Lady Gaga နဲ့ သူ့ကားစုဆောင်းမှုကြီး

0

Full article

အသက် ၃၄ နှစ်အရွယ် လက်ထဲမှာ အမေရိကန်ဒေါ်လာ ၂၇၄ သန်းလောက်ရှိနေမယ်ဆိုရင် ဘယ်လိုကားမျိုးတွေကို collection အဖြစ်နဲ့ ဝယ်စုထားချင်ပါသလဲ။ အောင်မြင်တဲ့နှစ်ပေါင်းများစွာကို ဖြတ်သန်းအပြီး ကျော်ကြားမှုနဲ့အတူ ငွေကြေးချမ်းသာကြွယ်ဝမှုကိုပါ ပိုင်ဆိုင်ထားတဲ့ အမေရိကန် အဆိုတော် သီချင်းရေးသူ Lady Gaga ကတော့ အခုလို ကားတွေကို မြတ်မြတ်နိုးနိုး စုဆောင်းထားတာတွေ့ရပါတယ်။

Rolls-Royce Phantom (White & Black)

Gaga ရဲ့ကားစုဆောင်းမှုကြီးထဲက အဓိကအမှတ်တံဆိပ်ကတော့ Rolls-Royce အမှတ်တံဆိပ်ပါ။ Rolls-Royce Phantom ဆိုရင် အဖြူတစ်စီး၊ အနက်တစ်စီး ပိုင်ဆိုင်ထားတာတွေ့ရပါတယ်။ ထူးခြားတာက Gaga ဟာ သူ့ရဲ့ Phantom အဖြူအတွက် အနက်ရောင် ခွေကို ရွေးချယ်တပ်ဆင်ပြီး ဒေါ်လာ ၄၅၀,၀၀၀ လောက်တန်ဖိုးရှိတဲ့ အနက်ရောင်မှာတော့ အဖြူရောင်ခွေတွေတပ်ဆင်ထားတာပါ။ နောက်ပြီး Phantom တွေရဲ့ ပုံစံနဲ့ Gaga ရဲ့ပုံစံကလည်း တကယ့်ကို လိုက်ဖက်နေမှုကြီး ဖြစ်နေတော့တာပါပဲ။

Ford Bronco

ဒီနား ဟိုနားသွားဖို့အတွက် Gaga ရဲ့ရွေးချယ်ရာကတော့ Ford Bronco ပါ။ Baby blue အရောင်နဲ့ ဖြစ်တာမို့လို့ ထင်ထင်ရှားရှားရှိသလို အရွယ်အစားသိပ်မကြီးလှတာကြောင့်လည်း အတိုလေးတွေထိုးဖို့အတွက်ဆိုရင် အသင့်တော်ဆုံးဖြစ်နေတာပါပဲ။ Gaga ရဲ့နာမည်ကျော်သီချင်းတစ်ပုဒ်ဖြစ်တဲ့ “Perfect Illusion” ထဲမှာထည့်သွင်းရိုက်ကူးထားပြီး ကိုယ်တိုင်လည်း တော်တော်လေးမောင်းနှင်ဖြစ်တဲ့ ကားဖြစ်ပါတယ်။ Bronco မြင်းတစ်ကောင်လိုမျိုးပေါ့။ အနုပညာအရိုင်းသည်တစ်ယောက်ကို အကောင်းဆုံးထိန်းသိမ်းနိုင်စွမ်းရှိမယ့်ပုံပါပဲ။

Ford Mustang (Vintage)

Bronco လိုမျိုးစီးလို့ muscle တွေရော မစီးဘူးလား မေးစရာရှိမယ်။ Ivy green အရောင်နဲ့ ထူးထူးခြားခြား vintage Ford Mustang ကိုတွေ့ရင် အဲဒါဟာ Gaga ရဲ့ကားပဲဖြစ်မှာ။ ဒီ ဂန္ထဝင် Mustang ကြီးကိုတော့ Gaga အနေနဲ့ အသုံးပြုတာတွေ့ရခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ steel ကိုယ်ထည်နဲ့ Ford Mustang ကြီးဟာ အခုနောက်ပိုင်းထုတ် Mustangs တွေထက် တော်တော်ကြီးကို အကောင်ပိုကြီးနေတာက အကြောင်းအရင်းတစ်ခုဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီ vintage Mustang ကတော့ Gaga ရဲ့ စုဆောင်းမှုကြီးတစ်ခုပါ။

