TOYOTA MINGALAR Hilux Revo Series 2020 Launching

0

Full article

TOYOTA MINGALAR Hilux Revo Series Launching

TOYOTA ရဲ့ Hilux Revo Series တွေအကြောင်းကတော့ လူတိုင်းသိ၊ လူတိုင်းနှစ်သက်ပြီးသား... အခု 2020 models တွေရဲ့ပြောင်းလဲဆန်းသစ်လာမှုတွေကဘယ်လောက်ရှိမလဲ... Toyota Mingalar နဲ့အတူ Hilux Revo Series Launching ကို အခုလို ဂုဏ်ယူစွာနဲ့ တင်ဆက်ပေးပါရစေ။ ဆက်သွယ်စုံစမ်းမေးမြန်းဖို့ကတော့ TOYOTA MINGALAR အမှတ် (၆) ၊ (၂) ရပ်ကွက် ၊ ဘုရင့်နောင်လမ်း ၊ လှိုင်မြို့နယ် ဒါမှမဟုတ် Phone - 09 40 540 2233 ကိုဆက်သွယ်လိုက်ရုံပါပဲနော်။ #REDLINE #CarLaunching #TOYOTA #Hilux #Revo

Posted by Redline Media on Friday, 9 October 2020

မင်္ဂလာပါခင်ဗျာ။ ဒီနေ့ကျနော်မိတ်ဆက်ပေးမယ့် Toyota Minglar ရဲ့ Toyota Hilux Revo Series 2020 Models တွေမှာ ဘယ်လိုပုံပြောင်းသွားလဲ၊ ဘာတွေပါလာမလဲ၊ ဈေးနှုန်းဘယ်လောက်ရှိမလဲ၊ ဘယ်လိုဝယ်လို့ရမလဲ။
ကျနော်နဲ့အတူ တချက်လောက် လိုက်ကြည့်ဖို့အတွက်ဖိတ်ခေါ်ပါတယ်ဗျ။

Toyota ရဲ့ Revo တွေက စွယ်စုံသုံးကားလို့ generally ပြောလို့ရတယ်။ လုပ်ငန်းခွင်တွေမှာ၊ လမ်းကြမ်းတဲ့ခရီးတွေမှာ အကောင်းဆုံးမောင်းလို့ရသလို အပန်းဖြေခရီးထွက်တာမျိုးတွေ၊ ပုံမှန်မြို့ထဲပတ်လည်တွေအတွက်လည်း အေးအေးဆေးဆေး မောင်းလို့စီးလို့ရတယ်။
ဒီမှာက Revo ရဲ့ Cab အကြောင်းကိုအားလုံးလည်းသိပြီးသားဆိုပေမဲ့ ကျနော်ထပ်ပြီးရှင်းပြပါမယ်။ Toyota Revo မှာက Single Cab ၊ Extra Cab နဲ့ Double Cab  ဆိုပြီးရှိပါတယ်။ Single Cab က တံခါးနှစ်ပေါက်ပါ ခုံတတန်းထဲပါတဲ့ကား။ Double Cab က တံခါးလေးပေါက် ခုံနှစ်တန်း ပါတဲ့ကား။ Extra Cab ဆိုတာကတော့ Single Cab ကိုမှ ခုံတတန်း extra ထပ်ထိုးထားတာ။ ခုံကတော့ နှစ်တန်းပါပေမဲ့ တံခါးက တစ်ပေါက်ခွဲပဲပါတယ်။ ဒီနေ့မှာတော့ ကျနော်ကနေပြီး Toyota ရဲ့ နောက်ဆုံးထုတ် Revo အကြောင်းလေးတွေကို Toyota Mingalar ကို မေးမြန်းပေးသွားမှာပါ။

ပထမဆုံးမေးချင်တာကတော့ အားလုံးသိချင်ကြတဲ့ဟာတွေပါ။ အခု Revo Extra cab နဲ့ Double Cab က ဘယ်နှစ်ခုနှစ်ထုတ် Model တွေလည်းဗျ?

