မသိသေးသူများ သိထားသင့်သည့် ကားအမျိုးအစားဆယ်မျိုး

0

Full article

ဒီကနေ့ ကမ္ဘာ့ကားဈေးကွက်ကိုကြည့်မယ်ဆိုရင် မတူညီတဲ့ ကား models ပေါင်း လေးရာနဲ့အထက်ရှိတာကို တွေ့ကြရမှာပါ။ အဲဒါတွေအားလုံးကို ခေါင်းထဲထည့်ဖို့မလွယ်ကူပါဘူး။ သီချင်းတွေမှာ genres ခွဲထားသလိုပါပဲ၊ ကားမှာလည်း အမျိုးအစားတွေခွဲခြားထားတာရှိပါတယ်။ ကားဆိုတာကတော့ သိကြတဲ့အတိုင်း လူနဲ့ပစ္စည်းတွေကို သယ်ဆောင်တဲ့ ယာဉ်ပါ။ လူကိုဦးစားပေးမလား။ ပစ္စည်းတင်ဆောင်ဖို့ဦးစားပေးမလား။ မြို့ပြမှာစီးနင်းဖို့လား။ အဝေးပြေးလမ်းတွေမှာ မောင်းဖို့လား။ လမ်းကြမ်းလား။ လမ်းချောလား။ မြန်မြန်မောင်းမှာလား။ ဇိမ်ကျကျစီးမှာလား။ လူဘယ်လောက်များများတင်ဆောင်မှာလဲ။ ရုန်းအားကောင်းဖို့ရောလိုမလား။ အဲဒီအချက်တွေအပေါ်မူတည်ပြီး ကားတွေရဲ့အမျိုးအစားက ကွဲပြားလာကြတာဖြစ်ပါတယ်။

ကားအမျိုးအစားခွဲခြားဖို့အတွက် အရေးကြီးတဲ့ အချက်တစ်ခုကတော့ ကားရဲ့ကိုယ်ထည်ပုံစံ (body style) ပါပဲ။ ကိုယ်ထည်ပုံစံကိုကြည့်ပြီး ကားအမျိုးအစားခွဲခြားတာဟာ အလွယ်ကူဆုံးနည်းလမ်းလည်းဖြစ်နေပါသေးတယ်။

Sedan

တံခါးလေးပေါက်ပါတယ်။ အစဉ်အလာပစ္စည်းထားခန်းတစ်ခုပါတယ်။ ကိုယ်ထည်ပုံစံက ခပ်ပြားပြားဝပ်ဝပ်ရှိတယ်ဆိုပေမဲ့ racing နဲ့ sport ကားတွေလောက်တော့ မပြားမဝပ်ဘူး။ American နဲ့ Australia တို့မှာ Sedan လို့ခေါ်ပြီး British နဲ့ Irish English တို့မှာ Saloon လို့ခေါ်ပါတယ်။ Sedan ထဲကမှ ကားရဲ့အရွယ်အစားကိုလိုက်ပြီး subcompact sedan (Nissan Versa နဲ့ Hyundai Accent)၊ compact sedan (Honda Civic နဲ့ Toyota Corolla) ၊ mid-size sdean (Honda Accord နဲ့ Toyota Camry) နဲ့ full-size sedan (Toyota Avalon နဲ့ Dodge Charger) ဆိုပြီးထပ်မံခွဲခြားခေါ်ဆိုကြပါတယ်။

Coupé

Coupé တွေဟာ အရင်တုန်းကဆိုရင်တော့ တံခါးနှစ်ပေါက်နဲ့ ခေါင်မိုးအမာ ကားတွေပေါ့။ အစဉ်အလာအရ နောက်မှာ sedan တွေလိုပဲ ပစ္စည်းထားခန်းတစ်ခုပါလေ့ရှိတယ်။ Ford Mustang နဲ့ Audi A5 တို့အပြင် ခုံနှစ်လုံးသာပါတဲ့ Chevrolet Corvette နဲ့ Porsche Boxter တို့ကိုလည်း Coupé လို့ပဲခေါ်ကြပါတယ်။ ဒါပေမဲ့ ဒီဘက်ခေတ်မှာတော့ တံခါးလေးပေါက်ပါ Coupé တွေရှိလို့လာပါပြီ။ Mercedes-Benz ရဲ့ CLS တို့ BMW X6 တို့လိုပေါ့။ Sedan တို့ SUV တို့နဲ့လည်း ခပ်ဆင်ဆင်ဖြစ်နေပေမဲ့ အဓိကကွဲပြားချက်ကတော့ ခေါင်မိုးပုံစံဖြစ်ပါတယ်။ ယာဉ်မောင်းသူခေါင်းထိပ်လောက်ကနေစပြီး နောက်ဖုံးအထိ ပြေဆင်းသွားတဲ့ပုံစံက Coupé တွေရဲ့အဓိက body style လို့ပြောရတဲ့ ခေတ်ကိုရောက်လာပါပြီ။

