ကျပ်သိန်းနှစ်ရာအောက်ဖြင့် ဝယ်ယူနိုင်သော Toyata Passo နှင့် Toyota Vitz အား နှိုင်းယှဉ်လေ့လာ ဖော်ပြချက်

0

Full article

Zawgy Version

Toyota သည် ကမ္ဘာပေါ်အကြီးဆုံး ကားထုတ်လုပ်ရောင်းချသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်းကို စာဖတ်ပရိတ်သက်များအား ထွေထွေရှင်းပြစရာမလိုဘူးဟု ယူဆပါသည်။ ယခင်ဦးသိန်းစိန်အစိုးရ လက်ထက် ကားတင်သွင်ခွင့်မူဝါဒတွေ မပြောင်းခင်ကတည်းက မြန်မာပြည်သူများသည် ဂျပန်ကားများ နှင့် ရင်းနှီးပြီးသားပင်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် Toyota Land Crusier နှင့် _ Mark X_ ကဲ့သို့ ဈေးနှုန်းကြီးမြင့်သည့် ကားများကို စီးကျသလို ဈေးနှုန်းချိုသာသည့် Passo နှင့် Vitz ကားများကိုလည်း ဝယ်ယူမောင်းနှင်ကြပါသည်။ အဓိကအကြောင်းအရင်းမှာ ဆီစားနှုန်း သက်သာခြင်းနှင့် ကားအပိုပစ္စည်း များ ပေါများခြင်းတို့ကြောင့်ဖြစ်ပါသည်။ ယခုအခါတွင် ကျပ်သိန်းနှစ်ရာအောက်ဖြင့် ဝယ်ယူနိုင်သော _ Toyota Passoနှင့် _ Toyota Vitz ကားနှစ်စီးကို စာဖတ်သူ ပရိတ်သတ်များ ရွေးချယ်ဝယ်ယူနိုင်ရန်အလို့ ဌာ နှိုင်းယှဉ်သုံးသပ်ဖော် ပြပေးသွားမှာဖြစ်ပါသည်။

ခြုံငုံသုံးသပ်ခြင်း

Passo ကို Toyota နှင့် Daihatsu Motors တို့ပူးပေါင်း၍ ၂ဝဝ၄ တွင် စတင်ထုတ်လုပ်ဖြန့်ချီခဲ့ပါသည်။ ၂ဝ၁ဝ ဖေဖော်ဝါရီကတည်းက ယင်း၏ ဒုတိယမျိုးဆက်ကားများကို စတင်ထုတ်လာခဲ့ရာ ယခုအချိန်ထိ ပင်ဖြစ်ပါသည်။ Vitz ကိုတော့ Toyota Starlet ဆိုသည့် အမည်ဖြင့် ၁၉၉၉ တွင် ဂျပန်ပြည်တွင်းတွင် သာ အသုံးပြုရန်အတွက်သာ စတင်အသုံးပြုခဲ့ပါသည်။ ကမ္ဘာသို့ ဖြန့်ချီရောင်းချတဲ့အခါတွင်တော့ ပိုပြီး ကြည့်ကောင်းစဖွယ် ပုံစံအဖြစ် ပြောင်းလဲထုတ်လုပ်လာခဲ့ပါသည်။ ယခုအခါတွင်တော့ Vitz ကား ထုတ်လုပ်မှုသည် ယင်း၏ တတိယမျိုးဆက်မော်ဒယ်ဆီသို့ပင် ချဉ်းနင်းဝင်ရောက်လာပြီဖြစ်သည်။

အင်ဂျင်ပိုင်း

_ Tyota Passo_ကားများသည် နှစ်ဘီးယက် 1000 cc (သို့မဟုတ်) 1300 cc အင်ဂျင်ကားအမျိုးအစား ဖြစ်ပြီး မြန်နှုန်း လေးမျိုးပြောင်းလဲနိုင်သည့် အော်တီဂီယိုကို တပ်ဆင်ထားပါသည်။ _ Toyota Vitz_ကတော့ 1.3 L အင်ဂျင်အမျိုးအစားကို အသုံးပြုထားပြီး အော်တိုဂီယာ ငါးမျိုး (သို့မဟုတ်) လေးမျိုး ပြောင်းလဲနိုင်ပါသည်။ Passo သည် ၁ဝဝ ကီလိုမီတာတွင် ဆီ ၄.၄ လီတာ ကုန်ကျစဉ် Vitz က ၅.၇ လီတာသာ ကုန်ကျသည်အတွက် Passo က ပိုပြီး ဆီစားနှုန်းသင့်သာသည်ဟု ဆို၍ရနိုင်သည်။ သို့သော် အင်ဂျင်ပါဝါအားဖြင့် Passo က ၆၈ မြင်းကောင်ရေအားသာပြေးနိုင်သော်လည်း Vitz က ၈၄ မြင်းကောင်ရေအားဖြင့်ပြေးနိုင်သည့်အတွက် Vitz က ပိုစွမ်းဆောင်နိုင်သည်ဟု ဆို၍ ရနိုင်သည်။