ဒီ Revo Double Cab မှာ ရှေ့ grill ဒီဇိုင်းပြောင်းလဲသွားတယ်။ grill က Metallic Paint နဲ့ပါ။ အရင်ကထက်ပိုမို ဆန်းသစ်လာတဲ့ ရှေ့ဘန်ဘာဒီဇိုင်း၊ LED Headlamp ၊ LED Daytime running light ပြီးတော့ over fender နဲ့ပေါင်းစပ်ထားတဲ့ fog lamp ဒီဇိုင်း စတာတွေပြောင်းလဲလာတယ်။

နံဘေးဖက်ဒီဇိုင်းကရောဘာတွေဘယ်လိုပြောင်းလဲသွားလဲဗျ?

ဘေးမှာဆိုရင် original over fender တွေပါလာမယ်။ ပြီးတော့ grill တွေ တံခါးလက်ကိုင်ကွင်းတွေက Metallic gray painting တွေဖြစ်သွားတယ်။ ပြီးရင် original sport bar ပါလာမယ်။ ground clearance က တစ်ပေတိတိ အမြင့်ရှိပြီးတော့ ၁၈ လက်မအလွိုင်းနဲ့ဆိုတော့ လမ်းကြမ်းရောလမ်းချောတွေပါအေးဆေးဖြတ်မောင်းသွားလို့ရပါတယ်။

Suspension ကရောဘာတွေသုံးထားလဲဗျ?

Revo Double Cab က ရှေ့မှာဆိုရင် double wishbone နဲ့ဖြစ်ပြီးတော့ နောက်မှာက link spring နဲ့ပါ။ ဒီကောင်ကတော့ pickup ကားတွေဖြစ်တာမို့ နောက်က လေးနဲ့ပဲလာတာပါ။

နောက်ပိုင်းဒီဇိုင်းလေးလည်းရှင်းပြပေးပါဦး?

နောက်ဒီဇိုင်းကတော့ tail light က LED ဖြစ်သွားတယ် သူရဲ့ဒီဇိုင်းက E ပုံစံနဲ့ 3 ပုံစံလေး ပေါင်းလိုက်တော့ 8 ပုံလေးတွေ့ရတယ် ဆိုတော့ 8 Generation မှန်းသိသာစေတာပေါ့။ နောက်မှာ ဘက်ကင်မရာနဲ့ နောက်တံခါးဖွင့်တဲ့လက်ကိုင်နဲ့ ပေါင်းထားတဲ့ဒီဇိုင်းလေးပါ။ ပြီးတော့ ကား parking ထိုးတဲ့အချိန်အထောက်အကူဖြစ်တဲ့ sonar sensors တွေပါလာတယ် ရှေ့မှာ နှစ်လုံး နောက်မှာ ၄ လုံး အားလုံးပေါင်း ၆ လုံးရှိပါတယ်။ Deck ရဲ့အကျယ်အဝန်းက အရှည်က ၅ ပေခွဲ အလျားက ၅ ပေ ၂ လက်မ အမြင့်ကတော့ ၁ ပေနဲ့ ၇ လက်မ ရှိပါတယ်။

အတွင်းခန်းရောဘာတွေပြောင်းလဲသွားလဲဗျ?

အဓိကပြောင်းလဲသွားတာက Metallic painting လေးတွေပေါ့။ ပြီးတော ကျွန်းကွက်ပုံစံလေးတွေပါလာမယ် တံခါးမှာရောပါလာမယ်။ တံခါးတွေမှာ blue light လေးတွေပါလာမယ်။ driver display မှာဆိုရင် ကားရဲ့ information တွေကြည့်လို့ရမယ့် LCD digital screen လေးပါလာမယ်။ ပြီးတော့ 8 inch infotainment မှာဆိုရင် Apple CarPlay နဲ့ Android Auto ပါလာမယ်။ ဆိုတော့ ဖုန်းနဲ့ချိတ်ဆက်ပြီးအသုံးပြုလို့လွယ်ကူတာပေါ့။ ဒါ့အပြင်ကို glove box အပေါ်မှာ cool box ပါ ပါလာတယ်။ အအေးတွေ ရေသန့်ဗူးတွေထည့်ထားပြီး အေးအေးလေးသောက်လို့ရတာပေါ့။ ပြီးတော့ dual zone air conditioning ဖြစ်သွားတယ်။ ပြီးတော့ round air con နဲ့။ ဒီကောင်ကထူးခြားတာ ကော်ဖီတို့အအေးတို့ ထည့်ထားလို့ရမယ့် cup holder တွေများတယ်ဗျ။

နောက်ခန်းမှာရောဘယ်လိုအခြေအနေရှိလဲဗျ?

