရရှိနိုင်တာပါ။ တခြားရွေးချယ်စရာတွေကတော့ air suspension compressor နဲ့  electronic limited slip differential တို့ဖြစ်ပါတယ်။

မိသားစုကြီးတစ်ခုလုံးကိုကားပေါ်တင်၊ လမ်းကြမ်းတွေပေါတဲ့ ခရီးဝေးကိုသွားဖို့ဆိုရင်တော့  2021 Cadillac Escalade ဟာ ခင်ဗျားစိတ်ကြိုက်ဖြစ်မှာပါပဲ။

2021 Mercedes-AMG GLS 63 ($132,000)

Mercedes-AMG GLS 63 2021 ကတော့ ကြီးမားကျယ်ပြောဇိမ်ကျမှုနဲ့ပြည့်စုံတဲ့အပြင်ကိုမှ နည်းပညာပိုင်းကလည်း သိပ်ကိုကောင်းတာပါ။ Voice control (Siri တို့ OK Google တို့လို) လည်းရသလို Burmester 3D surround အသံပိုင်းစနစ်ကလည်း ကောင်းမှကောင်း။ ခြောက်ဆယ့်လေးရောင်ပြောင်းလဲနိုင်တဲ့ ambient light နဲ့ ဘက်စုံသုံး sporty ထိုင်ခုံတွေကတော့ အသုံးပြုသူရဲ့အကြိုက်ကို အသေးစိတ်ဖြည့်ဆည်းပေးပါလိမ့်မယ်။

4-liter V8 twin turbocharged အင်ဂျင်ဟာ မြင်းကောင်ရေ 603 အထိအမြင့်ဆုံးထုတ်လွှတ်ပေးနိုင်စွမ်းရှိပြီး 9-speed automatic transmission နဲ့ဖြစ်ပါတယ်။ Wheelbase အလျားကတော့ 3,134mm ရှည်ပြီး လူခုနစ်ယောက် သက်သောင့်သက်သာလိုက်ပါစီးနင်းနိုင်တယ်ဆိုတာကို သေချာစေနိုင်တာမျိုးပေါ့။ အပြင်အတိုင်းအတာကတော့ အရှည် 5,242mm x အကျယ် 2,029mm x အမြင့် 1,783mm စီအသီးသီးရှိတယ်။​

ဇိမ်အလွန်ကျမယ့် SUV ဖြစ်တဲ့အပြင်ကိုမှ automatic air suspension ၊ AMG active cruise control စနစ် ၊ မောင်းသူကို အလိုအလျောက်အထောက်အပံ့ပေးမယ့် steering ၊ blind spot assist စတဲ့ ယာဉ်မောင်းသူအထောက်အကူပြု အင်္ဂါရပ်တွေကလည်း အများကြီးနဲ့  2021 Mercedes-AMG GLS 63 ဖြစ်ပါတယ်။

2020 Ford Expedition ($52,810)

ခင်ဗျားတို့မိသားစုဟာ အားလပ်ရက်တွေတိုင်းမှာ လျှောက်လျှောက်သွားဖို့ ပြင်းပြတဲ့ဆန္ဒ ရှိနေတဲ့အပြင် ကိုယ့်ရဲ့ရွေ့လျားအိပ်ခန်းကလေးကိုပါ တစ်ပါတည်းဆွဲသွားချင်တယ်ဆိုပါတော့။ ဒါဆိုရင်တော့ခင်ဗျားရဲ့အဝယ်စာရင်းမှာ Ford ရဲ့ 2020 Expedition ကိုသေချာပေါက် ထည့်သွင်းထားရတော့မှာပါ။

ကားအတွင်းမှာက ခုံသုံးတန်း၊ လူရှစ်ယောက်ကို ချောင်ချောင်ချိချိကြီးလိုက်ပါစီးနင်းလို့ရတယ်။ ခုံအားလုံးကို အဆင့်မြင့်သားရေသားစစ်စစ်တွေနဲ့ဖုံးအုပ်ထားပြီး massage fucnction တွေလည်းပါဝင်ပါသေးတယ်။ ရှေ့ခုံနှစ်လုံးက ချိန်ညှိမှု ဆယ်မျိုးအထိလုပ်ဆောင်နိုင်ပြီး နောက်ခုံနှစ်တန်းကတော့ လွယ်လင့်တကူခေါက်လို့ရတဲ့အတွက် ပစ္စည်းပစ္စယချည်းတင်ဆောင်မယ်ဆိုရင်တောင် ဝင်ဆံ့မှုပမာဏကတော့ အများအပြားပါပဲ။

Expedition ရဲ့ အသည်းနှလုံးကတော့ 3.5-liter turbocharged V6 အင်ဂျင်ပါ။ နောက်ယက်ချည်းမောင်းလို့ရသလို all-wheel drive နဲ့လည်း 10-speed automatic transmission ကနေတစ်ဆင့် သင့်လျော်သလို မောင်းနှင်လို့ရတယ်။ Wheelbase အလျားကတော့ 3,112mm ရှည်တဲ့အတွက် Navigator ထက်ရော Escalade ထက်ပါပိုရှည်ပါတယ်။ အပြင်အတိုင်းအတာကတော့ အရှည် 5,334mm x အကျယ် 2,029mm x အမြင့် 1,946mm အသီးသီးရှိတယ်။ ပုံစံနဲ့အင်ဂျင်ယှဉ်တွဲကြည့်မယ်ဆိုရင် ကြီးမားပြီး အားကောင်းလှတဲ့ ကားတစ်စီးပါပဲ။

အခုဖေါ်ပြထားတဲ့ လေးစီးစလုံးကတော့ တကယ့်ကို ကြီးပေ့၊ ကျယ်ပေ့၊ ဇိမ်ကျပေ့ဆိုတဲ့ နောက်ဆုံးထုတ် ကားတွေချည်းပါပဲ။ သူတို့ကို အကောင်းဆုံးယှဉ်လို့ရမယ့် နောက်ထပ် လေးစီးကိုတော့ နောက်တစ်ပတ်မှာ ဆက်လက်တင်ဆက်ပေးသွားပါဦးမယ်။​

Ref: 8 LUXURY LARGEST SUVs in 2020-2021 that will make your family feel like the emperor (Full size SUV) by Millie Jackson

2020 Lincoln Navigator

2021 Cadillac Escalade

2021 Mercedes-AMG GLS 63

2020 Ford Expedition

Author