Full article

အသစ်စက်စက် ဝယ်ထားတဲ့သင့်ရဲ့ ကိုယ်ပိုင်ကားထဲကိုပထမဦးဆုံး အကြိမ် လီဗာပေါ်ကို ခြေထောက်တင် ခရီးနှင်ရတဲ့ ခံစားချက်ဟာ မေ့မရနိုင်တဲ့အတွေ့အကြုံပါ။ ဘယ်လောက်ပဲ စိတ်လှုပ်ရှားစရာ ကောင်းအောင်ကြည့်ကောင်းကောင်း၊ ဈေးဘယ်လောက်ကြီးပါစေ ဒီလိုထိတွေ့လိုက်ရတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို ထင်ရှားကျော်ကြားတဲ့ ထိပ်ဆုံးရောက်နာမည်ကြီးပုဂ္ဂိုလ်အလားခံစားစေရမှာအမှန်ပါ။

အဲ့ဒီလိုပဲ ယခင်ခေတ် သမိုင်းဝင်ကားအမျိုးအစားတွေထဲက တစ်စီးလောက်တော့ မောင်းခွင့်ရဖို့ မိတ်ဆွေတို့ စိတ်ကူးမိထားဖူးပါလိမ့်မယ်။ ဒါဆို အောက်ပါ ကားအမျိုးအစားတွေထဲက တစ်ခုဖြစ်နေမလား?

Back to the Future car

ကဲ ကြည့်ကြရအောင်။ ဒီ Delorean D12 ဟာ မင်းသားDoc Brown အသုံးမပြုခင်ကတည်းက အတော်လေးကို မိုက်တဲ့ကားပါ။ ဒါပေမယ့် Doc က Plutonium တွေနဲ့ ပစ္စည်းအပိုအနည်းငယ် ဆင်ယင်လိုက်တဲ့အခါမှာ သမိုင်းဝင်သွားတဲ့ အကောင်းဆုံးကားတစ်စီး တစ်မျိုးဖြစ်သွားခဲ့ပါတယ်။ Back to the Future ရုပ်ရှင်ကိုရိုက်ကူးနေစဉ်မှာစုစုပေါင်းကား ၆ မျိုးလောက်အသုံးပြု ရိုက်ကူးခဲ့တာကို အားလုံး သိပြီးခဲ့ဖူးလောက်မယ် မထင်ဘူး။ အဲဒီက ကား ၅ စီးကတော့ဝယ်ယူစုဆောင်းသူတွေလက်ထဲမှာပါ။ Doc က Nuclear Fusion powered hover car အနေနဲ့ အဆင့်ထက်မြှင့် လိုက်တဲ့အခါမှာ စကားလုံးနဲ့ မဖော်ပြနိုင် လောက်အောင်က ထူးခြားသွားခဲ့တယ်။ ဒီကားကို ဝယ်ယူဖို့တောင် ဘယ်ကားအရောင်းစင်တာမှာမှ ရှာလို့ တွေ့ နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့်ကိုယ်တိုင် 88mph အထိမောင်းနိုင်မယ့် တစ်နေ့ရောက်လာလိမ့်မယ်လို့ စိတ်ကူးယဉ်ပိုင်ခွင့်တော့ရှိပါသေးတယ်။

b2f

Lamborghini Gallardo

Lamborghini ကတော့စိတ်လှုပ်ရှားအံ့သြဖွယ်ရာတွေနဲ့ပြည့်နှံ့နေတဲ့ကားပါ။သူ့ရဲ့ အင်ဂျင်စက်သံတောင်မှ စွဲမက်စရာကောင်လွန်းပါတယ်။ သေချာတာကတော့ ဘယ်သူမဆို မလွဲမသွေစိတ်ဝင်စားကြမှာ အသေအချာ ပဲပေါ့။ ဒီကားအမျိုးအစားက ဈေးနှုန်းအဆမတန်ကြီးမားပါလိမ့်မယ်၊ဒါပေမယ့် သင်တတ်နိုင်တယ်ဆိုရင်တော့ ဒီကားဝယ်ပြီးရင် တစ်သက်လုံးနောင်တရမှာမဟုတ်ဘူးဗျ (ရန်ကုန်လိုရေကြီးတဲ့နေရာမှာ မစီးရင်ပေါ့)။

lambor

The German BMW Pool Car

မကြာသေးခင်က ထူးခြားဆန်းပြား ကားသတင်းတွေထဲမှာ တော်တော်ကို ထူးခြားတဲ့ ကားတစ်စီး ပါတယ်ဗျ။ အဲဒီကားမျိုး ဘယ်မှာမှရှာမတွေ့နိုင်လောက်တော့ဘူး။ဂျာမန်လူငယ်တစ်စု သူတို့ရဲ့ BMW ကားကို အတော်လေးငြီးငွေ့လာပုံရတယ်။ ဒါနဲ့ ထူးခြားအောင်ကားကိူ ရေကူးကန်အဖြစ်ပြောင်းလဲလိုက်တယ်။ သေချာတီထွင်ထားတဲ့အဲဒီကားကတော့ gear ၁ခုနဲ့ 15mph နှုန်းသွားနိုင်ပါတယ်။ အဲဒီလူငယ်တွေ ကားကို လမ်းအလယ်ပစ်ထားခဲ့ပြီး ထွက်ပြေးသွားတဲ့နောက် မြို့ခံရဲတွေ အနေနဲ့ ကားတစ်စီးထဲမှာ ရေလီတာ၂ဝဝဝ တွေ့ခဲ့ရလို့ အတော်အံ့အားသင့်ခဲ့ရတယ်။ အဖွဲ့ထဲက တစ်ယောက်ကို ရဲတွေကဖမ်းမိလိုက်တဲ့အတွက် သူတို့အားလုံး ဒဏ်ငွေရိုက်ခံရတော့မှာပါ။

