Toyota Venza Vs Toyota RAV4

0

Full article

မြန်မာတို့ရဲ့အသည်းကျော် Toyota ဟာ ၂၀၂၁ ခုနှစ်အမေရိကကားထုတ်လုပ်ရေးဈေးကွက်အတွက် Venza ကိုအသက်ပြန်သွင်းရင်းနဲ့ ရရှိနိုင်တဲ့ crossover အမျိုးအစားစာရင်းကို တိုးချဲ့လိုက်ပါတယ်။ တကယ်တော့ Venza ကို Toyota ကနေ ၂၀၁၅ ခုနှစ်ကတည်းက (အမေရိကအတွက်) ဆက်လက်ထုတ်လုပ်ခြင်းမရှိတော့ဘဲ အခုကျမှသာ တဖန်ပြန်လည်ထုတ်လုပ်လိုက်တာလည်းဖြစ်ပါတယ်။ Venza ဟာ Toyota ရဲ့အောင်မြင်တဲ့ crossover ၊ Harrier အပေါ် အခြေခံပြီးထုတ်လုပ်ထားတာဖြစ်ပေမဲ့ အကောင်အားဖြင့်တော့ RAV4 နဲ့ Highlander တို့အကြားမှာရှိနေပါတယ်။ စာရွက်ပေါ်ကအချက်အလက်တွေအရဆိုရင် RAV4 နဲ့တော်တော်ကြီးပိုတူပါတယ်။​ ဘာတွေတူပြီး ဘာတွေကွဲလည်းဆိုတာတော့...

ဈေးနှုန်း

Toyota Venza 2021 - $34,000 ဝန်းကျင်မှစတင် (နိုင်ငံတကာဈေးနှုန်း)

Toyota RAV4 2020 - $27,070 ဝန်းကျင်မှစတင် (နိုင်ငံတကာဈေးနှုန်း)

ပုံစံ

Venza ရော RAV4 ပါ TNGA (Toyota New Global Architecture) အပေါ်မှာ အခြေခံတည်ဆောက်ထားကြတာဖြစ်ပြီး အပြင်ပိုင်းခြေရာလက်ရာတွေသာမက အတွင်းခန်းအကျယ်အဝန်းကလည်း တော်တော်လေးတူညီမှုတွေရှိနေပါတယ်။ Venza ကတော့ ပိုရှည်တဲ့အလျားကို ပိုင်ဆိုင်ထားတာပေါ့။ ခေါင်း၊ တင်ပါး၊ ပုခုံးနဲ့ ခြေထောက် ထားစရာနေရာနဲ့အနေအထားကလည်း ကွာခြားမှုနည်းပါးပါတယ်။ Venza မှာပိုသာတာက ရှေ့နောက်ထိုင်ခုံတွေမှာ အနည်းငယ်ပိုတဲ့ လက်မအချို့ပါပဲ။ ဒါပေမဲ့ ဒုတိယခုံတန်းနောက်က ပစ္စည်ထားခန်းမှာတော့ Toyota RAV4 ရဲ့ဝင်ဆံ့မှုက အနည်းငယ်ပိုသာသွားပါတယ်။ အချက်အလက်တွေကို အောက်မှာ အသေးစိတ် တစ်ချက်လောက်ကြည့်လိုက်ပါဦး။

TOYOTA VENZA ရဲ့အတိုင်းအတာများ (RAV4 နှင့်ယှဉ်တဲ့အခါ)

  • အလျား - ၁၈၆.၆ လက်မ (RAV4 ထက် +၅.၇ လက်မ)
  • အမြင့် - ၆၅.၉ လက်မ (RAV4 ထက် ၁.၁ လက်မနိမ့်)
  • အကျယ် - ၇၃ လက်မ (RAV4 နှင့်တူညီ)
  • Wheelbase - ၁၀၅.၉ လက်မ (RAV4 နှင့်တူညီ)
  • နောက်ပစ္စည်းထားခန်းဝင်ဆံ့မှု - ၃၆ စတုရန်းပေ (RAV4 ထက် ၂ စတုရန်းပေလျော့နည်း)

ဒီဇိုင်းအပိုင်းမှာတော့ Venza ကို RAV4 နဲ့ကွဲအောင်လို့ Toyota က ဖန်တီးထားပါတယ်။ အမြင်မှာ ချောမွေ့နေအောင် ပြုလုပ်ထားကြပြီး အမြင်ပိုင်းအရ C-HR တို့ Highlander တို့နဲ့ခံစားချက်ခြင်းပိုတူပါတယ်။​ RAV4 ကတော့ ထောင့်တွေမျဉ်းဖြောင့်တွေပိုများပြီး 4Runner လို အမြင်ပိုင်းဆိုင်ရာ ခံစားချက်ကို ရရှိစေတာပါ။

