Porsche မိသားစုရဲ့ သားလတ်ဖြစ်တဲ့ GTS ဟာ သူ့ရဲ့ညီအစ်ကိုတွေထက်စာရင် အားလုံးအတွက် ပိုပြီးသင့်လျော်မှုရှိတဲ့ပုံပါပဲ။
အခြေခံဈေးနှုန်း : $72,650 (နိုင်ငံတကာ)


“Porsche ဟာ ဂျာမနီနိုင်ငံ Stuttgart မှာအခြေစိုက်ပြီး သိပ်ကောင်းတဲ့ ကားတွေကို ထုတ်လုပ်နေကြတာပါ။ အခု 2020 အတွက် ထွက်ရှိလာတဲ့ Porsche Macan GTS ကတော့ SUV တစ်စီးအတွက် ထိန်းချုပ်မှုပိုင်း အထူးချစ်စရာကောင်းတယ်။ အထင်ကြီးလောက်စရာ စီးလို့လည်း သက်သောင့်သက်သာရှိတယ်။ အဲဒါထက်ပိုကောင်းတဲ့အချက်က ကားတစ်စီးအဖြစ်နဲ့ လုံလောက်တဲ့ အမြန်နှုန်းကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။”
Porsche ရဲ့ထွက်ရှိပြီးသား Macan S နဲ့ Macan Turbo တို့လိုပါပဲ။ Macan GTS မှာကလည်း 6-cylinder turbocharged အင်ဂျင်နဲ့ဖြစ်ပါတယ်။ သုံးမျိုးစလုံးဟာ all-wheel drive တွေချည်းဖြစ်ပြီး dual-clutch automatic gearboxes တွေကိုအသုံးပြုထားတာဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်း ချောမွေ့အားကောင်းမှုအတွက်တော့ ဘာမှကို ပူစရာမလိုအပ်ပါဘူး။ ဒါပေမဲ့ Macan GTS ကို ပထမဆုံး စမ်းသပ်မောင်းနှင်ခဲ့တဲ့ ပေါ်တူဂီက မော်တော်ကားမောင်းနှင်မှုကျွမ်းကျင်သူကတော့ S ၊ GTS နဲ့ Turbo တို့အကြား GTS ဆိုရင် GTS ကိုသာ ရွေးချယ်ချင်တယ်လို့ ဆိုနေတော့တာပါ။
တကယ်တော့ Porsche ဟာ GTS တွေကို 2017 နောက်ပိုင်းပစ်ချထားခဲ့တာကြာပါပြီ။ အခု နောက်ဆုံးထွက် GTS မှာတော့ Porsche ကဘယ်လိုအပြောင်းအလဲတွေလုပ်ဆောင်ရမယ်ဆိုတာကို ကောင်းကောင်းကြီးသိရှိသဘောပေါက်ပြီးမှ ထုတ်လုပ်လိုက်ပုံရပါတယ်။ မြန်နှုန်းမြင့် Macan Turbo လိုမျိုး 2.9-litre twin-turbo V6 အင်ဂျင်ကို အသုံးပြုထားတယ်။ Cayenne S နဲ့ Panamera 4S တို့လိုမျိုးပါပဲ။ V ဒီဇိုင်းအင်ဂျင်တွေရဲ့ အလယ် cylinder တောင်ကြားမှာ turbochargers နှစ်ခုတပ်ဆင်ထားတယ်။ ဒါဟာ turbo lag လျော့ကျဖို့အတွက် အကူအညီဖြစ်စေတယ်။ အမြင့်ဆုံးပါဝါထုတ်လွှတ်နိုင်စွမ်းကိုကြည့်မယ်ဆိုရင် 348hp အထိထုတ်လွှတ်နိုင်စွမ်းရှိတဲ့ Macan S ကို Macan GTS က 375hp နဲ့အသာစီးရနေတာကို တွေ့ရမှာပါ။ 3.0-litre single turbo အင်ဂျင်နဲ့ Macan Turbo ဆိုရင်တော့ အမြင့်ဆုံးပါဝါ 434hp အထိတောင်မှ ရရှိပါတယ်။


