လုပ်ငန်းသုံးအတွက် အထူးသင့်တော်လှသည့် Toyota HiAce

0

Full article

မြန်မာနိုင်ငံတွင် လူများများလိုက်ပါစီးနိုင်သည့် _ Toyota HiAce_ မှာ လူသိများလှသည့် ကားတစ်စီးပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံကားဈေးကွက်အတွင်းမှာတော့ HiAce သည် ၁၉၉ဝကျော် မော်ဒယ်မှ ၂ဝ၁၈ မော်ဒယ်အထိ ရှိပြီး ဈေးနှုန်းမှာလည်း မော်ဒယ်ခုနှစ်အလိုက် ကွာခြားပါသည်။ ယခုဆောင်းပါးတွင် တော့ Toyota HiAce ၂ဝ၁၈ မော်ဒယ်အမျိုးအစားကို သုံးသပ်ဖော်ပြပေးသွားမှာဖြစ်ပါသည်။


အတွင်းပိုင်းနှင့်အပြင်ပိုင်း

Toyota HiAce ၏ အပြင်ပိုင်းဒီဇိုင်းကတော့ ယခင်က ထုတ်လုပ်ခဲ့သော မော်ဒယ်အမျိုးအစားနှင့် များစွာ ကွာခြားမှုတော့မရှိပါ။ ဒါပေမယ့် အတွင်းပိုင်းကိုတော့ ယခင်ထက် ပိုမိုအသုံးဝင်သော ပစည်းများထည့် သွင်းထားသည်ကိုတွေ့ရပါသည်။ အတွင်းပိုင်းတွင် ပါဝါတံခါး၊ ပါဝါ စတီယာရင်များပါဝင်ပြီး ဖျော်ဖြေ ရေးအနေဖြင့် အော်ဒီယိုစနစ်၊ speaker လေးလုံး၊ စီဒီ၊ ရေဒီယိုစနစ်နှင့် USB အပေါက်များပါဝင် ပါသည်။ လူ ၁၆ ဦးလိုက်ပါစီးနင်းနိုင်ပြီး အတွင်းခန်းလည်း ကျယ်ဝန်းပါသည်။ ခရီးဝေးသွားသည့်အခါ နောက်ခန်း ရှိခုံများကို ခေါက်သိမ်းလိုက်ပါက luggage တော်တော်များများကို တင်ဆောင်နိုင်ပါသည်။ ရှေ့ခန်းတွင် သာမက၊ နောက်ခန်းတွင်ပါ လေအေးပေးစက်မှလေကို ရရှိနိုင်သည့် round air conditi oning စနစ် လည်းပါဝင်ပါသည်။ ထို့အပြင် ပြင်ပလေကို ရရှိလိုပါကလည်း ဘေးတံခါးပေါက်အသေး လေးခု တပ်ဆင် ထားပါသည်။

စွမ်းဆောင်ရည်နှင့် လုံခြုံမှု

HiAce ၂ဝ၁၈ တွင် standard body, wide body နှင့် wide body (GL) ဟူ၍ မော်ဒယ်သုံးမျိုးရှိပြီး ရှေ့နှစ်မျိုးမှာ ၃ လီတာ ဒီဇယ်အင်ဂျင်ဖြစ်ကာ နောက်ဆုံးတစ်မျိုးကတော့ ၂.၇ လီတာ ဓာတ်ဆီအင် ဂျင်ကို တပ်ဆင်ထားပါသည်။ အင်ဂျင်အမျိုးအစား တူညီသည့် standard and wide body သည် ၆၈ ကီလိုဝ(က်)နှင့် အင်ဂျင်လည်အား Torque ၁၉၇ နယူတန်မီတာကို ထုတ်လုပ်ပေးနိုင်စဉ်မှာပင် wide body မှာ ၁၁၁ ကီလိုဝ(က်)နှင့် Torque၂၄၁ နယူတန်မီတာ ထုတ်လုပ်ပေးနိုင်သည်။ ခရီးဝေးသွားဖို့ အလွန် သင့်တော်သည့် ကားတစ်စီးဖြစ်ပါသည်။ လုံခြုံရေးအပိုင်းအနေဖြင့်တော့ ကားချော်ထွက်နိုင်မှုကို ကာကွယ်ပေးနိုင်သည့် anti-lock break စနစ်နှင့် ရှေ့နှင့် နောက်ခန်းတို့တွင် လေအိပ် များတပ်ဆင် ထားပါသည်။ ကား၏ အရှေ့ဘရိတ်များသည် အပူဒဏ်ခံနိုင်သည့် ventilated break များတပ်ဆင် ထားသည်။ နောက်မှ ကပ်ပါလာသည့် ကားက ထင်ထင်ရှားရှားမြင်ရသည် high mounted stop မီးကို လည်း ကားနောက်ဘက်တွင် တပ်ဆင်ထားပါသည်။

လူအများက HiAce ကားကို လုပ်ငန်းသုံးအဖြစ် အသုံးပြုလာခဲ့သည့်မှာ ယခုထိတိုင်ဖြစ်ပါသည်။ အထက်တွင် ဖော်ပြထားသည့် ၂ဝ၁၈ မော်ဒယ်အမျိုးအစား HiAce ကားမှာလည်း အသုံးဝင်လှသော ကား အစိတ်အပိုင်းများစွာဖြင့် တပ်ဆင်တည်ဆောက်ထားရာ လုပ်ငန်းသုံးအဖြစ် ရွေးချယ်သင့်သော ကား အမျိုးအစားတစ်စီးပင်ဖြစ်သည်ဟု အသေအချာ ဆိုချင်ပါသည်။

Author