ခုလက်ရှိ ဗိုလ်စွဲနေဆဲဖြစ်တဲ့ ကမ္ဘာ့ အမြန်ဆုံး ပြိုင်ကားဖြစ်တဲ့ Bugatti Veyron ကို ကျော်ဖြတ် Bugatti ပြိုင်ကား ကုမ္မဏီကိုယ်တိုင် စံချိန်ချိုး ကျော်ဖြတ်တော့မည့် Bugatti Chiron ကို Geneva Motor Show တွင်စတင် မိတ်ဆက်လိုက်ပါတယ်။
Veyron ရဲ့ 8.0 Litre Quad-turbo W16 အင်ဂျင်အမျိုးအစားကိုပဲ ပြန်လည်အသုံးပြုထားတဲ့ Bugatti Chiron ဟာ မြင်ကောင်ရေအား ၁၅ဝဝဖြင့် တစ်နာရီကို ၂၈၅ မှ ၂၈၇ မိုင်နှုန်းနဲ့ မောင်းနှင်နိုင်တဲ့အတွက် Veyron ချိုးထားတဲ့ စံချိန်ဖြစ်တဲ့ တစ်နာရီကို ၂၆၇မိုင်နှုန်းကို ကျော်ဖြတ်ပြီး ကမ္ဘာ့အမြန်ဆုံး ပြိုင်ကားဖြစ်လာမှာပါ။
တန်ဖိုးအနေနဲ့ ယူရိုငွေ ၂.၄ မီလီယံလောက်ကျသင့်မည့် Chiron ဟာ ထုတ်လုပ်မှုပိုင်းအနေနဲ့ အစီး ၅ဝဝ သာကန့်သတ်ထုတ်လုပ်မည်ဖြစ်ပြီး အမှာစာများလည်း လက်ခံရရှိပြီးဖြစ်တယ်လို့လည်း ကုမ္မဏီမှ ပြောကြားခဲ့ပါတယ်။ အကယ်၍ အော်ဒါမှာထားသူတွေအနေနဲ့ မိမိကြိုက်နှစ်သက်တဲ့ အရောင်နဲ့ သတ္တုကိုလည်း အမှာစာထဲတွင်ဖော်ပြထားပါက အတတ်နိုင်ဆုံး စိတ်ကြိုက်ထုတ်လုပ်ပေးသွားမယ်လို့လည်း သိရပါတယ်။
Bugatti Chiron ရဲ့ အကျဉ်းချုံးဖော်ပြချက်ကတော့
Engine: 7993cc W16 quad-turbo, 1480bhp @ 6700rpm, 1180lb ft @ 2000-6000rpm
Transmission: Seven-speed dual-clutch gearbox, permanent four-wheel drive with Haldex coupling at front differential, electronically controlled locking rear differential
Suspension: Double-wishbone front and rear, electronically controlled adaptive dampers
Brakes: 420mm discs, eight-piston calipers (front), 400mm discs, six-piston calipers (rear)
Performance: Top speed 261mph (limited for 'road use') in Top Speed mode, 236mph in Handling mode, 0-62mph under 2.5sec
Weight: 1995kg dry
http://www.carmagazine.co.uk/ မှ မှီငြမ်းဖော်ပြသည်။