နောက်ခန်းမှာတော့ထူးထူးခြားခြားပြောင်းလဲသွားတာတော့မရှိဘူးဗျ။ ခုံတွေအားလုံးက ထိုင်ရတာသက်သောင့်သက်သာဖြစ်မယ့် Leather seat တွေနဲ့ပဲ။ ပြီးတော့ arm rest လေးလည်းပါတယ်။ double cab ဆိုတော့ သိတဲ့အတိုင်း နောက်မှာထိုင်ရတာလည်းကျယ်ကျယ်ဝန်းဝန်းရှိတယ်ဗျ။ ပြီးတော့ off-road မောင်းတဲ့အချိန်ဆိုရင် နောက်ကလူက ကိုင်လို့ရမယ့် လက်ကိုင်ကွင်းကြီကြီးတွေပါတယ်။ ဈေးဝယ်ရင် ပစ္စည်းချိတ်ဖို့အတွက် ချိတ်လေးတွေပါမယ်။ ပြီးတော့ မှန်တင်မှန်ချကလည်းအကုန် power window တွေနဲ့။

Safety ပိုင်းလေးလည်းအသေးစိတ်ရှင်းပြပေးပါဦး။

Safety ပိုင်းအနေနဲ့ပြောရရင် air bags ပတ်လည် ၇ လုံးပါတယ်။ နောက်ထပ် ABS BSC HAC DAC စတဲ့ safety feature တွေပါလာမယ်။ ပြီးတော့ 4W နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် H2 H4 L4 ရှိမယ်။ H2 ကတော့ 2W ပေါ့ မြို့တွင်းပတ်လည်မောင်းဖို့နဲ့ ပုံမှန်မောင်းဖို့အတွက်ပေါ့။ H4 ကတော့ 4W ပေါ့ မောင်းနေရင်းနဲ့ ပြောင်းလို့ရတယ်။ ပြီးတော့ off-road တွေ လမ်းကြမ်းတွေပေါ့ ဝိတ်များများနဲ့ တောင်တက်တောင်ဆင်းတွေ တကယ်ရုန်းရမယ့်နေရာတွေကျရင်သုံးဖို့အတွက်က L4 ပြောင်းလို့ရပါတယ်။ တစ်ခုသတိထားရမှာက L4 က ကားကိုရပ်ထားပြီးမှ ပြောင်းလို့ရတာပါ။ နောက်တခုက drift lock နဲ့ ATRC ကိုပိတ်တဲ့ function။ ဒီကောင်တွေကိုဘယ်ချိန်မှာသုံးရမလဲဆိုတော့ ကားတွေတော်တော်များများက differential ပါပြီးသား။ ဆိုတော့ ကျနော်တို့ off-road မောင်းတဲ့အခါ ကားက ရွံ့ထဲမှာဆိုရင် ဒီ differential ကြောင့် ရွံ့ထဲမှာနစ်နေတဲ့အခါရှိမယ်။ အဲဒီအချိန် ကျနော်တို့ L4 ကိုပြောင်းမယ်ပြီးရင် differential lock ကိုပိတ်လိုက်လို့ရှိရင် နစ်နေတဲ့ ဗွက်တောထဲ ရွံ့ထဲကနေအသာအယာ ရုန်းထွက်သွားလို့ရတာပေါ့။ ATRC လည်းတူတူပဲ ပိတ်ထားလို့ရတယ်။ ATRC က active traction ဖြစ်နေဟာတွေ control လုပ်ပေးတဲ့ဟာကို မြို့ပေါ်မှာဆိုရင် ကားက အရှိန်နဲ့မောင်းတဲ့အခါ ကားရဲ့ဘီးတွေ spring မဖြစ်အောင် control လုပ်ပေးတဲ့ဟာပေါ့။ ဒါကိုပိတ်ထားမယ်ဆိုရင် off-road တွေမှာမောင်းလို့ပိုကောင်းတယ်။ DAC က ဘယ်လိုအချိန်မှာသုံးပေးရမလဲဆိုတော့ ကားကအမြင့်ကနေအောက်ကိုဆင်းတဲ့အခါ ကိုယ်ကိုတိုင်မောင်းလို့အဆင်မပြေတော့ဘူးဆိုရင် DAC ကို auto on ပေးလိုက်ရုံပဲ။ သူ့ကို on လိုက်ပြီဆိုရင် ကားက ဘရိတ်လည်းနင်းစရာမလိုဘူး လီဗာလည်းနင်းစရာမလိုဘူး ဖြေးဖြေးလေးနဲ့ ဘရိတ်တွေ အင်ဂျင်တွေကို သူ့ဟာသူထိန်းပေးသွားမယ့် system လေးပါ။ ပြီးတော့ Eco mod နဲ့ power drive mod ဆိုပြီး နှစ်မျိုးရှိတာပေါ့နော်။ DAC က ဘယ်လိုအချိန်မှာသုံးပေးရမလဲဆိုတော့ ကားကအမြင့်ကနေအောက်ကိုဆင်းတဲ့အခါ ကိုယ်ကိုတိုင်မောင်းလို့အဆင်မပြေတော့ဘူးဆိုရင် DAC ကို auto on ပေးလိုက်ရုံပဲ။ သူ့ကို on လိုက်ပြီဆိုရင် ကားက ဘရိတ်လည်းနင်းစရာမလိုဘူး လီဗာလည်းနင်းစရာမလိုဘူး ဖြေးဖြေးလေးနဲ့ ဘရိတ်တွေ အင်ဂျင်တွေကို သူ့ဟာသူထိန်းပေးသွားမယ့် system လေးပါ။ ပြီးတော့ Eco mood နဲ့ power mood ဆိုပြီး နှစ်မျိုးရှိတာပေါ့နော်။ ဆီစားသက်သာချင်ရင်တော့ ECO mood ပေါ့ တကယ် ပါဝါအပြည့်သုံးချင်တယ်ဆိုရင် power mood ပေါ့ ကိုယ်လိုသလို ပြောင်းလဲပြီးမောင်းနှင်နိုင်ပါတယ်။ Revo Double Cab က 6 speed auto နဲ့ သူက auto အနေနဲ့လည်းမောင်းလို့ရသလို manual အနေနဲ့လည်း ဂီယာအတိုးအလျှော့လုပ်ပြီးမောင်းလို့ရတယ်။ နောက်တခု ဒီ ၂၀၂၀ မှာမှပါတဲ့ Toyota Safety feature ပေါ့ ဒါကိုအသေးစိတ်လေးထပ်ပြီးရှင်းပြပါ့မယ်။
Pre-collision system ၊ dynamic radar cruise control နဲ့ lane departure alert ဆိုပြီး feature အသစ် ၃ မျိုး ပါလာပါတယ်။

