Mercedes-Maybach GLS အသစ်နဲ့ဆိုရင်တော့

0

Full article

ခန့်မှန်းတန်ဖိုး (နိုင်ငံတကာ) : $300,000

ခြုံငုံသုံးသပ်ချက်

Limo-အဌာ အစွန်းရောက်ဇိမ်ခံစရာ SUV အမျိုးအစားကားကတော့ Mercedes-Maybach GLS အသစ်ပါ။ ပြောရမယ်ဆိုရင် Bentley တို့ Rolls-Royce တို့နဲ့ဈေးကွက်ဝေစု ယှဉ်လုမယ့်ကားမျိုးပေ့ါ။ GLS600 ရဲ့ပုံစံကိုမြင်လိုက်တာနဲ့တင် ကားပေါ်မှာစီးနင်းမောင်းနှင်သူတွေဟာ အလွန်အကျွံကြွယ်ဝချမ်းသာကြလိမ့်မယ်ဆိုတာကို သဘောပေါက်သွားနိုင်လောက်တဲ့အထိ ခန့်ညားမှုရှိတယ်။ ပြောင်လက်တောက်ပ အချိုးကျလှပလှတဲ့အပြင်ကိုမှာ အရည်အသွေးအားဖြင့်လည်း အမြင့်ဆုံးဆိုတာကို ပြောနေစရာမလိုတော့ပါဘူး။ နေ့စဉ်အသုံးပြုဖို့အတွက် မိသားစုအားလုံးကို ကားပေါ်တင်ဆောင်သွားလာဖို့တော့ သိပ်မစဉ်းစားပါနဲ့။ Mercedes-Maybach GLS ဟာ ခုံနှစ်တန်း၊ ရှေ့နှစ်ယောက်နောက်နှစ်ယောက်နဲ့သာ အကောင်းဆုံးစီးနင်းနိုင်မယ့်ပုံစံမျိုးနဲ့ပါ။ ရတနာသရဖူကိုဆောင်း၊ စိန်စီထားတဲ့ Patek Philippe နာရီကလေးကိုပတ်ပြီး ကားမှာတစ်ပါတည်းတပ်ဆင်ထားတဲ့ ရေခဲသေတ္တာထဲက Dom Pérignon အေးအေးလေးကို တစိမ့်စိမ့်သောက်ရင်း ဇိမ်နဲ့စတိုင်အကျဆုံး စီးနင်းသင့်တဲ့ကားမျိုးပါ။

တန်ဖိုးဘယ်လောက်ရှိမှာလဲ

ခန့်မှန်းကြတဲ့ဈေးနှုန်းကတော့ $300,000 နဲ့အထက်ပါ။ Semi-autonomous driving mode ၊ nappa leather ၊ တန်ဖိုးကြီးပြီး ကျက်သရေရှိလှတဲ့ အတွင်းအပြင် အပြင်အဆင်တွေနဲ့ ရရှိမှာဖြစ်ပါတယ်။

အင်ဂျင်နဲ့ စွမ်းဆောင်ရည်ပိုင်းဘယ်လိုရှိမလဲ

GLS600 မှာအသုံးပြုထားတဲ့အင်ဂျင်က အမြင့်ဆုံးပါဝါ 560hp အထိ ထုတ်လွှတ်ပေးနိုင်တဲ့ V8 အင်ဂျင်ဖြစ်ပါတယ်။ အဲဒီအင်ဂျင်ဟာ Maybach လိုမျိုး ကြီးမားလှတဲ့ SUV ကိုတောင် 4.7-second အတွင်း မိုင်ခြောက်ဆယ်နှုန်းအရှိန်အထိတင်နိုင်စွမ်းရှိတာပါ။ အမြင့်ဆုံးမြန်နှုန်းဆိုရင်တော့ 155mph နှုန်းအထိပဲမောင်းနှင်နိုင်အောင် Mercedes က ကန့်သတ်ထားပေမဲ့ AMG နဲ့ဆိုရင်တော့ 174mph နှုန်းအထိမောင်းနှင်နိုင်မှာပါ။ Mercedes-AMG GLS63 ဆိုရင်တော့ အမြင့်ဆုံးပါဝါ 603hp အထိရရှိနိုင်ပြီး 0-60mph နှုန်းအတွက်တော့ 4.1-second သာကြာမြင့်တော့မှာပါ။

