Toyota RAV4 (သို့) မြန်မာပြည်မှာ လူကြိုက်များတဲ့ SUV

0

Full article

Toyota မှ ထုတ်လုပ်တဲ့ RAV4 ဟာ Sport Utility Vehicle (SUV) အမျိုးအစား ကားတစ်စီးဖြစ်ပြီး Compact crossover SUV အမျိုးအစားဖြစ်ပါတယ်.။ RAV4 ကားများဟာ ကုန်ပစ္စည်းတင်ခန်း ပိုမိုကျယ်ဝန်းခြင်း၊ ဒီဇိုင်းပိုင်းလှပသေသပ်ခြင်း၊ 4WD ရရှိခြင်း၊ ဆီသုံးစွဲမှု ချွေတာစေခြင်း အစရှိတဲ့ SUV ကားများရဲ့ ကောင်းကျိုးများကို ရရှိခံစားလိုသူများအတွက် ထုတ်လုပ်ပေးခဲ့တာဖြစ်ပါတယ်.။ RAV4 ကားတိုင်းဟာ 4WD ရရှိမှာမဟုတ်ပေမယ့် RAV4 ရဲ့ အရှည်ကောက်အဓိပ္ပာယ်ကတော့ Recreational Active Vehicle with 4-wheel drive လို့ အဓိပ္ပာယ်ရပါတယ်.။ ဈေးကွက်အများစုအတွက် RAV4 ဟာ Toyota မှ ထုတ်လုပ်တဲ့ တစ်ခုတည်းသော compact SUV ဖြစ်ခဲ့ပေမယ့် အချို့ဈေးကွက်တွေမှာတော့ Toyota FJ Cruiser နဲ့ အတူတူ ဈေးကွက်တင်ခဲ့ပါတယ်.။ လက်တလောမှာ မျိုးဆက် (၄) ဆက်အထိ ရှိနေပြီဖြစ်တဲ့ RAV4 ဟာ 1994 ခုနှစ်မှ စတင်ထုတ်လုပ်ခဲ့ပြီး 2013 မှ ယခုအထိ စတုတ္ထမျိုးဆက်ကို ထုတ်လုပ်ရောင်းချနေပြီဖြစ်ပါတယ်.။

2013 မှာ LE, XLE နဲ့ Limited ဆိုပြီး ဂရိတ်ခွဲတွေ ရှိပါတယ်။ Limited ဖြစ်မှ 18 wheel size ဖြစ်သွားပြီး တခြား feature တွေလည်း အနည်းငယ်စီ အားသာချက် ရှိသွားပါတယ်။

အင်ဂျင်ပါဝါ 2500cc ရှိပြီး ဆီစားနှုန်း အနေနဲ့ ၁ဂါလံကို မြို့တွင်း 38-39 ကီလို၊ ဟိုင်းဝေး 49-50 ကီလို အထိမောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ အင်ဂျင်ပါဝါ 2500cc နဲ့ ဆိုတာက USA ကနေ မှာယူတင်သွင်းရင် ရရှိနိုင်မယ့် အင်ဂျင်ပါဝါဖြစ်ပါတယ်။ အကယ်လို့သာ UK က မှာယူမယ်ဆို ဓါတ်ဆီ အင်ဂျင်2000cc နဲ့ ဒီဇယ်အင်ဂျင် 2200cc နဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ CarsDB မှာတော့ Second Generation နဲ့ Third Generation မော်ဒယ်များ အများဆုံး တင်သွင်းရောင်းချကြပါတယ်.။ လတ်တလောမှာ CarsDB မှာ ရောင်းချနေတဲ့ RAV4 ကားအရေအတွက် 239 စီး အထိ ရှိနေပြီဖြစ်ပြီး အောက်ကလင့်မှာ ကြည့်ရှုနိုင်ပါတယ်.။

http://www.carsdb.com/my/listings/used_cars/search/manufacturer:Toyota/model:RAV4/

Credit: Wikipedia, Ko Htut Htake Facebook

www.carsdb.com

No. 1 Car Site in Myanmar

Author