Powertrain

မောင်းနှင်မှုအတွက် RAV4 မှာက hybrid အင်ဂျင်အပြင် hybrid မဟုတ်တဲ့ 2.5-liter ဓါတ်ဆီအင်ဂျင်ချည်းသက်သက်ကိုလည်းရွေးချယ်ဝယ်ယူလို့ရတယ်။ Venza ကတော့ hybrid ကိုလုံးဝဦးစားပေးထားပြီး all-wheel drive တွေနဲ့ပဲလာတာပါ။ ဘီးအားလုံးယက်စနစ်ခြင်းယှဉ်မယ်ဆိုရင် Venza နဲ့ RAV4 ကွာခြားမှုတွေရှိနေပါတယ်။ Venza မှာက ပါဝါရဲ့ ၈၀% ကို ဘီးချော်ထွက်တာမျိုးတွေကို အကာအကွယ်ပေးနိုင်ဖို့ နောက်ဘီးတွေဆီကို ပို့ပေးနိုင်စွမ်းရှိတယ်။ RAV4 မှာက ၅၀% ပဲပေးပို့နိုင်ပါတယ်။ တူတာကတော့ နှစ်စီးစလုံးဟာ 2.5-liter ဓါတ်ဆီအင်ဂျင်ပါ hybrid powertrains တွေဖြစ်ပြီး လျှပ်စစ်မော်တာသုံးလုံးနဲ့ပေါင်းစပ်ကာ 219 hp အထိအမြင့်ဆုံးပါဝါ ထုတ်လွှတ်ပေးနိုင်စွမ်းရှိကြတယ်။

Standard and Optional

Standard ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကားဝယ်တာနဲ့ တစ်ပါတည်းရရှိနိုင်မယ့် features တွေဖြစ်ပြီး optional ဆိုတာကတော့ ကိုယ်ကကြိုက်လို့ရွေးချယ်မယ်ဆိုရင် ငွေကြေးထပ်မံကုန်ကျမဲ့ဟာတွေပါ။ Toyota Safety Sense လို့ခေါ်တဲ့ ယာဉ်မောင်းသူ အထောက်အကူပြု အင်္ဂါရပ်တွေကတော့ RAV4 မှာရော Venza မှာပါတစ်ပါတည်းရရှိနိုင်ပါတယ်။​ အဲဒီအထဲမှာ pedestrian detection ၊ automatic high beams ၊ adaptive cruise control ၊ road sign assist စတာတွေအပြင် အခြားအခြားသော features တွေပါဝင်ပါတယ်။

Infotainment ကတော့ Venza မှာ 8-inch က standard ။ 12.3-inch က optional ပါ။ RAV4 မှာတော့ 7-inch က standard ဖြစ်ပြီး optional ကတော့ 8-inch ဖြစ်ပါတယ်။ Venza မှာ panoramic မှန်ခေါင်အကြည်ပါဝင်ပြီး နေရောင်တိုက်ရိုက်ထိုးတာကို လျော့ကျစေဖို့ frosted ကိုလည်းပြောင်းလဲရွေးချယ်မှာယူနိုင်ပါတယ်။

နှိုင်းယှဉ်ကြည့်ပြီးပြီဆိုရင်တော့ Venza ဟာ အရွယ်အစားမှာရော၊ နည်းပညာပိုင်းမှာသာမက မောင်းနှင်မှုအပိုင်းမှာလည်း နည်းနည်း၊ နည်းနည်းစီ ပိုသာနေတာကို တွေ့ရပါလိမ့်မယ်။ တချို့နေရာတွေဆို များများစားစားသာတယ်လို့တောင် ပြောနိုင်တာတွေရှိတယ်။ ထုတ်လုပ်ခုနှစ်ကလည်းကွာသလို ဈေးကလည်း အနည်းငယ်ပိုများနေတာကလည်း ကွာခြားခြင်းရဲ့ အကြောင်းအရင်းကြီးတစ်ရပ်ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ကျယ်ကျယ်ဝန်းဝန်း၊ ဒီဇိုင်းလှလှ၊ စိတ်ချလုံခြုံစွာဖြင့် ခေတ်မီနည်းပညာတွေနဲ့အတူ မောင်းနှင်ချင်တယ်ဆိုရင်တော့ Toyota ရဲ့ Venza ဟာ ယုံကြည်စရာ ရွေးချယ်မှုဖြစ်နေမှာ သေချာပါတယ်။

Ref: 2021 Toyota Venza vs. Toyota RAV4: How the New Crossover Compares

Author