သိန်းနှစ်ရာအောက်ဖြင့် ဝယ်စီးနိုင်သော Toyota Vitz နှင့် Suzuki Swift (၂ဝ၁၁ မော်ဒယ်) တို့ကို နှိုင်းယှဉ် လေ့လာခြင်း

0

Full article

မြန်မာနိုင်ငံတွင် သိန်းနှစ်ရာအောက်ဖြင့် ရွေးချယ်ဝယ်ယူနိုင်သော လူအများကြိုက်နှစ်သက်သည့် ကားအမျိုး အစားနှစ်ခုရှိပါသည်။ တစ်စီးမှာ Toyota Vitz ဖြစ်ပြီး နောက်တစ်စီးမှာ Suzuki Swift ဖြစ်ပါသည်။ အဆိုပါကားနှစ်စီးစလုံးမှာ အရွယ်အစားသေးငယ်ပြီး မြန်မာနိုင်ငံရှိ လူလတ်တန်းစားများ အဝယ်များသည့် တစ်ပတ်ရစ်ကားအမျိုးအစားများဖြစ်ပါသည်။ Vitzကို Toyota က Suzuki Swift ထက်စောပြီး ၁၉၉၈ တွင် စတင်ထုတ်လုပ်ဖြန့်ချီခဲ့ခြင်းဖြစ်သည်။ ကမ္ဘာဈေးကွက်တွင်တော့ Toyota Vitz ကို Toyota Yaris နှင့် Toyota Echo အဖြစ်လည်း လူသိများကြပါသည်။

Suzuki Swift အပြင်ပိုင်းသွင်ပြင်

အပြင်ပိုင်း

Toyota Vitz သည် ရှေ့ပိုင်း၊ ရှေ့မီးများမှာ ကြည့်လို့လွန်စွာကောင်းပြီး နောက်ပိုင်းမှာတော့ သမိုင်းရိုးကျ ပုံစံမျိုးမဟုတ်ဘဲ ဆန်းဆန်းပြားပြားရှိလှပါသည်။ Vitz သည် Swift ဖြင့် နှိုင်းစာလျှင် အနည်းငယ်နိမ့်နေ သည်။ Suzuki Swift သည် လှပသည့် ဘီးအလွိုင်းများ၊ ဟေလိုဂမ်ရှေ့မီးကြီးများဖြင့် sporty ပုံစံရှိသည်။ ကားနှစ်စီးစလုံး၏ ပုံစံနှင့် တည်ဆောက်ပုံ တစ်ခုလုံးခြုံပြီးဖော်ပြရလျှင် Vitz မှာ ပိုပြီး ဆွဲဆောင်မှုရှိသည်။


Toyota Vitz အပြင်ပိုင်းသွင်ပြင် အတွင်းပိုင်းနှင့် အပြင်ပိုင်း

Vitz ၏ အတွင်းဘက် အခန်းများသည် ခြေထားရာနေရာများကျယ်ဝန်းခြင်းနှင့် ရှေ့ခန်းခုံများမှာ ဇိမ်ခံကား ပုံစံတပ်ဆင်ထုတ်လုပ်ထားသည်။ ကားတွင် စပီကာ ၆ ခုပါ CD player၊ Bluetooth၊ USB နှင့်အခြားသော ဖျော်ဖြေရေးပစ္စည်းများပါဝင်သည်။ Suzuki Swift သည် Vitz တွင်ပါဝင်သည့် ဖျော်ဖြေရေးစနစ်များအတိုင်း ထပ်တူနည်းပါးပါဝင်သည့်အတွက် မည်သည့်ကားက ပိုသာ ပိုကောင်း သည်ဟု ပြောလို့မရပါ။
Toyota Vitz အင်ဂျင်အခန်း

အင်ဂျင်နှင့် စွမ်းဆောင်ရည်

Vitz သည် အင်ဂျင်ပါဝါ ၁ဝ၆ မြင်ကောင်ရေအားကို ထုတ်ပေးနိုင်သည့် ၁၃ဝဝ စီစီ အင်ဂျင်တို့နှင့်အတူ ၅ ကြိမ် ပြောင်းလဲနိုင်သော အော်တိုဂီယာ တို့ကို တပ်ဆင် ထားပါသည်။ ဆီစားနှုန်းမှာ ၁ဝဝ ကီလိုမီတာကို ဆီ ၉ .၄ လီတာခန့် ကုန်ပါသည်။
Suzuki Swift အင်ဂျင်အခန်း Swift တွင် တပ်ဆင်ထားသော၁၃ဝဝ စီစီ အင်ဂျင်ပါဝါက မြင်ကောင်ရေအား ၉ဝ ကို ထုတ်ပေးနိုင်ပါသည်။ Vitz ကဲ့သို့ပင် ငါးကြိမ်ပြောင်း အော်တိုဂီယာနှင့် လေးကြိမ်ပြောင်း လက်ထိုးဂီယာများကို တပ်ဆင်ထားပါ သည်။ Swift သည် ၁ဝဝ ကီလိုမီတာတွင် ၆ လီတာ ဆီစားသည့်အတွက် Vitz နှင့် ယှဉ်လျှင် ဆီစားနှုန်းသက် သာသည်ဟု ဆိုနိုင်သော်လည်း မြန်နှုန်းမှာတော့ Vitz ကို မယှဉ်နိုင်ပါ။
Suzuki Swift rear view Toyota Vitz rear view

လုံခြုံမှုအပိုင်း
ကားတစ်စီးကို ရွေးချယ်ဝယ်ယူတော့မယ်ဆိုလျှင် လုံခြုံမှုအပိုင်းမှာလည်း အဓိက ဆုံးဖြတ်ပေးသော အပိုင်း တွင်ပါဝင်ပါသည်။ Vitz သည် Swift ထက် လုံခြုံရေးစနစ်များစွာပိုမိုပါဝင်ပါသည်။ Vitz တွင် လေအိပ်များ၊ အီလက်ထရောနစ် တည်ငြိမ်မှု ထိန်းချုပ်မှုများ၊ anti-lock ဘရိတ်စနစ်နှင့် ပါဝါတံခါးများပါဝင်သည်။ Swift တွင်တော့ anti-lock ဘရိတ်စနစ်နှင့် child proof နောက်ဘက်တံခါးတို့ ပါဝင်သည်။ Swift မော်ဒယ်တွင် လေအိပ်မပါသော်လည်း လေအိပ်များတပ်ဆင်လိုပါက ကားဈေးနှုန်းမှာ ပိုမိုကုန်ကျမည်ဖြစ်သည်။ လုံခြုံရေး အပိုင်းမှာ Vitz သည် Swift ထက် အပြတ်အသတ်သာလွန်ပါသည်။

Author