Pre-collision system

Pre-collision system က ကားမောင်းနေတဲ့အချိန် ကိုယ့်ကားက ရှေ့ကကားနဲ့ နီးသွားရင် ကားမှာရှိတဲ့ camera နဲ့ radar က scan ဖတ်ပြီးသတိပေးတာမျိုးပါ ဒီလိုမှမဟုတ် အရမ်းနီးကပ်သွားပြီဆိုရင် လိုအပ်ရင်လိုအပ်သလို emergency brake လုပ်ပေးတဲ့ feature ပါ။

Dynamic Radar Cruise Control

ဒီ feature က ကားမှာရှိတဲ့ camera နဲ့ radar ကိုပေါင်းစပ်ပြီးတော့ အလုပ်လုပ်တာမျိုးပါ။ ကိုယ့်က အမြန်လမ်းလိုနေရာမှာမောင်းနေတဲ့အချန် ၇၀ ကီလို နဲ့ cruise ပေးထားမယ်။ အဲဒီအချိန် ကိုယ့်ကားရှေ့မှာ တခြားကားတစ်စီးက ၅၀ နဲ့မောင်းနေမယ်ဆိုရင် ကားမှာပါတဲ့ camera နဲ့ radar က scan ဖတ်ပြီးတော့ ကိုယ့်ကားရဲ့အမြန်နှုန်းက အဲဒီကားမောင်းတဲ့ကီလိုမီတာနှုန်းနဲ့ပဲ မောင်းသွားတာပါ။ ဒီလိုမှမဟုတ်ဘူး အဲဒီကားကို ကျော်တတ်ဖို့အတွက် လမ်းကျောပြောင်းတာနဲ့ ကိုယ့်ရဲ့ကားက ပုံမှန်ကိုယ်သတ်မှတ်ပေးထားတဲ့ အမြန်နှုန်းနဲ့ပဲ ဆက်သွားနေမှာပါ။

