Full article

ပထမဆုံးအကြိမ် ကား စမောင်းမည့်သူများဟာ စတီယာရင် မနိုင်သေးခြင်း၊ လမ်းကြောမကျွမ်းကျင်သေးခြင်း အစရှိတဲ့ အခက်အခဲများ ရှိတတ်ကြပါတယ်.။ ရန်ကုန်မြို့လို ကားကျပ်တဲ့နေရာမျိုးမှာ ပိုဆိုးပါတယ်.။ တစ်ခုခု ထိခိုက်မိရင် ကိုယ့်အတွက်မကောင်းသလို သူများအတွက်လဲမကောင်းပါဘူး.။ အဲဒီလိုလူများအတွက် ရွေးချယ်သင့်တဲ့ အကောင်းဆုံး Used ကားများကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်.။ Safety Test တွေမှာ ကောင်းမွန်တဲ့ ရလဒ်ထွက်ရှိခဲ့တဲ့ ကားများလဲဖြစ်ပါတယ်.။

ဈေးနှုန်းအရ အနည်းဆုံးမှ အများဆုံးသို့ အစဉ်လိုက်တင်ပြသွားမှာဖြစ်ပါတယ်.။ ဈေးနှုန်းဆိုတဲ့နေရာမှာ ကားတန်ဖိုးကိုသာ ဖော်ပြပေးထားတာဖြစ်ပါတယ်.။ လိုင်စင်မဝင်ရသေးတာကို သတိပြုပါ.။ ဒေါ်လာဈေးအပြောင်းအလဲနဲ့ အခြားထူးခြားတဲ့ အချက်အလက်တွေကြောင့်လဲ ဈေးအပြောင်းအလဲရှိနိုင်ပါတယ်.။ ကားတွေရဲ့ ခုနှစ်များဟာ ဝယ်ယူသင့်တဲ့ ခုနှစ်အပိုင်းအခြားကိုသာ ထည့်သွင်းထားတာဖြစ်ပါတယ်.။

Honda Civic

2001-present-honda-civic-500x375

၂ဝဝ၁ မှ ယခုအထိ

ဈေးနှုန်း – $5,000 အထက်

Honda Civic ကို သေသေချာချာ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ထားခဲ့ရင် မိုင် 250,000 ကျော်အထိ အေးအေးဆေးဆေး မောင်းနှင်နိုင်ပါတယ်.။ ကမ္ဘာပေါ်မှာ ပေါ်ပြူလာအဖြစ်ဆုံးကားတွေထဲက တစ်စီးအပါအဝင်ဖြစ်တဲ့အတွက် Spare Parts များ ပေါများသလို ကားပြုပြင်ထိန်းသိမ်းခြင်းတွေအတွက်လဲ ဈေးနှုန်းအရမ်းကြီးမြင့်ခြင်း မရှိပါဘူး.။ Manual Gear အသုံးပြုထားတာဖြစ်တဲ့အတွက်လဲ စတင်မောင်းနှင်သူများအတွက် Manual Gear ကို လေ့ကျင့်မောင်းနှင်နိုင်ပါတယ်.။

MyanmarCarsDB မှ Honda Civic ကားများ

Toyota Celica

1999-2006-toyota-celica-500x375

၁၉၉၉ မှ ၂ဝဝ၆

ဈေးနှုန်း – $5,500 အထက်

မြင်းကောင်ရေ 140 သို့ 180 အား ဆလင်ဒါလေးလုံးထိုး အင်ဂျင်တပ်ဆင်ထားတဲ့ ဒီကားဟာ မောင်းနှင်ရတာ မြန်ဆန်ခြင်း၊ ကောင်းမွန်ခြင်း၊ Reliable ဖြစ်ခြင်းနဲ့ Sport Type ဖြစ်ခြင်းတို့ကြောင့် လူငယ်ထုတွေ အသည်းစွဲ ကားအမျိုးအစားတစ်မျိုး ဖြစ်ပါတယ်.။ Quality နိမ့်တဲ့ Modification တွေပြုလုပ်ခြင်းကြောင့် ကားရဲ့ သက်တမ်း တိုမှာကိုတော့ သတိပြုသင့်ပါတယ်.။

