Batmobile ကားတွေရဲ့ စိတ်ဝင်စားစရာ ဈေးနှုန်းများ …

0

Full article

တကယ်လို့များ သင်ဟာ DC ဇာတ်ကားတွေကို ကြိုက်နှစ်သက်သူဆိုရင်တော့ Batman ဇာတ်ကားတွေကိုလည်း ကြိုက်နှစ်သက်လိမ့်မယ်လို့ ထင်ပါတယ်။ Batman ဟာ စူပါဟီးရိုးတွေထဲမှာ လက်တွေ့အကျဆုံးနဲ့ လူကြိုက်အများဆုံး စူပါးဟီးရိုးတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ Batman ဇာတ်ကားတွေကို စွဲစွဲမြဲမြဲ ကြည့်သူတွေအနေနဲ့ Gotham မြို့နဲ့ ဇာတ်ကားထဲမှာပါဝင်တဲ့ မော်တော်ကား တွေကိုလည်း စွဲငြိလိမ့်မယ်ထင်ပါတယ်။ ကျနော်တို့ကလေးဘဝတုန်းက Gotham မြို့ဟာ အပြင်မှာ တကယ်ရှိမရှိငြင်းခုန်ခဲ့ကြဖူးသလို Batman ကားထဲမှာ ပါဝင်တဲ့ မော်တော်ကားတွေကိုလည်း အပြင်မှာ တကယ်ရှိမရှိငြင်းခုန်ခဲ့ကြဖူးတယ်။

တကယ်တော့ Batman ကားထဲမှာ ပါဝင်တဲ့ မော်တော်ကားတွေဟာ အပြင်မှာ တကယ်ရှိပါတယ်။ ဇာတ်ကားထဲမှာပါဝင်တဲ့ စွမ်းဆောင်ရည်အတိုင်း တစ်ထပ်တည်းကျမကျတော့မသိပေမဲ့ အခုဆိုရင် ဒီကားတွေကို ဝယ်ယူချင်ရင် ဝယ်ယူလို့တောင်ရနေပါပြီ။ အထင်ကရစိတ်ကူးယာဉ်ဆန်တဲ့ Batman ရဲ့ ကားတွေကို ဝယ်ယူနိုင်ဖို့အတွက်ဆိုရင် အသုံးပြုရမယ့်ငွေကြေးကလည်း တော်တော်များပါလိမ့်မယ်။ ဒါကြောင့် Batman ရဲ့ ကားတွေကို လေလံတင်ခဲ့တုန်းက အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ဈေးနှုန်းအချို့ကို ဖော်ပြပေးလိုက်ပါရစေ။

1955 Lincoln Futura Concept Car

Batmobile ကို စတင်တီထွင်ခဲ့တာ နာမည်ကြီး ဟောလိဝုဒ်ရဲ့ ကားဒီဇိုင်နာ George Barris ပါ။ သူဟာ ထူးခြားတဲ့ ကားဒီဇိုင်းတီထွင်မှုတွေကြောင့် နာမည်ကျော်ကြားခဲ့ပြီး ထိုအချိန်တုန်းက သူ့အတွက် Ford Company ကနေပြီးတော့ 1955 Lincoln Futura Concept Car ကားကို ပေးခဲ့တယ်။ George Barris ဟာ အဲဒီ 1955 Lincoln Futura Concept Car ကို ဒေါ်လာ ၃၀,၀၀၀ ဖိုး ပြန်လည်ပြုပြင်ခဲ့ပြီးနောက် ၁၉၆၆ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Batman ကားထဲမှာ Batman အဖြစ်သရုပ်ဆောင်တဲ့ Adam West စီးဖို့ အသုံးပြုခဲ့တာပဲ ဖြစ်တယ်။ အဲဒီ ဇာတ်ကားမှာ အသုံးပြုပြီးနောက် George Barris ဟာ 1955 Lincoln Futura Concept Car ကို သူ့ရဲ့ ကိုယ်ပိုင်ပြတိုက်မှာ ထားရှိခဲ့ပြီး ၂၀၁၃ခုနှစ်မှာတော့ ဒေါ်လာ ၄.၆၂ သန်း ဖြင့် Rick Champagne ကို ရောင်းချခဲ့တာပဲ ဖြစ်ပါတယ်။

Original 1966 Batmobile

George Barris ဟာ 1955 Lincoln Futura Concept Car ကားကို အခြေခံပြီး Original 1966 Batmobile အပါအဝင် ပုံစံတူ ကားလေးစီးကို ထပ်မံထုတ်လုပ်ခဲ့တာပဲ ဖြစ်တယ်။ Batman ဇာတ်ကားပြီးသွားတဲ့အခါမှာ သူ့ပြတိုက်ထဲမှာပဲ ပြန်လည်သိမ်းဆည်းခဲ့တဲ့ကားပါ။ ၂၀၁၃မှာတော့ လေလံတင်ခဲ့ပြီး ဒေါ်လာ ၄.၂သန်းနဲ့ ရောင်းချခဲ့တာပဲ ဖြစ်ပါတယ်။ ၂၀၁၆မှာလည်း ထပ်မံလေလံတင်ရောင်းချခဲ့ပြီး ဈေးနှုန်းကိုတော့ ဖော်ပြခဲ့ခြင်းမရှိဘူး။ အခု လက်ရှိပိုင်ရှင်ကတော့ ဒီကားကို ပြန်လည်ရောင်းချဖို့အတွက် ဖြစ်နိုင်တယ်လို့ ယူဆထားကြပြီး လိုချင်သူတွေအနေနဲ့ နားစွင့်နေကြတယ်လို့လည်း ဆိုကြတယ်။ ဒီလိုမျိုး နောက်ထပ်ပုံစံတူ ကားသုံးစီးကတော့ Replica Batmobile Built From The Original Barris Molds ၊ Fiberglass Freaks Officially Licensed Replicas ၊ Jerry Lawler's 1966 Replica Batmobile တွေပဲ ဖြစ်ပါတယ်။