Lane Departure Alert

ခုနကပြောခဲ့သလို ရှေ့ကားကိုကျော်တတ်ဖို့အတွက် လမ်းကျောပြောင်းတာမျိုးဆိုရင် ပြောင်းမယ့်ဘက်ကို အချက်ပြမီး မပြတာနဲ့ lane departure alert က သင့်ကိုသတိပေးနေမှာပါ။

Performance

1GD-FTV  diesel engine ကို 2.8L  က  maxi hp က 203hp နဲ့ maxi torque က 500Nm အထိထွက်ပါတယ်။

Revo Extra Cab

Revo extra cab ကတော့ ထူးထူးခြားခြားသိပ်ပြောင်းလဲသွားတာသိပ်မရှိပါဘူး။ ပြောင်းလဲသွားတာလေးတွေက ရှေ့  grill ဒီဇိုင်းပြောင်းသွားမယ်။ အလွိုင်းက ၁၇ လက်မ grill metallic အရောင်လေးတွေထည့်ပေးထားတယ်။ ပြီးတော့ infotainment မှာက Apple CarPlay Android Auto စတာတွေပါလာမယ်။ Engine ပိုင်းမှာဆိုရင် Eco mood နဲ့ power mood ပါလာတယ်။ 2.0L ကို turbo နဲ့ သူ့ရဲ့  maxi hp က 150hp နဲ့ maxi torque က 400Nmအထိထွက်ပါတယ်။ ဂီယာကတော့ 6 speed manual ပေါ့။

ဈေးနှုန်းတွေကတော့

Revo Double Cab Adventure Grade $50,600 (သိန်း ၆၇၀ ဝန်းကျင်)

Revo Double Cab High Grade $47,300 (သိန်း ၆၃၀ ဝန်းကျင်)

Revo Extra Cab $ 28,300 (သိန်း ၃၇၀ ဝန်းကျင်)

Down payment အနည်းဆုံး 20% ကနေစတင်ပြီး ၅ နှစ်အထိအရစ်ကျဝယ်ယူနိုင်သလို မြန်မာငွေ သို့မဟုတ် USD နဲ့ပါ ဝယ်ယူနိုင်ပါတယ်။

တချိန်တုန်းကတော့ Hilux လို့လည်းခေါ်ကြတယ်။ ခုတော့ Revo ပေါ့။ အားလုံးသိကြတဲ့အတိုင်း လုပ်ငန်းခွင်မှာသုံးမလား၊ အပန်းဖြေခရီးထွက်မလား၊ ပစ္စည်းတွေကြီးကြီးမားမား များများတင်မလား၊ မြို့ထဲပတ်လည်ပဲမောင်းမလား အားလုံးအတွက် စွယ်စုံရ ကားတစ်စီးလို့ အကြမ်းဖျင်းပြောလို့ရတယ်။ အခု 2020 model မှာက ပိုပြီးခေတ်မီလာတယ်၊ ပိုပြီးအသုံးတည့်လာတယ် ( practical ဖြစ်လာတယ်ပေါ့)၊ ပိုပြီး comfortable ဖြစ်လာတယ်။

ဆိုတော့... တခြား promotion တွေလည်း ရှိသေးတာမို့လို့ စိတ်ဝင်စားတဲ့ Revo ချစ်သူတွေအနေနဲ့က အမှတ် (၆) ၊ (၂) ရပ်ကွက် ၊ ဘုရင့်နောင်လမ်း ၊ လှိုင်မြို့နယ်မှာရှိတဲ့ Toyota Mingalar ကိုဖုန်းနံပတ် ၀၉- ၄၀ ၅၄၀ ၂၂၃၃ ဆက်လိုက်ရုံပဲနော်။

အားလုံးကျန်းမာကြပါစေခင်ဗျာ။

Author