MyanmarCarsDB မှ Celica ကားများ

Toyota Tacoma

1998-2004-toyota-tacoma-500x375

၁၉၉၈ မှ ၂ဝဝ၄

ဈေးနှုန်း – $5,900 အထက်

Toyota ရဲ့ ကောင်းမွန်ခိုင်ခံ့တဲ့ နည်းပညာများနဲ့ ထုတ်လုပ်ထားတဲ့ ဒီ Pick-up ကားဟာ ဆလင်ဒါ လေးလုံးထိုး (သို့) ခြောက်လုံးထိုးနဲ့ ရနိုင်ပြီး လမ်းကြမ်းမောင်းနှင်ရာမှာရော မြို့ထဲမောင်းနှင်ရာမှာပါ ကောင်းမွန်ပါတယ်.။ ဆီစားအနည်းငယ် များနိုင်တာကိုတော့ သတိပြုပါ.။

Ford Mustang

2005-2014-ford-mustang-500x374

၂ဝဝ၅ မှ ၂ဝ၁၄ အထိ

ဈေးနှုန်း – $6,000 အထက်

၂ဝဝ၅ မှာ Ford ကုမ္ပဏီရဲ့ Mustang မျိုးဆက် ၅ ဆက်မြောက်ကို စတင်မိတ်ဆက်ခဲ့ပါတယ်.။ ဒီကားဟာ Muscle ကားအမျိုးအစားဖြစ်ပြီး Mustang လို့ဆိုလိုက်တာနဲ့တင် လူငယ်ထုအကြား ရေပန်းစားပြီးသားဖြစ်ပါတယ်.။ မောင်းနှင်သွားတဲ့အခါ စတိုင်ကျမှု၊ အင်ဂျင်ပါဝါကောင်းမွန်မှု တို့ကြောင့် ထင်ပေါ်စေမှာဖြစ်ပါတယ်.။ Version အမျိုးမျိုးနဲ့ ရနိုင်တဲ့ ဒီကားမှာ Mid-range level တွေထဲမှာလဲ ရွေးချယ်စရာအများအပြားရှိတဲ့ အမျိုးအစားဖြစ်ပါတယ်.။ အင်ဂျင်ပါဝါ ကောင်းမွန်မှုကြောင့် ဆီစားနှုန်းလဲ များပါလိမ့်မယ်.။ ဘာပဲဖြစ်ဖြစ် လူငယ်တွေအနေနဲ့ကတော့ Mustang ကို ကြိုက်ကြမှာ အသေအချာပါပဲ.။

MyanmarCarsDB မှ Mustang ကားများ

Lexus IS300

1998-2005-lexus-is300-500x374

၁၉၉၈ မှ ၂ဝဝ၅ အထိ

ဈေးနှုန်း – $6,500 အထက်

၁၉၉၈ ခုနှစ် ဒီကားကို စတင်မိတ်ဆက်ချိန်မှာ Lexus ဟာ ပြိုင်ဘက်တွေဖြစ်တဲ့ BMW X3 နဲ့ Mercedes C-Class ကားတွေကို ပြိုင်ဆိုင်ဖို့ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်.။ တကယ်တမ်းမှာ ပြိုင်ဘက်တွေကို အလဲမထိုးနိုင်ခဲ့ပေမယ့် Lexus ရဲ့ ကောင်းမွန်တဲ့ တည်ဆောက်မှုနဲ့ စတိုင်ကျတဲ့ ဒီဇိုင်းတို့ကြောင့် ရွေးချယ်စရာကားတစ်စီး ဖြစ်လာခဲ့ပါတယ်.။ BMW X3 ဟာ ဒီကားထက်စာရင် ပိုမိုကောင်းမွန်ပါတယ်.။ ဒီကားကို ရွေးချယ်စရာအဖြစ် သက်မှတ်ထားတာကတော့ BMW ထက်စာရင် ပြင်ဆင်မှုကုန်ကျစားရိတ် ပိုမိုသက်သာလို့ဖြစ်ပါတယ်.။

Honda Fit

2006-present-honda-fit-500x375

၂ဝဝ၁ မှ ယခုအထိ

ဈေးနှုန်း – $7,000 အထက်

Honda Fit ဟာ မြန်မာပြည်မှာလဲ ခေတ်အစားဆုံးကားတွေထဲက တစ်စီးဖြစ်ပါတယ်.။ ဒီကားဟာ သေးငယ်ပေါ့ပါးပြီး မောင်းနှင်ရတာလဲ ကောင်းတဲ့အတွက် အမျိုးသားများရော၊ အမျိုးသမီးများပါ ရွေးချယ်ဝယ်ယူနေကြတဲ့ ကားအမျိုးအစားလဲဖြစ်ပါတယ်.။

