ဥရောပ ဇိမ်ခံကား Volvo XC 90 အကြောင်းသိကောင်းစရာ

0

Full article

ဇိမ်ခံကားကောင်းများစွာ တစ်နေရာတည်းမှာ ကြည့်ရှုဝယ်ယူနိုင်မယ့် မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဇိမ်ခံကား အရောင်းပြပွဲကို CarsDB က ဦးစီးကာ ယခုလ သြဂုတ် ၂၅ နဲ့ ၂၆ ရက်နေ့များမှာ ကျင်းပပြုလုပ်သွားတော့မှာဖြစ်ပါတယ်။

ဒီပွဲမှာတော့ မြန်မာနိုင်ငံတွင်းရှိ အကောင်းဆုံးဇိမ်ခံကား များဖြစ်တဲ့ Jaguar, _ Land Rover, Peugeot, _ Ford, Volvo နဲ့ _ Mercedes_ အစရှိတဲ့ နာမည်ကြီး အမှတ်တံဆိပ်များစွာ ပါဝင်မှာဖြစ်ပါတယ်။ ယခုအခါမှာတော့ အဆိုပါအမှတ်တံဆိပ်များထဲက တစ်ခုဖြစ်တဲ့ Volvo မှ ၄င်းရဲ့ XC 40, XC 60 နဲ့ XC 90 ကားများကို ပြသသွားမှာဖြစ်ပြီး ယခုဆောင်းပါးမှာတော့ XC 90 အကြောင်း သုံးသပ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အင်ဂျင်နှင့် စွမ်းဆောင်ရည်

Volvo XC 90 တွင် D5 ဒီဇယ်အင်ဂျင်နှင့် T6 ဓာတ်ဆီအင်ဂျင် နှစ်မျိုးနှစ်စားရှိပြီး ဒီဇယ်အင်ဂျင်သည် မြင်းကောင်ရေအား ၂၂၅ ထုတ်ပေးနိုင်ကာ ဓာတ်ဆီအင်ဂျင်ကတော့ မြင်ကောင်ရေအား ၃၂ဝ ကို ထုတ်ပေးနိုင်ပါသည်။ ဒီဇယ်အင်ဂျင်သည် ၁ နာရီကို ဝ မှ ၁ဝဝ ကီလိုမီတာအထိ ၇.၈ စက္ကန့် အတွင်းသွားလာနေပြီး ဓာတ်ဆီအင်ဂျင်ကတော့ ၆.၅ စက္ကန့်အတွင်းသွားလာနိုင်ပါသည်။ အင်ဂျင်နှစ်မျိုးစလုံးတွင် လောင်စာဆီများကို ၇၁ လီတာအထိ ထည့်သွင်းနိုင်ပါ သည်။ ဒီဇယ်အင်ဂျင်မှာ ၅.၇ လီတာကို ၁ဝဝ ကီလိုမီတာခန့်သွားနိုင်ပြီး ဓာတ်ဆီအင်ဂျင်ကတော့ ၇.၇ လီတာကို ၁ဝဝ ကီလိုမီတာ သွားနိုင်ပါသည်။ မြန်နှုန်းကတော့ ဒီဇယ်အင်ဂျင်သည် တစ်နာရီကို ၂၂ဝ ကီလိုမီတာသွားနိုင်ပြီး ဓာတ်ဆီအင်ဂျင်သည် တစ်နေရာကို ၂၃ဝ ကီလိုမီတာ သွားနိုင်ပါသည်။

