မေး။ ။ ဘယ်လိုကားအမျိုးအစားကို စိတ်ဝင်စားလဲ
ဖြေ။ ။ အလင်းရောင်
ကျွန်တော် Crazy ဖြစ်တာကတော့ Saloon Type ပုံစံမျိုးတွေကို ကြိုက်တယ်။ ဒါပေမဲ့ ကျနော့်ရဲ့ အလုပ်သဘောအရရောဆိုတော့ ကားအကြီးတွေပဲ စီးဖြစ်တာများပါတယ်။
မေး။ ။ ကားမောင်းရင် ဘယ်လိုမောင်းလေ့ရှိလဲ
ဖြေ။ ။ အလင်းရောင်
ကားမောင်းကျွမ်းပါတယ်၊ ကျွမ်းတဲ့အထဲလည်းပါတယ်။ တိုက်တဲ့အထဲလည်းပါပါတယ်။ (ရယ်လျက်)
မေး။ ။ အန္တရာယ်မဖြစ်အောင်မောင်းဖို့ ဘယ်လိုစိတ်ကူးရှိလဲ
ဖြေ။ ။ အလင်းရောင်
အဓိက ကတော့ ဘယ်လိုပြောမလဲ အရက်သောက်တာတို့ဘာတို့ဆိုရင်တော့ ကားမမောင်းတာအကောင်းဆုံးပါပဲ။ ကျနော်လဲ မမောင်းဖြစ်ဖူးပေါ့နော်။ ဒီအတိုင်းဆိုရင်တော့ သေချာဂရုစိုက်ပြီးတော့မောင်းရတာပေါ့။
မေး။ ။ ယာဉ်ကို အန္တရာယ်မဖြစ်အောင် ဘယ်လိုမောင်းဖို့တိုက်တွန်းချင်လဲ
ဖြေ။ ။ အလင်းရောင်
ဖုန်းတွေ အခုနောက်ပိုင်းကတော့က ဖုန်းတွေသုံးလာတာနဲ့အမျှတော့ ကားမောင်းရင် တော်တော်များများ မီးပွိုင့်တွေကလဲမိတော့ အဓိက ဖုန်းသုံးကြတယ်။ အဲဒီမှာအဓိကတော့ အာရုံစိုက်ပြီးတော့ပဲ ကားကိုဂရုစိုက်ပြီးမောင်းစေချင်ပါတယ်။
မေး။ ။ လတ်တလော အနုပညာလှုပ်ရှားမှုအခြေအနေ
ဖြေ။ ။ အလင်းရောင်
ဟုတ်ကဲ့ လတ်တလောအနေနဲ့ကတော့ကျွန်တော်... “ငါတို့သည်” ဆိုတဲ့ ရုပ်ရှင်ရိုက်ထားတယ်။ ခု ခဏနားနေတယ်။ ဒါပြီးရင် အမေကြောင့် ဆိုတဲ့ ရုပ်ရှင်ကားကြီးရိုက်ကူးပါမယ်။