ဒီလို အင်ဂျင်အစိတ်အပိုင်းမှာတော့ Macan အဖွဲ့တစ်ခုလုံးဟာ အခြားပြိုင်ဘက်တွေထက် အားသာလျက်ရှိတယ်လို့ အကြမ်းဖျင်းပြောလို့ရတယ်။ Porsche ရဲ့ အင်ဂျင်နီယာတွေရဲ့ ချည်းကပ်ပုံက ဘယ်သူနဲ့မှ တူမနေပါဘူး။ ဒါကို drag racers တွေက ကာလကြာရှည် သက်သေပြပြီးသား။ လုံလောက်တဲ့ ပါဝါဖြည့်တင်းခြင်းဟာ ဘယ်အရာကိုမဆို လျင်လျင်မြန်မြန်သွားလာစေနိုင်တယ်။ ဒါပေမဲ့ SUV အသေးစားကိုမှ sports ကားစစ်စစ်တစ်စီးလိုမျိုး ထိန်းချုပ်မောင်းနှင်နိုင်မှုမျိုးရရှိစေတာကတော့ Porsche အင်ဂျင်နီယာတွေရဲ့ တမူထူးတဲ့ အဖြေတစ်ခုဖြစ်နေဦးမှာပါ။
“Porsche Macan GTS မှာ အားနည်းချက်တွေက compact-SUV အဆင့်အတန်းနဲ့ချိန်ထိုးမယ်ဆိုရင်တောင်မှ သေးငယ်တယ်။ နောက်.. ဈေးလည်းကြီးတယ်။ နောက်ဆုံးတစ်ချက်... အတွင်းခန်းက ခေတ်မီဖို့ နည်းနည်းလိုအပ်နေတာပါ။”
မောင်းနှင်မှုအပိုင်းမှာတော့ Macan GTS ဟာ အခြား Porsche တွေလိုမျိုး တကယ်ကိုထိပ်တန်းပါပဲ။ သူကတောင် သာတယ်လို့ပြောလို့ရတယ်။ V6 ရဲ့ဆွဲအားကတော့ Macan S မှာသတိထားမိသလိုမျိုး လုံးဝကို တုံ့ဆိုင်ခြင်းမရှိ။ လမ်းအခြေအနေသာ သင့်မယ်ဆိုရင် Redline အထိ တောက်လျှောက်ဆွဲလို့ရတာမျိုးပါ။

Macan GTS မှာ နောက်ထပ် highlight လုပ်ချင်တာကတော့ transmission ပါပဲ။ ပြီးခဲ့တဲ့နှစ်တွေအတွင်း စွမ်းဆောင်ရည်အသားပေးကားတွေမှာ dual-clutch အမျိုးအစားတွေကို အသုံးပြုခဲ့ကြတာမှန်ပေမဲ့ တိကျမှုအပိုင်းမှာတော့ Porsche ရဲ့ PDK ကိုမယှဉ်နိုင်ဘူးလို့ပြောလို့ရတယ်။ Sport နဲ့ Sport Plus တွေရဲ့ ဂီယာအပြောင်းအလဲဟာ ကြမ်းရှတဲ့မြန်နှုန်းကို ချောချောမွေ့မွေ့မြှင့်တင်ထိန်းသိမ်းနိုင်ပြီး စိတ်ကျေနပ်စရာ ဆွဲအားကိုလည်း ရရှိစေပါတယ်။ မြန်နှုန်းမြှင့်တင်ခြင်းနဲ့ပတ်သက်ရင် မြန်ဆန်မှုအပိုင်းမှာရော ချောမွေ့မှုအပိုင်းမှာပါ Porsche ကို ထိပ်တန်းတစ်နေရာ သေချာပေါက်ပေးထားရမှာပါ။
“အတိုချုံးသုံးသပ်ရရင် အခု GTS ကိုပြိုင်ဘက်ကားတွေနဲ့ ယှဉ်မယ်ဆိုရင် အတွင်း/အပြင်ဒီဇိုင်း၊ ကိုယ်ထည်အကျယ်အဝန်းစတဲ့နေရာတွေမှာတော့ သာတဲ့သူကသာမယ်။ နိမ့်တဲ့သူနိမ့်မယ်။ ဒါပေမဲ့ Porsche ရဲ့ 2020 Macan GTS ဟာ မောင်းနှင်မှုဦးစားပေးသူတွေအတွက်တော့ တကယ့်ကို သုခဘုံကို ရောက်ရှိနေသလို ခံစားမှုမျိုးရရှိစေမှာ အသေအချာပါပဲ။”


2020 Porsche Macan GTS
VEHICLE TYPE
- front-engine
- all-wheel-drive
- 5-passenger
- 4-door wagon
BASE PRICE
- $72,650
ENGINE TYPE
- twin-turbocharged and intercooled DOHC 24-valve V-6
- aluminium block and heads
- direct fuel injection
Displacement
- 177 in3
- 2894 cm3
Power
- 375 hp @ 6700 rpm
Torque
- 383 lb-ft @ 1750 rpm
TRANSMISSION
- 7-speed dual-clutch automatic
DIMENSIONS
- Wheelbase: 110.5 in
- Length: 184.5 in
- Width: 75.8 in
- Height: 63.3 in
- Passenger volume: 96 ft3
- Cargo volume: 18 ft3
- Curb weight (C/D est): 4400 lb
PERFORMANCE (C/D EST)
60 mph: 4.3 sec
100 mph: 12.3 sec
¼-mile: 13.0 sec
Top speed: 162 mph
EPA FUEL ECONOMY (C/D EST)
- Combined/city/highway: 19/17/22 mpg
REF: Porsche's Updated Macan GTS Hits the Sweet Spot by Mike Duff