အပြင်ခန်းနှင့်အတွင်းခန်း

Volvo XC 90 ၏ ရှေ့ပိုင်းတွင် တပ်ဆင်ထားသော လေဇံကာပေါက်ပေါ် Volvo အမှတ်တံဆိပ်တပ်ဆင်ထားသော ဒီဇိုင်းမှာ စွဲမက်ဖွယ်ပင်ဖြစ်ပါသည်။ ရှေ့ LED မီးများ၊ ၁၉ လက်မ အရွယ်အစားရှိ အလွိုင်းဘီး၊ အလူမီနီ ယံဖြင့် ပြုလုပ်ထားတဲ့ အမိုးတန်းတို့၏ ဒီဇိုင်းတို့မှာ ကား၏ အပြင်ပန်းရုပ်ထွက်ကို ကြည့်ရုံဖြင့် ဇိမ်ခံကားအဖြစ် တမုတ်ဟုတ်ခြင်း သတ်မှတ်နိုင်ပါသည်။ အတွင်းခန်းတွင် လယ်သာ ထိုင်ခုံများ၊ လယ်သာ စတီယာရင်တို့ဖြင့် သေသပ်လှပစွာ တပ်ဆင်ထားပြီး လူ ၇ ဦးအထိ လိုက်ပါစီးနင်းနိုင်ပါသည်။ ၉ လက်မ. အရွယ် ဖန်သားပြင်ကနေ ကားရဲ့ ဖျော်ဖြေမှုစနစ်များကို အသံဖြင့် အမိန့်ပေးခိုင်းစေနိုင်ပြီး iphone ဖြင့် ချိတ်ဆက်အသုံးပြုနိုင်ရန်အလို့ဌာ apple car play နည်းပညာကို တပ်ဆင်ထားပါသည်။

ကားအတွင်း ပတ်ပတ်လည်တွင် စပီကာ ၁၉ လုံးတပ် ဆင်ထားသည့်အတွက် သီချင်းဖွင့်လျှင် လိုက်ပါစီးနင်းသူများ အားလုံး နောက်ဆုံးခန်းအထိ ကြားရပါသည်။ အော်ဒီ ယိုစနစ်တွင်သာမက အရှေ့တောင်အာရှ ဘယ်နိုင်ငံသွားသွား လမ်းညွှန်ပေးနိုင်သည့် navigation map နဲ့ road sign information တို့ပါဝင်ပါသည်။

လုံခြုံရေး
ကားရှေ့ခန်းနှင့် ဘေးဖက်နံရံတစ်လျှောက်ကို လေအိပ်များတပ်ဆင်ထားပါသည်။ ရှေ့ကားနှင့် အကွာအဝေးတစ်ခု သတ်မှတ်ကာ ရှေ့ကကားရပ်လျှင် အလိုအလျှောက်လိုက်ရပ်သည့် adaptive cruise control, ကားက တစ်ဖက်လမ်း ကြောင်း ရောက်နေလျှင် အသိပေးသည့် land keeping aid, ကားရဲ့ မမြင်ရတဲ့ အစိတ်အပိုင်းများနားသို့ တခြားကားနှင့် ဆိုင်ကယ်တို့က ကပ်လာလျှင် အသိပေးသည့် blind spot information စနစ်၊ ကားပါကင်ကို အလိုအလျောက် ထိုးပေးသည့် park assist pilot နှင့် တောင်တက်သည့်အခါ ကားရဲ့ စွမ်းဆော င်ရည်ကို မြှင့်တင်ပေးသည့် hill start assist တို့ပါဝင်ပါသည်။

နိဂုံးချုပ်အားဖြင့် ဆိုရလျှင် အထက်ကဖော်ပြသလို Volvo XC 90 ကားဟာ လှပပြီး အထက်တန်းဆန်လှ တဲ့ ဒီဇိုင်း၊ အင်ဂျင်ရဲ့ စွမ်းဆောင်ရည်မြင့်မားမှုနဲ့ စိတ်ချရတဲ့ လုံခြုံရေးစနစ်များပါဝင်တဲ့အတွက် အဆင့်အတန်းမြင့်မားလှတဲ့ ဇိမ်ခံကားကောင်းတစ်စီးဖြစ်ပါသည်။ Volvo XC 90 ကို ကြည့်ရှုဝယ်ယူချင်လျှင်တော့ သြဂုတ်လ ၂၅ နဲ့ ၂၆ မှာ Novotel Yangon Max Hotel မှာ ကျင်း ပပြုလုပ်တော့မယ့် CarsDB Luxury Auto Show ကို လာခဲ့ဖို့ ဖိတ်ခေါ် လိုက်ပါ သည်။

Author