မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့သည့် Toyota ၏ Multi-Purpose Vehicle အမျိုးအစားဖြစ်သော AVANZA အကြောင်းသိကောင်းစရာ

0

Full article

Toyota သည် လူ ၇ ဦး လိုက်ပါ စီးနင်းနိုင်သည့် ယင်း၏ MPV အမျိုးအစား AVANZA ကားသစ်ကို မြန်မာနိုင်ငံဈေး ကွက်သို့ မေလ (၂) ရက်နေ့က စတင် မိတ်ဆက်ခဲ့ပါသည်။

ဘက်စုံ အသုံးပြုနိုင်အောင် ရည်ရွယ်ကာ ထုတ်လုပ်ထားသည့် ကားအမျိုးအစားဖြစ်သောကြောင့် မိသားစုအတွက် ဖြစ်စေ၊ တစ်ကိုယ်ရည်အတွက်ပဲဖြစ်စေ၊ လုပ်ငန်းသုံးအတွက်ဖြစ်စေ အသုံးပြုနိုင်ရန် ထုတ်လုပ်ထားသော ကားတစ်စီး ပင်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ MPV ကားအမျိုးအစားကို လိုအပ်သည့် မိဘပြည်သူများသိရှိစေနိုင်ရန် အလို့ဌာ ယင်းကားအကြောင်းကို ခြုံငုံသုံးသပ်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

အပြင်ပိုင်းနှင့် အတွင်းပိုင်း

ကားအပြင်ပိုင်းတွင် ရှေ့မီးကြီးများနှင့် ဆက်သွယ်ထားသော အပေါ်ဘက်ရှိ ခပ်စိပ်စိပ်အမြှောင်း ပုံသဏ္ဍာန် နှင့် ဘန်ပါ ထောင့်၏ အစွန်းတစ်ဖက်စီနှင့်နီးကပ်နေသော အောက်ဘက်ရှိ ခပ်စိပ်စိပ် အမြှောင်း ပုံသဏ္ဍာန် တို့မှာ ကြံ့ခိုင်ခမ်းနားသောပုံရိပ်ကို ဖန်တီးပေးပါသည်။ ထို့အပြင် လမ်းကိုမီးထွန်းရန်စိုက်မီး၊ ပြိုင်ဘက် ကင်းကာ ထင်ရှားသည့်ပုံစံရှိသော ထောင့်မှန်စတုဂံပုံ ရောင်ပြန်များစွာပါသော ရှေ့မီးကြီးများသည် ပိုမိုတိကျသည့် မီးအလင်း ပေးမှုဖြင့် မြင်နိုင်စွမ်းကို တိုးတက်စေရန် အကူအညီပေးပါသည်။

ပေါ့ပါးပြီး ကြံ့ခိုင်ကျစ်လစ်သော ၁၄ လက်မအရွယ် အလွိုင်းဘီးပါရှိသည့်အပြင် အင်တာနာနှင့် အပြင်အနောက်ဘက်ကို မြင်ရသည့် လျှပ်စစ်စနစ်ဖြင့် ဖော်ပြသည့် မှန်လည်းပါဝင်ပါသည်။ အတွင်းပိုင်းမှာ ခုံတန်းသုံးခုပါဝင်ကာ ကျယ်ဝန်းလှပြီး ပါဝါ တံခါး၊ ပါဝါ စတီယာရင်၊ ကောင်းမွန် ပြည့်စုံသော အော်ဒီယိုအသံစနစ်၊ လေအေး ပေးစက်၊ USB/DC (12V) ချိတ်ဆက်လို့ရသော ပါဝါ outlet၊ လက်ကိုင် ဖုန်း (၂) ခုစာထည့်နိုင်သော အံခွက်၊ ဒုတိယတန်းနှင့် တတိယတန်း ခုံများတွင် ၅ဝ:၅ဝ ခေါက်လို့ရသော ခုံတန်းရှည်တို့ ပါဝင်ပါသည်။