MyanmarCarsDB မှ Honda Fit ကားများ

Toyota Highlander

2002-2007-toyota-highlander-500x375

၂ဝဝ၂ မှ ၂ဝဝ၇

ဈေးနှုန်း – $7,000 အထက်

Crossover SUV နှစ်သက်သူတွေအတွက် သင့်တော်တဲ့ကားတစ်စီးဖြစ်ပါတယ်.။ Tacoma လိုမျိုး Off-road ကားအမျိုးအစားမဟုတ်ပေမယ့် 4WD ဖြစ်တဲ့ Highlander ဟာ ရာသီဥတုဆိုးရွားမှုဒဏ်ကို ကောင်းကောင်းခံနိုင်ပါတယ်.။ Lexus RX ရဲ့ ဝမ်းကွဲမျိုးဆက်လို့ ပြောလို့ရတဲ့ ဒီကားဟာ အတွင်းပိုင်းအပြင်အဆင်မှာ RX နဲ့ အတော်လေးကို ဆင်တူပါတယ်.။

MyanmarCarsDB မှ Highlander ကားများ

Honda CRV

2002-present-honda-cr-v-500x374

၂ဝဝ၂ မှ ယခုအထိ

ဈေးနှုန်း – $7,500 အထက်

စတင်မိတ်ဆက်ချိန် 1997 မှစတင်ပြီး CRV ဟာ ပေါ်ပြူလာအဖြစ်ဆုံး SUV ကားတစ်စီးဖြစ်ပါတယ်.။ Fuel Economy ကောင်းမွန်ခြင်း၊ Reliable ဖြစ်ခြင်း နဲ့ မောင်းနှင်ရတာ ကောင်းခြင်း စတာတွေဟာ CRV ရဲ့ အားသာချက်တွေဖြစ်ပါတယ်.။

MyanmarCarsDB မှ CRV ကားများ

Nissan Xterra

2005-present-nissan-xterra-500x375

၂ဝဝ၅ မှ ယခုအထိ

ဈေးနှုန်း – $8,900 အထက်

Xterra ရဲ့ ဒုတိယမျိုးဆက်ကို ၂ဝဝ၅ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး ကောင်းမွန်သပ်ရပ်တဲ့ ဒီဇိုင်း၊ active ဖြစ်တဲ့ စတိုင်နဲ့ မြင့်မားတဲ့ အင်ဂျင်ပါဝါ ပါရှိပါတယ်.။ Nissan VQ series 4.0 liter V6 အင်ဂျင်တပ်ဆင်ထားပြီး မြင်းကောင်ရေ 265 ကောင်အားအထိ ရရှိနိုင်ပါတယ်.။

Additional

အထက်ပါစာရင်းများမှာ မပါဝင်ပေမယ့် မြန်မာနိုင်ငံမှာ စီးနင်းမောင်းနှင်နေကြတဲ့ကားများဖြစ်တဲ့ Toyota Probox, Suzuki Swift, Honda Insight, Toyota Wish, Toyota Belta အစရှိတဲ့ကားများကိုလဲ ရွေးချယ်မောင်းနှင်နိုင်ပါတယ်.။ ကားစတင်မောင်းနှင်ကာစဖြစ်တဲ့အတွက် အောက်ပိုင်းအရမ်းနိမ့်တဲ့ ကားများကို ရွေးချယ်ရာမှာတော့ သတိထားသင့်ပါတယ်.။

A Few Tips for first time drivers

ဖြည်းညှင်းစွာ အရှိန်တင်ပါ.။

စတီယာရင်ကို တည်ငြိမ်စွာကိုင်တွယ်ပါ.။

ညင်သာစွာ ဘရိတ်အုပ်ပါ.။

Speed အရမ်းမတင်ပါနဲ့.။ အန္တရာယ်ကင်းတဲ့ Speed အနေအထားကို ထိန်းသိမ်းထားပါ.။

ရှေ့ကားကို စိတ်ချရတဲ့အကွာအဝေးက လိုက်ပါ.။ အရမ်းမကပ်ပါနဲ့.။

လမ်းဘေးဝဲယာမှ သတိပေးဆိုင်းဘုတ်များကို ဂရုစိုက်ပါ.။

လမ်းကျောကို သတိထားပြီး ယူပါ.။

အခြားကားများနဲ့ မီးတောက်ခြင်း၊ ဟွန်းတီးခြင်း စသဖြင့် ဆက်သွယ်ပါ.။

Ref: Business Insider

Aung Mon Chan

www.myanmarcarsdb.com

No. 1 Car Site in Myanmar

Author