Sports Car

ပုံစံအားဖြင့်လူကြိုက်အများဆုံး၊ မြန်နှုန်းအားဖြင့် racing ကားတွေကလွဲရင် အမြန်ဆုံး၊ ဈေးနှုန်းအားဖြင့်လည်း အကြီးဆုံးဆိုတဲ့ကားတွေဟာ Sports ကားတွေပါ။ ပုံမှန်အားဖြင့် ထိုင်ခုံနှစ်လုံးသာပါတတ်ကြပေမဲ့ တစ်ခါတလေတော့ နောက်ထိုင်ခုံတန်းပါ ပါတတ်ကြတယ်။​ Porsche 911 ၊ Mazda Miata တွေဟာ Sports ကားတွေပါပဲ။ အားကောင်းတဲ့ muscle ကားတွေ တဖြစ်လဲ Ford Mustang တို့ Dodge Challenger တို့ကိုလည်း Sports ကားစာရင်းမှာထည့်လို့ရပါတယ်။ Ferrari ၊ Bugatti ၊ Lamborghini စတဲ့ကားထုတ်လုပ်ရေးတွေဟာ Sports ကားတွေထုတ်လုပ်ရာမှာ ကမ္ဘာ့ထိပ်ဆုံးအဆင့်မှာ ရပ်တည်လျက်ပါ။

Station Wagon

Station Wagon ကတော့ sedan ကိုမှ ခေါင်ကို နောက်ပစ္စည်းထားခန်းအထိ ဆွဲထုတ်လိုက်တာမျိုးပါ။ ဒါဆိုရင် hatchback နဲ့တူသွားမလား။ တူသလိုတော့ရှိပေမဲ့ သေချာပေါက်ကွဲသွားတာရှိပါတယ်။​ အဲဒါကတော့ pillars လို့ခေါ်တဲ့ ထောက်တိုင်အကန့် တွေပါပဲ။ Sedan နဲ့ Hatchback တွေမှာက A B C ဆိုပြီး pillars သုံးခုရှိပေမဲ့ Station Wagon မှာတော့ A B C D ဆိုပြီး pillars လေးခုအထိရှိပါတယ်။ နောက်ဖုံးအပေါ်အထိ ခေါင်ရှိသွားတဲ့အတွက် ခေါင်ထောက်တိုင်တစ်ခုတိုးသွားတဲ့သဘောပါ။ Subaru Outback တို့ Audi A4 Allroad တို့ဟာ နာမည်ကျော် Station Wagon တွေဖြစ်ကြပြီး Toyota Probox နဲ့ Nissan Wingroad တို့ကတော့ ဒီမှာအတွေ့ရများတဲ့ Station Wagon တွေဖြစ်ပါတယ်။

Hatchback

အစဉ်အလာမှာတော့ Hatchback ဆိုတာ compact ဒါမှမဟုတ် subcompact အရွယ် sedan တွေကို ခေါင်မိုးအပြည့်မှာ hatch တံခါးပေါက်တပ်ထားတာကိုခေါ်ကြတာပါ။ အရွယ်ငယ်သွားတဲ့အတွက် D pillar လည်းမပါတော့ပါဘူး။ ကမ္ဘာမှာနာမည်အကြီးဆုံး Hatchback ကတော့ Volkswagen Golf ဖြစ်ပြီး ဒီမှာတော့ Honda FitToyota VitzSuzuki Swift အစရှိသည်ဖြင့် ဆပ်ပြာခွက်ပုံစံကားကလေးတွေပေါ့။ ဆပ်ပြာခွက်အစ Hatchback ကလို့တောင်ပြောနိုင်တာမျိုးဖြစ်နေပါပြီ။

SUV

သိတဲ့အတိုင်း ဒီမှာက လူကြိုက်အများဆုံး ကားအမျိုးအစားပါ။ ကားကမြင့်သလို ground clearance ကလည်းမြင့်တယ်။ လမ်းအနေအထားတော်တော်များများမှာ မောင်းလို့အဆင်ပြေတယ်။ Station wagon လိုမျိုး နောက်ပစ္စည်းထားခန်းလည်းပါတယ်။ သူနဲ့ဆင်တာက Crossover တွေ။ ဒါပေမဲ့ SUV အများစုက AWD ဒါမှမဟုတ် 4WD တွေဖြစ်ကြတယ်။ အရေးကြီးတဲ့နောက်တစ်ချက်က body-on-frame ဆိုတဲ့ frame လှေကားသဏ္ဍာန်ဘောင်ပေါ်မှာ ကိုယ်ထည်ကိုတင်ထားကြတာများတယ်။ ရလဒ်ကတော့ အကြမ်းပတမ်းပိုခံတယ်။ ကတ္တရာ ဒါမှမဟုတ် ကွန်ကရစ် မဟုတ်တဲ့လမ်းတွေမှာတောင် အကောင်းဆုံးမောင်းနှင်နိုင်စွမ်းရှိတယ်။ Toyota 4Runner ၊ Lexus GXFord Expedition စတာတွေဟာ နာမည်ကျော် body-on-frame SUV တွေပါ။