အတွင်းခန်းဖွဲ့စည်းပုံ

ပုံမှန် Mercedes-Benz GLS SUV ကတော့ ခုံသုံးတန်းတပ်ဆင်လို့ရပါတယ်။ Maybach မှာတော့ နှစ်တန်းသက်သက်ပါပဲ။​ နှစ်မျိုးစလုံးကခုံတွေမှာက ထိုင်ခုံ အပူ/အအေးနဲ့ နှိပ်နယ်ပေးခြင်းစတဲ့စနစ်တွေပါဝင်ပါတယ်။ Maybach ရဲ့ သီးသန့်နောက်ခုံနှစ်လုံးကတော့ အကောင်းဆုံးလို့ပြောလို့ရတဲ့ နောက်ခုံတွေပါ။ ကျယ်ပြန့်တဲ့ခြေထောက်ထားစရာနေရာလွတ်တွေပါဝင်ပြီး လျှပ်စစ်မော်တာစနစ်နဲ့လည်း ချိန်ညှိလို့ရပါတယ်။ ပြောရမယ်ဆိုရင် Maybach ရဲ့နောက်ခန်းထိုင်ခုံမှာထိုင်စီးရတာဟာ အဆင့်မြင့်ဆုံး ပထမတန်း လေယာဉ်ထိုင်ခုံမှာ ထိုင်စီးရသလိုပါပဲ။ သုံးယောက်ထိုင်နိုင်တဲ့ နောက်တန်းထိုင်ခုံနဲ့လည်း မှာယူရရှိနိုင်မှာဖြစ်ပေမဲ့ သေချာတာကတော့ ဇိမ်ကျမှုအပိုင်းလျော့သွားမှာ အမှန်ပါပဲ။ ထုံးစံအတိုင်း cupholder တွေပါဝင်ပြီး Maybach မှာက ထူးခြားချက်အနေနဲ့ ခွက်တွေကို အပူပေးလို့ရပါတယ်။

Dashboard တွေ၊ တံခါးနံရံတွေနဲ့ ထိုင်ခုံတွေ အားလုံးကို ဖုံးအုပ်ပေးထားတာက nappa leather ပါ။ အလှဆင်ထားတဲ့ wood trim တွေအားလုံးက အကောင်းစား သစ်သားအစစ်တွေဖြစ်ပါတယ်။ ဇိမ်ခံရွက်လှေကြီးတွေမှာ အလှဆင်ထားသလိုမျိုးပေါ့။ Fragrance diffuser တစ်ပါတည်းပါဝင်တဲ့အတွက် အနံ့အသက်ပိုင်းအထူးစိတ်ပူစရာရှိနေမှာမဟုတ်ပါဘူး။ Climate control ကလည်း ကိုယ်လိုချင်တဲ့ အပူချိန်ကို တစ်ကြိမ်တည်း ထည့်သွင်းလိုက်ရုံပါပဲ။ ပြင်ပအပူချိန်၊ အတွင်းအပူချိန်၊ လေထုသိပ်သည်းဆ စတာတွေကို အလိုအလျောက်တွက်ချက်ပြီး ပေးထားတဲ့ အပူချိန်အတိုင်း အမြဲရှိနေအောင် ဆောင်ရွက်ပေးသွားမှာပါ။ နောက်ပစ္စည်းထားခန်းအကျယ်ကတော့ 525-litre အထိဝင်ဆံ့ပြီး golf အိတ်လေးလုံးလောက် သာသာလေးထည့်သွင်းသယ်ဆောင်လို့ရပါတယ်။