1989 Keaton-Era Turbine-Powered Batmobile Replica

၁၉၈၉ခုနှစ်က ထွက်ရှိတဲ့ Batman Keaton ဇာတ်ကားထဲမှာ ဒီ ကားပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကားနဲ့ ပုံတူကားများစွာပြုလုပ်ထားပြီး အလွယ်တကူဝယ်ယူလို့ ရရှိနိုင်တာပဲ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၆၈၀,၀၀၀ လို့ ဆိုထားတယ်။ ဒီကားရဲ့ ဖန်တီးရှင်ကတော့ Casey Putsch ပါ။ ဒီကားမှာ ထူးခြားချက်အနေနဲ့ လေဖိအားနှင့်ဆက်စပ်သောတိုင်းတာချက်များ၊ semi-automatic gearbox၊ နောက်ဘက်နှင့်ဘေးဘက်ကင်မရာများအတွက် display များ၊ Jet-A အင်ဂျင်လောင်စာ gauge တို့အတွက် analog dial များပါဝင်တာပဲ ဖြစ်တယ်။ နောက်ပြီးတော့ 1989 LS-1 V8-Powered Batmobile ကိုလည်း ထပ်မံထုတ်လုပ်ခဲ့သေးတယ်။ ဒီကားနဲ့ ပတ်သက်ပြီးတော့ ဈေးနှုန်းအချက်အလက်ကိုတော့ ရှာလို့မတွေ့ခဲ့ဘူး။

Dark Knight Official Tumbler

Dark Knight ဇာတ်ကားဟာ Batman ကားတွေထဲမှာ တော်တော်လေး အောင်မြင်ခဲ့တဲ့ကားလို့ ဆိုရမယ်။ ဒီကားထဲမှာ ပါဝင်အသုံးပြုခဲ့တဲ့ Dark Knight Official Tumbler ကားကတော့ ဒီဇိုင်းပိုင်းမှာ တော်တော်လေးကို ရှုပ်ထွေးလွန်းတဲ့ ကားတစ်စီးလို့ ဆိုရမယ်။ ဒီကားနဲ့ပတ်သက်ပြီး ဈေးနှုန်းဖော်ပြချက်တွေတော့ မရှိခဲ့ဘူး။ ဒါပေမဲ့ ဒီကားကို ပုံတူပွားခဲ့တဲ့ ကားတွေတော့ ရှိခဲ့တယ်။  Dark Knight Corvette/Mustang Tumbler Replica နဲ့ Dark Knight MR2-Powered Tumbler Replica တို့ပါ။ Dark Knight MR2-Powered Tumbler Replic ကတော့ ဗြိတိန်မှာ ဒေါ်လာ ၁၅၆,၀၀၀ နဲ့ လေလံအောင်ခဲ့ဖူးပါသေးတယ်။

Batman Vs Superman Night Crawler

ဒီကားဟာ Batmobile ရဲ့ နောက်ဆုံးပေါ် ဒီဇိုင်းလို့တောင် ပြောလို့ရတယ်။ အချို့စိတ်ကူးယာဉ်မှုတွေကို လက်တွေ့ဖော်ဆောင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမဲ့ Batmobile ကတော့ စိတ်ကူးယာဉ်ကားတွေကို လက်တွေ့ဘဝတွေအထိ အနီးစပ်ဆုံး ယူဆောင်လာပေးနိုင်တယ်လို့ ဆိုရမယ်။ ၂၀၁၉ခုနှစ်မှာ ဒေါ်လာ ၈၅၀,၀၀၀ နဲ့ ရောင်းခဲ့တဲ့ ဒီကားကို Alcantara သားရေထိုင်ခုံများ၊ အပူချိန် Imaging နှင့် 255x zoom ပါဝင်သောညဥ့်နက်ကင်မရာ၊ GPS၊ Bluetooth, A / C (ရှေ့သို့လေဆာရောင်ခြည်အောက်တွင်တော်တော်ပူလာသည်) ကဲ့သို့သောစူပါဟီးရိုးများပုံမှန်ရရှိသောအရာအားလုံးပါဝင်အောင်ကို ကြိုးစားပြီး တည်ဆောက်ထားတာလို့ ဆိုနိင်တယ်။ ဒီကားကို ဖန်တီးသူကတော့ FastBoomPro ပဲ ဖြစ်ပါတယ်။

လာမယ့် ၂၀၂၂မှာတော့ The Batman ဆိုတဲ့ ဇာတ်ကားထပ်ထွက်လာဦးမှာပါ။ အဆိုပါ ဇာတ်ကားမှာတော့ Bruce Wayne အဖြစ် Robert Pattinson က သရုပ်ဆောင်သွားမှာဖြစ်ပြီး အဲဒီကားထဲမှာရော .. ဘယ်လို ဒီဇိုင်း၊ ဘယ်လိုနည်းပညာနဲ့ မော်တော်ကား အလန်းတွေ ပါဝင်လာဦးမလဲဆိုတာ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။    ။

Ref :: TheThings

Author