Ford Myanmar မှ The Voice Myanmar Season 2 Winner ဆုရှင် Novem Htoo အား Ford Everest ကားသစ် အပ်နှင်းပွဲကျင်းပခဲ့

0

Full article

Ford Myanmar က ကူညီပံ့ပိုးခဲ့တဲ့ The Voice Myanmar Season 2 အဆိုပြိုင်ပွဲ Winner ဆုရှင် Novem Htoo ကို Ford Everest ကားသစ် ဆုချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကို ၂၀၁၉ ဇူလိုင်လ ၁၄ ရက်နေ့က အမှတ် (၃) ၊ (၁၂) ရပ်ကွက်၊ အင်းစိန်လမ်းမကြီး (သမိုင်းလမ်းဆုံအနီး) ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ရှိ Ford Myanmar Showroom မှာ ကျင်းပခဲ့ပါတယ်။
အခမ်းအနားကို မနက် ၁၀ နာရီမှာစတင်ခဲ့ပြီး Capital Automotive/ Capital Motors Myanmar ရဲ့ Business Strategy & External Relations တာဝန်ယူထားသူ Mr. Mike Pease မှ The Voice Myanmar Season 2 Winner ဆုရှင် Novem Htoo အား Ford Everest ကားကို အပ်နှင်းခဲ့ပါတယ်။ Ford Myanmar အနေနဲ့ The Voice Myanmar Season 2 အဆိုပြိုင်ပွဲကို ပါဝင်ကူညီပံ့ပိုးခွင့်ရတဲ့အတွက် အထူးဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ Winner ဆုရှင် Novem Htoo ကိုလည်း Ford Everest ကားသစ်ကြီး ချီးမြှင့်ခွင့်ရတဲ့အတွက် ပျော်ရွှင်ကြည်နူးမိကြောင်း၊ သူ့ရဲ့ထူးခြားတဲ့ပါရမီ၊ ဖြူစင်တဲ့ သဘောထားတို့နဲ့အတူ ရှေ့ဆက်လျှောက်ရမယ့် ဂီတလမ်းခရီးမှာ သာယာဖြောင့်ဖြူးပါစေကြောင်း Ford Myanmar က ဆုမွန်ကောင်း တောင်းပေးခဲ့တာပါ။

Novem Htoo ကတော့ သူ့ကိုဆုချီးမြှင့်ခဲ့တဲ့ Ford Myanmar ကို အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ Ford Everest ကားသစ်ကြီးကို သူ့ရဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စွာ စီးနင်းသွားမှာပါလို့လည်း ဆိုခဲ့ပါတယ်။

Reporter: Zing

Author