Infotainment နဲ့ အသံစနစ်

Infotainment display ကတော့ 12.3-inch နှစ်ခုပါ။ Mercedes-Benz ရဲ့ နောက်ဆုံးပေါ် MBUX အသုံးပြုထားပါတယ်။ နောက်ထိုင်ခုံတွေမှာ စီးနင်းမယ့်သူတွေအတွက်လည်း 11.6-inch ရှိတဲ့ display တစ်လုံးစီ တပ်ဆင်ပေးထားသေးတယ်။

အသံထွက်ပိုင်းအရ Burmester high-end 3D audio စနစ်ကိုအသုံးပြုထားပြီး တပ်ဆင်ထားတဲ့ speaker အရေအတွက်ကတော့ နှစ်ဆယ့်ခုနစ်လုံးပါ။​ အဲဒီအထဲကမှ နှစ်ဆယ့်လေးလုံးကို သီးသန့် amplifier တွေနဲ့ ချိန်ညှိလို့ရပါသေးတယ်။

အမြင်နဲ့လက်တွေ့

ကြီးမားတဲ့ ဒေါင်လိုက် chrome တွေတပ်ဆင်ထားတဲ့ grill ၊ အဲဒီ grill အောက်ပိုင်းကိုဝန်းရံထားတာက အကြေးခွံသဏ္ဍာန် mesh တွေပါ။ Bentley ရဲ့ Bentayga နဲ့ဆင်တူသလိုရှိပြီး ကြီးကျယ်ခမ်းနားတဲ့ ဒီဇိုင်းရသကိုပေးစွမ်းနိုင်စွမ်းရှိတယ်။ 22-inch အလွိုင်းခွေတွေနဲ့ဖြစ်ပြီး 23-inch ကိုလိုချင်ရင်လည်း မှာယူနိုင်မှာဖြစ်တဲ့အတွက် လမ်းမပေါ်မှာတော့ ကြီးကြီးမားမားခမ်းခမ်းနားနားဖြစ်နေမှာ အသေအချာပါပဲ။ မြင့်တဲ့ကားဖြစ်တဲ့အတွက် အတက်အဆင်းအတွက် ဘာမှစိတ်ပူစရာမရှိပါဘူး။ တံခါးဖွင့်လိုက်ရင် အလိုအလျောက်ထွက်လာမယ့် အကောင်းစားသတ္ထုခြေနင်းရှိပါတယ်။

ကိုယ်ထည်အရောင်က တစ်ရောင်တည်းနဲ့ရရှိနိုင်သလို အပေါ်အောက် နှစ်ရောင်စပ်နဲ့လည်းရရှိနိုင်တယ်။

တန်ဖိုးကြီးပေ့ဆိုတဲ့ကားတွေမှာမှပါဝင်တတ်တဲ့ air suspension နဲ့ဖြစ်တာကြောင့် ဇိမ်အကျဆုံးစီးနင်းနိုင်မယ့် ဇိမ်ခံ SUV ဖြစ်တယ်။ Mercedes ရဲ့ E Active Body Control နဲ့ဆိုရင်တော့ လမ်းအနေအထားကို ကင်မရာကဖတ်သွားပြီး လိုက်ပါစီးနင်းသူတွေနဲ့ချိန်ညှိကာ အကောင်းဆုံးအနေအထားအတိုင်း အလိုအလျောက်ချိန်ညှိပေးမှာဖြစ်တဲ့အတွက် ဇိမ်ကျမှု level ကိုအမြင့်ဆုံးအဆင့်ကို မြှင့်တင်ပေးနိုင်မယ့် Mercedes-Maybach GLS အသစ်ဖြစ်ပါတယ်။

Ref: 2020 Mercedes-Maybach GLS by Mat Watson

Author