အပြင်ပိုင်း

Toyota Passo ၏အပြင်ပိုင်းသွင်ပြင်

Passo ကားပုံစံကတော့ ရိုးရှင်းလွန်းလှပြီး အသက်အရွယ်မရွေးစီးနှင်းနိုင်သည်။ သေသပ်လှပသည့် ရှေ့မီးနှင့် ကားဘီးအလွိုင်းများကို တပ်ဆင်ထားပါသည်။ Vitz ကတော့ sporty ပုံစံရှိပြီး အရှေ့ပိုင်းကို တောက်ပ ခိုင်ခံသည့် ပုံစံမျိုးဖြစ်အောင်လည်း လုပ်ဆောင်ထားပါသည်။ ဆိုလိုသည်မှာ Vitz သည် လူငယ်များ ကြိုက်နှစ်သက်နိုင်သည့် ကားအမျိုးအစားမျိုးဖြစ်ပါသည်။

Toyota Vitz ၏ ဒီဇိုင်းအသွင်ပြင်

Toyota Passo ၏အတွင်း ဒီဇိုင်း

Toyota Vitz ၏အတွင်း ဒီဇိုင်း

အတွင်းပိုင်း
Passo အတွင်းပိုင်းသည် ကျယ်ဝန်းလှပြီး entertainment အတွက်အသုံးဝင်သည့် features များစွာ ပါဝင်ပါသည်။ အထူးသဖြင့် အပြင်မှဆူညံသံများ လျော့ချနိုင်အောင် ပုံစံထုတ်လုပ်ထားခြင်းဖြစ်သည်။ ဒါ့အပြင်ကို ကားတွင် သက်သောင့်သက်သာမောင်းနှင်းနိုင်စေရန် အထောက်အကူပြုသည့် အကောင်း စားဇိမ်ခံထိုင်ခုံများကို တပ်ဆင်ထားပါသည်။ Vitz ၏ အတွင်းပိုင်းသည်လည်း ရိုးရိုးရှင်းရှင်းပင်ဖြစ်ကာ လွယ်ကူစွာ ထိန်းချုပ်အသုံးပြုနိုင်သည့် entertainment features များပါဝင်ပါသည်။ Vitz ကား၏ ခေါင်းခန်း၊ ခြေထားရာနေရာနှင့် ဝန်သယ်ဆောင်နိုင်သည့် နေရာများသည် ကျယ်ကျယ်ဝန်းဝန်းရှိလှ ပါသည်။

လုံခြုံရေး

Passo မှာ ယာဉ်တုန်ခါမှုကို ထိန်းချုပ်ပေးသော (VSC) စနစ်၊ လျှစ်စစ်စနစ်ဖြင့် အလိုအလျောက် ဘရိတ်ကို ထိန်းချုပ်ပေးသည့် (ABS) စနစ်နှင့် လေအိတ်များပါဝင်ပါသည်။ Vitz မှာတော့ လေအိတ်ကိုး လုံး၊ ABS စနစ်၊ ကားတိမ်းချော်မှုမဖြစ်အောင် ထိန်းပေးသည့် Traction Control သာမက သော့မရှိဘဲ ကားစက်နှိုးနိုင်သည့်စနစ်နှင့် ပါဝါသော့ထိန်းများလည်းပါဝင်သည်ဖြစ်ရာ Vitz က လုံခြုံရေးအပိုင်း ပိုကောင်းသည်ဟု သတ်မှတ်လို့ ရနိုင်ပါသည်။
ကားနှစ်စီးလုံးမှာ သူ့အားသာချက်ကိုယ်စီနှင့် အားနည်းချက်ကိုယ်စီရှိကြပါသည်။ Myanmar Car Marketတွင်တော့ ယင်းကားနှစ်မျိုးစလုံးမှာ လူကြိုက်များသော၊ အဝယ်လိုက်သော ကားများအဖြစ် ဆက်လက် တည်ရှိနေဆဲဖြစ်ပါသည်။ လူငယ်များအတွက်ဆိုရင်တော့ sporty ပုံစံဖြစ်သည့် Toyota Vitz ကားဖြင့် ပိုမိုသင့်သော်မည် ဖြစ်ပြီး အတွင်းကျယ်သော၊ ဆီစားနှုန်းသက်သော ကားကို ရွေးချယ်ချင်သောသူများ အတွက်ဆိုင်ရင်တော့ _ Toyota Passo_ က ပိုမိုသင့်လျော်မည်ဟု သုံးသပ်ဖော်ပြပေးလိုက်ပါသည်။

Author