ချစ်သူနဲ့ကားစီးရင် သတိထားစီးကြပါ။ ခါးပတ် ပတ်ကြပါလို့ ပြောလိုက်တဲ့ Tyron

0

Full article

မေး။     ။ သဘောကျမိတဲ့ ကားပုံစံ
ဖြေ။     ။ Tyron
Sport Type တွေစီးရတာသဘောကျတယ်။ နောက်ပြီး အလုပ်အတွက်ဆိုတော့ SUV တွေစီးရတာသဘောကျတယ်။ ကျွန်တော်က ပြိုင်ကားကို ခရေဇီဖြစ်တယ်။ အဲဒီလို ပြိုင်ကားကို Crazy ဖြစ်တယ်ဆိုတာထက် ကားလှလှလေးတွေဆင်ပြီးတော့ ကိုယ့်ဘာသာကိုယ် Modified လုပ်ရတာကိုသဘောကျတယ်။ အဲဒီအပိုင်းကိုပိုပြီးတော့ ဝါသနာပါတယ် အဲဒီလိုမျိုး SUV ဆိုရင်လည်း ဘီးတွေပြန်ဆင်ရတာမျိုးပေါ့နော် နောက်ပြီး ရိုးရိုးကားဆိုလို့ရှိရင်လဲ သာမန်ကားနဲ့မတူဘဲ VIP ပုံစံဆင်တာမျိုး၊ Sport Type ပုံစံဆင်တာမျိုးတို့ပေါ့ ရှိတဲ့ကားတိုင်းကိုတော့ အငြိမ်မနေဘဲ လိုက်ပြီးတော့ အဲလိုမျိုး ပြောင်းပြီးတော့ စီးဖြစ်တာများတယ်။

မေး။     ။ လက်ရှိစီးနေတဲ့ ကားအမျိုးအစား
ဖြေ။     ။ Tyron
ကျွန်တော်လက်ရှိစီးနေတဲ့ ကားအမျိုးအစားကတော့ Mazda 3 ပါ။ Sedan Type ပေါ့။

မေး။     ။ ကားမောင်းရင်ကြုံတွေ့ရတဲ့ အခက်အခဲ
ဖြေ။     ။ Tyron
ကားမောင်းတာနဲ့ပတ်သက်ပြီး အခက်အခဲကတော့ အရမ်းကြီးမကြုံဖူးပါဘူး။ အဓိက က တော့ ဒီမြို့ထဲမှာဆိုတော့ လမ်းနည်းနည်းပိတ်တာလေးပဲ အခက်အခဲဖြစ်တယ်။ ဒါကလည်း ကိုယ့်ဘာသာကိုယ် အိမ်ကနေ နည်းနည်းလေးစောထွက်ရင်အဆင်ပြေပါတယ်။ ကျန်တာကတော့ ဟို… ရန်ကုန်မှာကတော့ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းက အဲဒီလောက်ကြီးပြဿနာမရှိပါဘူး။ နယ်တွေသွားရင်တော့ ဆိုင်ကယ်ပဲ နည်းနည်းကြောက်ရတာပေါ့။

မေး။     ။ကားကိုကိုယ်တိုင်မောင်းဖြစ်လား
ဖြေ။     ။ Tyron
တစ်ခါတလေလောက်ပဲ မြို့ထဲဘာညာတစ်ယောက်ထဲ သွားတဲ့အခါလောက်ပဲ ကိုယ့်ဘာသာမောင်းတာဗျ။ အလုပ်နဲ့သွားရင်တော့ ဒရိုင်ဘာနဲ့မောင်းဖြစ်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီးတော့သွားရင်တော့ တစ်ယောက်ထဲမမောင်းဖြစ်ဘူး ဘာဖြစ်လို့လဲဆိုတော့အလုပ်ပင်ပန်းတာကတစ်ကြောင်း၊ နောက်ပြီးတော့ ကိုယ်လုပ်စရာရှိတဲ့အလုပ်တွေ ကိုယ့်ဘာသာလုပ်နေလို့ရတယ်။ နောက်ပြီးတော့ အဓိက က ရန်ကုန်မြို့ထဲမှာဆိုရင် Parking ကိစ္စပေါ့ Parking ကိစ္စအဆင်မပြေတော့ ကိုယ်က ဒီရှုတင်တစ်နေရာကို သွားရမယ်ဆိုလို့ရှိရင် အဲဒီနေရာမှာ Parking မရှိဘူးဆိုရင် တစ်နေရာမှာ ကားရပ်ပြီးတော့ တစ်ယောက်တည်းလမ်းလျှောက်သွားဖို့ကလည်း အဆင်မပြေဘူး။ အဲဒီတော့ ဒရိုင်ဘာပါရင်တော့ အဲဒီရှေ့မှာ ကားရပ်ပြီးတော့ ဆင်းလို့ရတယ်။ အေးဆေးသက်သောင့်သက်သာသွားလို့ရတယ်။ ရှုတင်တွေ၊အလုပ်တွေ နောက်ကျတဲ့အခါ အရမ်းပင်ပန်းနေလို့ရှိရင်လည်း ဒါမှမဟုတ် ခရီးသွားရင်ပဲဖြစ်ဖြစ် ကားပေါ်မှာအိပ်သွားလို့ရတယ်။ အဲဒါကြောင့် ဒရိုင်ဘာနဲ့သွားဖြစ်တာများတယ်။

