နေမာပိုင်ဆိုင်ထားတဲ့ စိတ်လှုပ်ရှားစရာကား ၅ စီး

0

Full article

လီယွန်နယ်မက်ဆီနဲ့ ခရစ်စတီယာနို ရိုနယ်ဒိုပြီးရင် နေမာဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဖြစ်လာနိုင်စရာ အလားအလာများစွာကိုပိုင်ဆိုင်ထားသူပါ။ လက်ရှိ ဘရာဇီးနိုင်ငံရဲ့ အကောင်းဆုံးထုတ်ကုန်တစ်ခုလို့လည်းဆိုနိုင်တာပါပဲ။ အောင်မြင်ကျော်ကြားပြီး ချမ်းသာတဲ့ ဘောလုံးကြယ်ပွင့်တစ်ပွင့်ဖြစ်တာနဲ့အညီ အကောင်းစားကားတွေကို ဝယ်ယူစုဆောင်းစီးနင်းနေသူလည်း ဖြစ်လာပါတယ်။ နေမာပိုင်ဆိုင်ထားတဲ့ကားတွေထဲက စိတ်လှုပ်ရှားစရာအကောင်းဆုံးကား ၅ စီးကတော့...

Audi R8 Spyder

လူတိုင်းငေးကြည့်ချင်စရာ နေမာရဲ့ Audi R8 Spyder ကတော့ သစ်လွင်တယ်။ အရိုင်းဆန်တယ်။ နောက်ပြီး မြန်ကလည်းမြန်သေးတယ်။ သုံးထားတဲ့အင်ဂျင်ကိုလည်းကြည့်လိုက်ဦး။ 5.2-liter V10 အင်ဂျင်။ မြင်းကောင်ရေ 540 အထိ အမြင့်ဆုံးပါဝါထုတ်လွှတ်ပေးနိုင် torque ကလည်း 540Nm အထိရနိုင်ပါတယ်။​ တစ်နာရီ ကီလိုတစ်ရာနှုန်းကိုရဖို့ အချိန် 3.6-sec သာလိုအပ်ပြီး တစ်နာရီကို 318 ကီလိုမီတာနှုန်းအထိ အမြန်ဆုံးမောင်းနှင်လို့ရတဲ့အတွက် မြန်နှုန်းမြင့်ကစားသမားတစ်ဦးအကြိုက် ဖြစ်နေတော့တာပါပဲ။

Audi RS7

နေမာဟာ Audi ပရိသတ်တစ်ဦးဖြစ်ပုံရတယ်။ နေမာရဲ့ RS7 အပြာရောင်ဟာ အပြင်အသွင်က ထူးထူးကဲကဲလှပသလို အတွင်းအရည်အသွေးကလည်း တကယ့်ကိုထိပ်တန်းပါပဲ။ အလှပဆုံးချိုးထားတဲ့ ရှေ့စက်ဖုံးအောက် 4.0-liter twin-turbo V8 အင်ဂျင်ဟာ မြင်းကောင်ရေ 605 အထိထုတ်လွှတ်ပေးနိုင်စွမ်းရှိပြီး torque အနေနဲ့လည်း 750Nm အထိတောင်မှ ရရှိနိုင်တာပါ။

Ferrari 458 Spider

အဖြူနဲ့အပြာရောင်အပြီးမှာ အနီရောင်အဖြစ်နဲ့ နေမာရွေးချယ်ထားတာကတော့ Ferrari 458 Spider ပဲဖြစ်ပါတယ်​။ အကောင်းဆုံးဘောလုံးသမားတိုင်း Ferrari စီးကြတယ်ပြောလို့ရအောင် ထိပ်တန်းဘောလုံးသမားတိုင်းလိုလိုမှာ Ferrari တွေပိုင်ဆိုင်ထားကြပါတယ်။ အမြင့်ဆုံးပါဝါ 570hp နဲ့ torque 540Nm ထုတ်လွှတ်ပေးနိုင်တဲ့ 4.5-liter V8 အင်ဂျင်နဲ့ဆိုတော့ တစ်နာရီကီလိုမီတာ တစ်ရာနှုန်းကိုရဖို့ 3.4-sec ပဲလိုတယ်ဆိုတာက အံ့သြစရာတော့မဟုတ်ပေဘူး။

Maserati MC12

တစ်ကမ္ဘာလုံးမှာ အစီးရေ ၅၀ သာအကန့်အသတ်နဲ့ရောင်းတဲ့ကားတစ်စီးဖြစ်လို့ Maserati MC12 ဟာ နေမာပိုင်ဆိုင်တဲ့ တန်ဖိုးအကြီးဆုံးကားတစ်စီးတောင်မှ ဖြစ်နေမလားပဲ။ သူ့ရဲ့အထိုင် chassis ကလည်း legendary ကြီး Ferrari Enzo ကိုအခြေခံထားတာပါ။ တပ်ဆင်ထားတဲ့ V12 အင်ဂျင်က မြင်းကောင်ရေ 620 အထိထုတ်လွှတ်ပေးနိုင်စွမ်းရှိပြီး torque ကတော့ 652Nm ပါ။ 6-speed automatic manual transmission နဲ့ဖြစ်ပြီး တစ်နာရီကီလို တစ်ရာနှုန်းအတွက် 3.8-sec သာလိုပါတယ်။ တစ်နာရီ ကီလို 330 နှုန်းအထိ အမြန်ဆုံးမောင်းလို့ရတဲ့ Maserati MC12 ပါ။

Porsche Panamera Turbo

နေမာပိုင်ဆိုင်ထားတဲ့ Porsche Panamera Turbo ကတော့ ကန့်သတ်မျဉ်းတွေကိုကျော်ဖြတ်ပြီး benchmarks အသစ်တွေရရှိထားတဲ့ ကားတစ်စီးပါ။ 4.0-liter V8 အင်ဂျင်ကိုတပ်ဆင်ထားပြီး အမြင့်ဆုံးပါဝါအနေနဲ့ 545hp ၊ torque အနေနဲ့ 770Nm အထိတောင်မှရရှိနိုင်တဲ့ Porsche Panamera Turbo ဖြစ်ပါတယ်။​ 3.8-sec အတွင်း တစ်နာရီကို ကီလိုတစ်ရာနှုန်းအရှိန်တင်မောင်းနှင်နိုင်ပြီး 306 km/h နှုန်းအထိ အမြန်ဆုံးမောင်းနှင်လို့ရပါတယ်။

နေမာပိုင်ဆိုင်ထားတဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးကားတွေကတော့ တကယ်ကိုမြန်နှုန်းမြင့်ပေ့ဆိုတဲ့ကားတွေချည်းပါပဲ။ အဲဒီအထဲက တစ်စီးလောက်ရွေးပါဆိုရင် မိတ်ဆွေတို့အနေနဲ့ ဘယ်ကားမျိုးကို ရွေးဖြစ်မလဲဗျ။

Ref: The 5 most exciting cars Neymar owns by Zaran Tarapore

Author