တစ်ပတ်အတွင်း ကား သုံးသပ်ချက် (Toyota Premio)

0

Full article

Toyota Premio

အကျဉ်းချုံး

Toyota ရဲ့ Premio ဟာ မာကြောတဲ့ တည်ဆောက်ပုံ အရည်အသွေးရှိပြီး ပေးရတဲ့ ငွေထက် ပိုမိုကောင်းမွန်တဲ့ ကားအမျိုးအစားပါ။ ပြောရမယ်ဆိုရင် ၂ဝ၁၁ ခုနှစ် model ကထဲက နိုင်ငံတကာ ဈေးကွက်ကို ထိုးဖေါက်အောင်မြင်ခဲ့တယ်။ Premio ဟာ Toyota ရဲ့ customers တွေစိတ်ကျေနပ်မှုရရှိစေဖို့ ကြိုးစားပမ်းချက်တစ်ခုဖြစ်တဲ့အတွက် ဖြည့်တင်းပေါင်းထည့်ပေးထားတဲ့ တန်ဖိုးတွေအများကြီးပါဝင်တဲ့ ကားအမျိုးအစားလို့လည်း ဆိုနိုင်ပါတယ်။

လုံခြုံစိတ်ချရမှု

IIHS (Insurance Institute for Highway Safety) ကပေးတဲ့ rating တွေအရဆိုရင် Premio ဟာ ထိပ်တန်းအဆင့်မှာရှိနေဆဲပါပဲ။ ထူးခြားချက်ကတော့ ဘရိတ်စနစ်တွေဖြစ်တဲ့ ABS (Anti-Lock Braking System) ၊ EBD (Electronic Brake Distribution) နဲ့ BA (Brake Assist) တွေအားလုံးနဲ့ အံဝင်နေတဲ့ စွမ်းဆောင်ရည်ပါ။ ABS ဘရိတ်စနစ်ရဲ့ အလုပ် လုပ်ပုံကတော့ ရုတ်တရက် ဘရိတ်နင်းလိုက်တဲ့အချိန်မှာ ဘီးတွေ ရုတ်တရက် lock ကျသွားခြင်းကနေ တားဆီးစေတဲ့ အကျိုးကျေးဇူးကိုရရှိနိုင်တယ်။ EBD ကတော့ BA ကနေပြီး အရေးပေါ်အခြေအနေ ဘရိတ်နင်းခြင်းအတွက် ပါဝါထောက်ပံ့ချိန်မှာ ကားရဲ့ တည်ငြိမ်မှုကို သင့်မြတ်အောင် ဆောင်ရွက်ပေးပါတယ်။ လုံခြုံစိတ်ချမှုပိုင်းကိုပြောမယ်ဆိုရင် Premio ရဲ့  စနစ်ကျနစွာထည့်သွင်းပေးထားတဲ့ airbags တွေနဲ့ လမ်းလျှောက်သူတွေကို ထိခိုက်ဒဏ်ရာရခြင်းလျော့ချပေးတဲ့ features တွေကို မေ့လို့မရပါဘူး။ လုံခြုံစိတ်ချရေး စနစ်တွေဟာ မတော်တဆထိခိုက်မှုတွေနဲ့ ကားတိုက်မှုတွေကနေ အကာအကွယ်ပေးနိုင်ဖို့ အစွမ်းကုန် တစ်ပြိုက်နက်လုပ်ဆောင်လျက်ရှိနေတာပါ။

အင်ဂျင်နဲ့ စွမ်းဆောင်ရည်

ကြီးမားစွာကွေးညွှတ်နေတဲ့ bonnet ထဲမှာ Premio ရဲ့ 16-valve DOHC ရှိပါတယ်။ DOHC အင်ဂျင်တွေဟာ ပါဝါကို ပိုမိုထုတ်လွှတ်နိုင်စွမ်းရှိပြီး ရလာဒ်ကတော့ အမြင့်စား အဆုံးသတ် ပါဝါကို ရရှိစေတာပါပဲ။ Premio ရဲ့ အင်ဂျင်ကို 1NZ-FE အဖြစ် ပိုမိုအကျိုးများအောင် သီးသန့်စီစဉ်နိုင်ပါသေးတယ်။ 1500cc နဲ့ဆိုရင် power output က 109bph အထိရှိပြီး rpm ကတော့ 6000 ပါ။ နောက်ပြီး အင်ဂျင်ရဲ့ Variable Valve Timing with Intelligence (VVT-i) စနစ်ဟာ ဆီစားနှုန်းနဲ့ အင်ဂျင်ပါဝါသုံးစွဲမှုကို ထိန်းညှိပေးနိုင်တဲ့အပြင် CO2 ထွက်ရှိမှုကိုလည်း လျော့ချပေးနိုင်ပါသေးတယ်။ အမြင့်ဆုံးမြန်နှုန်း တစ်နာရီ ၁၈၅ ကီလိုအထိ အရှိန်မြင့်မောင်းနှင်နိုင်တဲ့အတွက် ဘယ်နေရာမှာဖြစ်ပါစေ သင့်တော်လှတဲ့ ကားအမျိုးအစားတစ်မျိုးလို့ ပြောလို့ရပါတယ်။

ဒီဇိုင်း

ဒီဇိုင်းပိုင်းအရကြည့်မယ်ဆိုရင် Premio ကနေရရှိနိုင်တဲ့ အထောက်အပံ့ကတော့ သက်တောင့်သက်သာရှိမယ်၊ ကျယ်ဝန်းမယ်၊ နောက်ပြီး နည်းပညာနဲ့လည်း ပြည့်စုံပါမယ်။ အတွင်းခန်းထိုခုံတွေဟာ လှပတင့်တယ်ပြီး တောက်ပမှုကိုပါ ရရှိနိုင်ပါသေးတယ်။ HD အသံပိုင်းစနစ် ၊ Bluetooth ၊ CD charger နဲ့ AM/FM ရေဒီယို စတဲ့ ခေတ်ပေါ် ဖျော်ဖြေရေးကတော့ မပါမဖြစ် ပါဝင်တာပေါ့။ ကားအတွင်းပိုင်းနဲ့ပတ်သက်ပြီးပြောရင်တာ့ အဓိက ကတော့ နေရာလွတ် ကျယ်ကျယ်ပြောပြောပါဝင်တာပါပဲ။ အပြင်ပိုင်းအရပြောမယ်ဆိုရင်တော့ Toyota  Premio ရဲ့ ကွေးညွှတ်ဒီဇိုင်းတွေဟာ အလှတရားတစ်ခုလို့ ဆိုနိုင်တာပေါ့။

သုံးသပ်ဆုံးဖြတ်ချက်

Toyota
Premio ရဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ Premio ဟာ Toyota ရဲ့ ဖောက်သည်တွေကို စိတ်ကျေနပ်စေဖို့ ကျသင့်တဲ့တန်ဖိုးထက် ပိုမိုကောင်းမွန်တဲ့ features တွေကို ထပ်ပေါင်းထဲ့ပေးထားတဲ့ကားအမျိုး အစားတစ်မျိုးဖြစ်နေတဲ့အပြင် ကျယ်ပြောတဲ့ နေရာလွတ်မှာ သက်တောင့်သက်သာ စီးနင်းမောင်းနှင်နိုင်မယ့် ကားအမျိုးအစားဖြစ်ပြီး ပြည်တွင်းကားဈေးကွက် ရွေးချယ်ဝယ်ယူဖို့ သင့်တော်ပါကြောင်း...

Author