Porsche Boxster

တကယ်လို့ကျော်ကြားသူတစ်ယောက်အနေနဲ့ သိပ်ပြီးထင်ထင်ရှားရှားမဖြစ်မယ့် epic sports ကားမျိုးစီးချင်တယ်ဆိုရင်တော့ Gaga လိုမျိုး တစ်စီးလုံးဖြူ Porsche Boxter ကိုသာရွေးချယ်လိုက်ပါ။ Boxster ဟာနာမည်ကျော် Porsche ရဲ့ထုတ်ကုန်တစ်ခုဖြစ်ပေမဲ့ ထိပ်တန်း supercars တွေ ဇိမ်ခံကားတွေရဲ့ပင်လယ်မှာတော့ ပုဇွန်ဆိတ်လေးပါပဲ။ အမြင်ပိုင်းအရမဆန်းကျယ်လှပေမဲ့ Porsche ဖြစ်တဲ့အတိုင်း မောင်းနှင်မှုအပိုင်းမှာတော့ အားလုံးနဲ့ယှဉ်လို့ရတာမျိုးပါ။

Lamborghini Huracán

“Lamborghini စီးသူတိုင်း နာမည်ကျော်တော့မဟုတ်။ နာမည်ကျော်တိုင်းတော့ Lamborghini စီးကြသည်။” အဲဒီလိုပဲဆိုပေးလို့ရမလား။ ဘာပဲဖြစ်စေ Gaga မှာ ဒေါ်လာ ၂၆၀,၀၀၀ တန် all-black Lamborghini Huracán တစ်စီးရှိနေပါတယ်။ 5.2-liter V10 အင်ဂျင်နဲ့ဖြစ်ပြီး တစ်နာရီကို ၁၉၉ မိုင်နှုန်းအထိ အမြန်ဆုံးမောင်းနှင်နိုင်တဲ့ကားပါ။ Gaga ရဲ့ကားဂိုဒေါင်ထဲက အမြန်ဆုံးကားလည်းဖြစ်နိုင်ပါတယ်။

Mercedes-Benz E350

Mercedes-Benz E350 ကတော့ Lady Gaga ရဲ့နှလုံးသားထဲမှာ အမြဲတမ်းစွဲထင်နေမယ့် ကားတစ်စီးဖြစ်နေမှာ အသေအချာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ Mercedes-Benz E350 ဟာ Gaga ယာဉ်မောင်းလိုင်စင် ရရခြင်းမောင်းခဲ့တဲ့ကားဖြစ်နေလို့ပါ။ အဲဒီတုန်းက Gaga မောင်းခဲ့တဲ့ကားဟာ Mercedes-Benz E350 အဖြူရောင်ဖြစ်ပြီး အခုအချိန်မှာလည်း မော်ဒယ်သစ် Mercedes-Benz E350 အနက်ရောင်ကို အသုံးပြုနေတာကိုတွေ့ကြရမှာပါ။

Audi R8

Gaga ရဲ့ဂိုဒေါင်ထဲမှာတော့ Audi R8 ဟာ Lamborghini Huracán ပြီးရင်အမြန်ဆုံးကားဖြစ်နိုင်ပါတယ်။ တစ်နာရီကို ၁၉၆ မိုင်အထိ အမြန်ဆုံးမောင်းနှင်လို့ရတဲ့ Audi R8 ပါ။ Audi R8 နဲ့ Gaga ကို Los Angeles အနှံ့အပြားမှာတွေ့မြင်နိုင်မှာဖြစ်ပြီး ခပ်မြန်မြန်လည်း မောင်းနှင်လေ့ရှိတယ်လို့ဆိုပါတယ်။ COVID-19 ကြောင့် ကမ္ဘာ့လူသားအားလုံးနီးပါး အိမ်တွင်းမှာပဲနေကြတဲ့ အခုလိုအချိန်မှာတော့ မဟုတ်ပါဘူး။

1990 Rolls-Royce Corniche III

နောက်ဆုံးအနေနဲ့ ဖေါ်ပြပေးချင်တာကတော့ Gaga ရဲ့ 1990 Rolls-Royce ဖြစ်ပါတယ်။ Corniche III ဖြစ်ပါတယ်။ Cherry Red အရောင်နဲ့ဖြစ်ပါတယ်။ 6.75-liter V8 အင်ဂျင်နဲ့ဖြစ်ပါတယ်။ တံခါးနှစ်ပေါက်ကားအနေနဲ့ အံ့အားသင့်ဖွယ်ရာ ပေါင် ငါးထောင်လောက်လေးတယ်။ 1990 Rolls-Royce Corniche III ဟာ Lady Gaga ရဲ့ ကားစုဆောင်းမှုကြီးမှာ အကောင်းဆုံးကားတစ်စီးဖြစ်နိုင်သလို Gaga ရဲ့အကြိုက်ဆုံးကားလည်း ဖြစ်နေနိုင်တော့တာပါပဲ။

Ref: 15 Stunning Photos Of Lady Gaga’s Car Collection BY CORY BARCLAY

Author