poolcar

The McLaren F1

F1 ကားထဲတော့ဘယ်သူမှ ရေဂါလံထောင်သောင်းမက မထည့်ရက်လောက်ပါဘူး။ F1ဟာ အထင်ရှားအကျော်ကြားဆုံး ၊ လိုချင်တပ်မက်ဖွယ်အကောင်းဆုံး Sport car တစ်မျိုးပါ။ စစမောင်ချင်း 3.2 စက္ကန့် မှာတင် 0-60 mph အထိသွားပြီး၊ အမြင့်ဆုံးအမြန်နှုန်းကတော့ 231mph ပါ။ ဒါတွေအားလုံးထက်ကို ကားအတွင်းခန်းရဲ့အလယ်မှာထိုင်ပြီးမောင်းရတဲ့ အနေအထားကလည်း စိတ်လှုပ်ရှားစရာပါ။ F1 ဟာ ကမ္ဘာပေါ်မှာတီထွင်ထုတ်လှုပ်ထားသမျှ အမြန်ဆုံးကား ဖြစ်ပြီးပညာရှင်တွေ သုံးသပ်ချက်အရ အဲဒီ အမြန်ဆုံးကား နေရာကိုလည်းလက်လွှတ်လိုက်ရအုံးမှာမဟုတ်သေးပါဘူးတဲ့။ စုစုပေါင်း အစီး ၁ဝဝကျော်သာ ထုတ်လုပ်ထားတဲ့ F1 ကို တစ်ကြိမ်လောက်တောင်းမောင်းခွင့်မရလိုက်မှာကို စဉ်းစားပြီး ဝမ်းမနည်းပါနဲ့၊ကျွန်တော်တို့တွေအတွက်လည်း လက်လှမ်းမမှီတဲ့အခွင့်အရေးတစ်ခုပါ။

mclarenf1

James Bond Submarine Car

ကောင်းပေ့ဆိုတဲ့ အပျံစားကားတွေကိုမောင်းခွင့်ရတဲ့သူတစ်ဦးကတော့ 007 ပါ။ James Bond အများဆုံးအသုံးပြုတဲ့ ကားအမျိုးအစားအများစုက Aston Martin ဖြစ်ပြီး နောက်ထပ် သူကြိုက်နှစ်သက်တဲ့ ကားအမျိုးအစားတွေကိုဖော်ပြသွားတဲ့သတင်းတွေရှိပါတယ်။ The Spy who love me ဇာတ်ကားမှာသုံးတဲ့ Submarine Car ကို လေလံ ပွဲမှာရောင်းချသွားခဲ့ပြီး ဘီလီယျံနာ Elon Musk က ဝယ်ယူလိုက်တယ်လို့ ဝန်ခံ ပြောကြားသွားပါတယ်။ Musk ကတော့ ရုပ်ရှင်ထဲကလို ခလုတ်တစ်ချက်နှိပ် အတွင်းမှာ Submarine ကားအဖြစ် ချက်ချင်းပြောင်းမသွားလို့ နည်းနည်း စိတ်ပျက်မိပါတယ်တဲ့။ ဒါပေမယ့် စိတ်ပူစရာတော့မလိုပါဘူး၊ နောင်မှာ ရုပ်ရှင်ထဲကအတိုင်း ဖြစ်အောင်လို့အကြီစားပြင်ဆင်မှုတွေလုပ်နေပါတယ်လို့သိရပါတယ်။

007car

The flint stones car

ဒီကားကတော့အရင်တေ်တုန်းက အမြန်နှုန်းရ ှSportcar အမျိုးအစားမျိုးတော့မဟုတ်ပေမယ့် စိတ်ချမ်းချမ်း သာသာစီးရမယ့် ကားတစ်စီးပါတဲ့။ Flint Stone ကား idea ကို သဘောကျမောင်းနှင်ချင်တဲ့လူတစ်ယောက်က ကိုယ်တိုင်ဖွဲ့စည်း တည်ဆောက်လိုက်ပါတယ်။ဂျာမနီ မှာလည်းအလားတူတီထွင်ဖူးတယ်လို့ကြားဖူးလို့ ကျွန်တော့်အနေနဲ့ ဂျာမန်တွေက ကားတွေကို ပုံမှန်ထက်ထူးထူးခြားခြားမောင်းချင်ကြတယ်လို့ ထင်မြင်မိတယ်။

အခုလောက်ဆိုရင် ဒီကား တီထွင်သူတစ်ယောက်တော့ သူ့ကားဘေးမှာ Mercedes Banz နဲ့ BMW ကားတွေဖြတ်မောင်းသွားတဲ့ အချိန်မှာ အတော်ဗျာများ နေမယ့်ပုံကို မြင်ယောင်နေပြီးလောက်ပြီ ထင်ပါတယ်။ ဒါနဲ့ သူ့ရဲ့ကားကို တရားဝင်ကားအမျိုးအစားအဖြစ် စာရင်းသွားသွင်းတဲ့အခါမှာတော့ ကားတစ်စီမှာလိုအပ်တဲ့ လုံခြုံမှုနဲ့ မကိုက်ညီတဲ့အတွက် ပိုင်ရှင်က မောင်းနှင်ဖို့အတွက်မဟုတ်ဘဲ ကားအလှပြဖို့ရန်အတွက်သာ ဆုံးဖြတ်လိုက်ပါတယ်။

flintstonecar

Reference: ebestcars

Image courtesy Wikimedia Commons and Flickr

Author