မေး။ ။ အခုစီးနေတဲ့ကားက ဘာကားလဲ။
ဖြေ။ ။ M Seng Lu
Seng Lu အခုစီးနေတဲ့ကားက KIA ပါ။ KIA Optima စီးနေပါတယ်။
မေး။ ။ ဘယ်လိုကားမျိုး ကြိုက်နှစ်သက်လဲ။
ဖြေ။ ။ M Seng Lu
ကားကတော့ ကြိုက်တာကတော့ အကောင်းတွေပဲကြိုက်တာပေါ့။ အကောင်းဆုံးနဲ့ အဆင်ပြေဆုံးလေးရွေးဖြစ်ပါတယ်။
မေး။ ။ ကားနဲ့ပတ်သက်ပြီး အမှတ်တရတွေရောရှိလား။
ဖြေ။ ။ M Seng Lu
ကားနဲ့ပတ်သက်ပြီးအမှတ်တရဖြစ်တာကတော့... အဲဒီလိုမျိုးအမှတ်တရကြီးကြီးကျယ်ကျယ်တော့ ဖြစ်တော့မဖြစ်ဖူးဘူး။ Accident လည်းအဲလောက်ကြီး ကြီးကြီးကျယ်ကျယ်မဖြစ်ဖူးဘူးဆိုတော့… ဟုတ်... မော်တော်ပီကယ်တော့ ခဏခဏဖမ်းခံရတယ်။ ပြီးတော့လည်းအဆင်ပြေသွားတယ်။ တောင်းပန်လိုက်တာပေါ့နော်။ (ရယ်လျက်)
မေး။ ။ လတ်တလော အနုပညာလှုပ်ရှားမှု။
ဖြေ။ ။ M Seng Lu
Seng Lu အနုပညာကတော့ ပုံမှန်ပွဲတက်ဖြစ်တယ်။ ပြီးတော့ ဓါတ်ပုံလေးတွေရိုက်ဖြစ်နေတယ်။ ။