Crossover

တချို့ကလည်း crossover ၊ တချို့ကလည်း crossover SUV လို့ခေါ်ကြတယ်။ SUV တွေလိုပဲ ကားကမြင့်တယ်။  Drivetrain အနေနဲ့ AWD ၊ 4WD တွေထက်စာရင် 2WD အဖြစ်နဲ့ နောက်ယက်သာမက ရှေ့ယက်နဲ့ပါလာတယ်။​ Unibody အဖြစ်နဲ့ frame နဲ့ body ကိုတစ်ဆက်တည်းထုတ်လုပ်ထားကြတာများတယ်။ Crossover တွေဟာ အကြမ်းခံနိုင်မှုအပိုင်း SUV ထက်လျော့ပေမဲ့ ဆီစားနှုန်းအပိုင်းတို့ handling အပိုင်းတို့မှာတော့ ပိုသာလေ့ရှိကြတယ်။ ပြောရမယ်ဆိုရင် မြို့ပြနဲ့ပိုသင့်တော်တဲ့ကားတွေပေါ့။ ဒီနေရာမှာတော့ Honda CR-V ဟာ နာမည်တော်တော်ကြီးပါတယ်။ Mazda CX5Hyundai Santa FeKia SportageToyota RAV4 စတာတွေကလည်း လူကြိုက်များတဲ့ Crossover SUV တွေပါပဲ။

MPV

အမေရိကန်တွေခေါ်တော့ Minivan ၊ ဗြိတိသျှတွေကတော့ MPV (Multi-Purpose Vehicle) ပေါ့။ ရည်ရွယ်ချက်ကတော့ ကားအကြီးစားမဟုတ်ဘဲနဲ့ လူများများတင်ဆောင်ဖို့ပါ။ အနည်းဆုံးခုံနှစ်တန်းကနေ ခုံသုံးလေးတန်းအထိပါတတ်ကြပါတယ်။ Toyota ထဲမှာဆိုရင် MajestyAlphardWish စတာတွေဟာ MPV တွေဖြစ်ကြပြီး Suzuki Ertiga တို့ Mitsubishi Xpander တို့ဟာ လည်းမြန်မာနိုင်ငံမှာ ရေပန်းစားနေတဲ့ MPV ကားတွေဖြစ်ပါတယ်။ ဒါအပြင် Volkswagen ရဲ့ Sharan နဲ့ Touran တို့ဟာလည်း ကမ္ဘာ့ MPV ဈေးကွက်မှာ ရေပန်းစားလျက်ရှိပါတယ်။

Pickup Truck

မောင်းနှင်စီးနင်းမယ့်လူတွေအတွက် cab (Single Cab ၊ Double Cab ၊ Extra Cab) နဲ့  ပစ္စည်းတင်ဆောင်စရာ ခေါင်မိုးမပါတဲ့ cargo ဧရိယာခပ်ကျယ်ကျယ်ပါတဲ့ကားတွေဖြစ်ပါတယ်။ Toyota Hilux ၊ Ford Ranger ၊ ​Nissan Navara ၊ Chevrolet Colorado တို့ဟာ မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့ Pickup Truck တွေပါ။ Off-road တွေပါမောင်းနှင်နိုင်ဖို့ရည်ရွယ်ထားတဲ့အတွက် AWD ဒါမှမဟုတ် 4WD တွေနဲ့လာတာများပါတယ်။

Convertible

Convertible ကတော့ မိုးများတဲ့ မြန်မာလိုမျိုးနိုင်ငံတွေမှာ ရေပန်းသိပ်မစားပါဘူး။​ Convertible မှာသိသာတဲ့အချက်ကတော့ ခေါင်အပျော့ဖြစ်ပြီး ခေါက်သွင်းထားလို့ရတဲ့အချက်ပါပဲ။ Convertible တွေဟာ ပုံစံအားဖြင့်တော့ခေါင်ကလွဲရင် အလန်းစား Sports ကားတွေနဲ့တူညီပြီး Mazda MX-5 Roadster ၊ Mini Cooper Convertible ၊ Audi TT Roadster ၊ Jaguar F Type ၊ Mercedes-Benz S Class Cabriolet စတာတွေဟာ နာမည်ကျော်ပါတယ်။

Ref: Vehicle Types, Car Body Styles Explained

Author