မေး။     ။ ကားနဲ့ပတ်သက်ပြီး အမှတ်တရ
ဖြေ။     ။ Tyron
ကားနဲ့ပတ်သက်ပြီးတော့ အမှတ်တရတွေကအများကြီးပဲ။ ကျွန်တော်က ကားတစ်စီးကို ရိုးရိုးတန်းတန်းစီးရတာ သိပ်သဘောမကျဘူး။ ကျွန်တော်ကိုယ်တိုင် အလုပ်အားရက်မှာ အလွိုင်းဆိုင်သွားတာဖြစ်ဖြစ်၊ တာယာဆိုင်သွားတာဖြစ်ဖြစ် ဒီ Low Kit တို့၊ Body Kit တို့ ဆေးဘော်ဒီပိုင်းတွေပေါ့ ကားကိုဆင်ရတာသဘောကျတယ်။ နောက်ပြီးတော့ ကားနဲ့ပတ်သက်ပြီးတော့ တစ်ချိန်လုံးကြည့်နေတာများတယ်။ ကားကိုတော့ ကျွန်တော်တော်တော်ဝါသနာပါတယ်။ ပြိုင်ကားပဲဖြစ်ဖြစ်၊ Luxury ဖြစ်ဖြစ် အဲဒီလိုမျိုးကျွန်တော်လည်း စီးဖြစ်တယ်။

မေး။     ။ယာဉ်ထိန်းရဲအဖမ်းခံရတာကြုံဖူးလား
ဖြေ။     ။
ရဲကတော့ … ဟို …လမ်းစည်းကမ်း တစ်ခါတလေကျရင် မီးပွိုင့်ဖြတ်မိတာမျိုး.. အဲလိုမျိုးတော့ အဖမ်းခံဖူးပါတယ်။

မေး။     ။ချစ်သူနဲ့ကားတူတူ စီးရတဲ့ခံစားချက်
ဖြေ။     ။ Tyron
ချစ်သူနဲ့စီးရတာတော့ ပိုကောင်းတာပေါ့။ ဘာညာပေါ့ (ရယ်လျက်)
စကားများပြီးရန်ဖြစ်နေတာပဲဖြစ်ဖြစ်၊ ဘေးနားကနေ သူ annoy လုပ်တာပဲဖြစ်ဖြစ်၊ နောက်ပြီးတော့ အဲဒီလိုမျိုး ပုခုံးလာမှီတာတို့၊ လက်လာကိုင်တာတို့ ဒါတွေက သိပ်တော့အဆင်မပြေဘူး။ ကားမောင်းနေရင် ကားထဲမှာပဲ စိတ်ထည့်ထားတာဆိုတော့ ဘယ်လိုပြောပြရမလဲ အရမ်းမနေနိုင်တော့ရင်တော့ လမ်းဘေးကားထိုးရပ်လိုက်တာ အကောင်းဆုံးပဲပေါ့နော်(ရယ်လျက်) ချစ်သူနဲ့ကားစီးရင် သတိထားစီးကြပါလို့၊ခါးပတ်ပတ်ကြပါလို့ ။

မေး။     ။ကားကိုဘယ်လိုမောင်းလေ့ရှိလဲ
ဖြေ။     ။ Tyron
မူးရင်တော့ နည်းနည်းမောင်းတာကြမ်းတယ်။ မနက်ကျရင်တော့ ကိုယ်ကြေကွဲနေရော ကားကိုအောက်တွေ ပွတ်ထားတာ၊တိုက်ထားတာဆိုတော့ အသေကြေကွဲတာပေါ့။ အဲဒီလိုမျိုးတော့ဖြစ်ဖူးတယ်။ ပြီးတော့ မူးရင်အရမ်းပျော်တတ်တယ် ပျော်ပျော်ရွှင်ရွှင်နေတတ်တယ်။ မူးသွားရင် အိမ်ပြန်လေ့မရှိဘူး။ ကားပေါ်မှာအိပ်တယ် ဒါကတော့ အမြဲတမ်းပဲ ကျွန်တော်က ကားကိုချစ်တယ်။ ညဘက် Night Out တွေဘာတွေထွက်ရင် Parking နေရာ ရွေးလေ့ရှိတယ်။ ဟိုတယ်တစ်ခုခုရဲ့ Parking အောက်ဖြစ်ဖြစ်၊ အဲဒီလိုမျိုး နေရာကောင်းကောင်း Save ဖြစ်တဲ့ နေရာရွေးတယ်။ဘာဖြစ်လို့လဲဆိုတော့ အရမ်းမူးသွားတဲ့အခါမျိုးကျရင် ကျွန်တော်လုံးဝကားမောင်းလေ့မရှိဘူး။ သူငယ်ချင်းတွေ လိုက်ပို့ပေးလို့ရှိရင် အိမ်ပြန်တယ်။ အဲဒီကားကို အဲဒီနေရာမှာပဲထားခဲ့လိုက်တယ်။ ဒါမှမဟုတ် ကိုယ့်ကားဆီပြန်ပို့ခိုင်းတယ်။ အဲဒီကားပေါ်မှာပဲ ကျွန်တော် အိပ်လေ့ရှိတယ်။ ဒါကတော့ ကျွန်တော့်ရဲ့ ထုံးစံပဲ... ။     ။

Author

Comments