စွမ်းဆောင်ရည်နှင့် လုံခြုံရေး

Toyota AVANZA တွင် တပ်ဆင်ထားသော ၁.၃ လီတာ အင်ဂျင်က ၇၁ ကီလိုဝ(က်)နှင့် လှည့်အား (torque) ၁၂၁ နယူတန်မီတာကို ထုတ်လုပ်ပေးနိုင်ပြီး အော်တိုဂီယာ လေးကြိမ်ပြောင်းလဲကာ မြန်နှုန်းကို မြှင့်တင်ပေးပါသည်။ အင်ဂျင်၏ အသံနှင့် တုန်ခါမှုတို့ကို အနည်းဆုံးဖြစ်အောင်လျော့ချပေးသည့် Low NVH နည်းပညာကို အသုံးပြု ထားပါသည်။ ဆီ ၄၅ လီတာဆန့်သည့် ဓာတ်ဆီကန်လည်းပါဝင်ပါသည်။ AVANZA တွင် ပါဝင်သော လျှပ်စစ်ဆိုင် ရာဘရိတ်အားဖြန့်ဝေမှု (EBD) ပါရှိသော လော့ခ်ကျခြင်းကို တားဆီးပေး သည့် ဘရိတ်စနစ် (ABS) သည် ဘရိတ်နင်းသည့် အခါ ယာဉ်၏ တည်ငြိမ်မှုနှင့် ယာဉ် မောင်း၏ ထိန်းချုပ်မှုကို ထိန်းသိမ်းခြင်းအား ကူညီပေးပါသည်။ ထို့အပြင် လေအိပ်များ (ရှေ့ခန်းရှိ ကားမောင်သူနှင့် ခရီးသည်ထိုင်သည့် အရှေ့ခုံ)၊ ထိုင်ခုံခေါင်းမှီနှင့် ခရီးသည် အားလုံးအတွက် 3 point seat belts များ၊ ကလေးငယ်များကို ထိန်းပေးသည့် စနစ် (ISOFIX and tether anchor)နှင့် ကလေးငယ်များအတွက် အန္တရာယ်ကင်းစေနိုင်သည့် အနောက်တံခါးတို့ ပါဝင်ပါသည်။

AVANZA ကားအသစ်၏ ဈေးနှုန်းမှာ ကန်ဒေါ်လာ ၁၉,၅ဝဝ ကျသင့်မည်ဖြစ်ပြီး ကားအပြင်ဘက်ပိုင်းမှာ အရောင် အားဖြင့် ရွေးချယ်စရာ ငွေသတ္တုရောင်၊ မီးခိုသတ္တုရောင်၊ အပြာသတ္တုရောင်၊ ရှိန်ပိန်သတ္တုရောင်၊ အဖြူရောင်နှင့် အနက်သတ္တုရောင် စုစုပေါင်း ၆ မျိုးရှိပါသည်။ ကားအတွင်းပိုင်းအရောင်မှာ မီးခိုးနက်ရောင်ဖြစ်ပါသည်။ AVANZA ကားသစ်ကို ၃ နှစ် (၁ဝဝ,ဝဝဝကီလိုမီတာ) အာမခံပေးထားပြီး ဝယ်ယူပြီးနောက်လိုအပ်သည့် အရည်အသွေးမြင့် ဝန်ဆောင်မှုများနှင့် အပို ပစ္စည်းအမှန်များကို ရောင်းချပေးသွားမည်ဖြစ်သည်။ ကြိုတင်ဝယ်ယူလိုပါက (အရစ်ကျ စနစ်ဖြင့်လည်းဝယ်ယူနိုင်သည်) Toyota ၏ တရားဝင် အရောင်းကိုယ်စားလှယ်များ(Toyota Aye and Sons, Toyota Mingalar, Toyota GW Lion) မှတစ်ဆင့် ၂ဝ၁၈ ခုနှစ်၊ မေလ ၂ ရက်နေ့မှ ကတည်းက မှာယူလို့ရနိုင်ပြီဖြစ်ပါသည်။

Author