Toyota Mingalar Toyota 2020 Soft Launch For Vios, Innova and Fortuner

0

Full article

Toyota ကတော့ သိကြတဲ့ ကျွန်တော်တို့နိုင်ငံတင်မကဘူး၊ တကမ္ဘာလုံးရဲ့ စိတ်ချယုံကြည်မှုကို အပြည့်အဝရထားတဲ့ brand တခု။ ဒီလို brand ကိုရွေးချယ်ပြီဆိုတာနဲ့ အမှားအယွင်းကင်းမှာက အသေအချာပါပဲ။ အခု အစီအစဉ်မှာတော့Toyota Mingalar ကနေပြီး Toyota ကားသစ် ၃ မျိုးကို မိတ်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါတယ်။

ကောင်းပါပြီ။ Toyota ကိုရွေးချယ်လိုက်ပြီဆိုရင် ဘယ်လိုကားမျိုးကိုဝယ်မှာလဲ။

ဆီစားနှုန်းသက်သက်သာသာနဲ့ မြို့တွင်းပတ်လည်အဓိကထားမောင်းနှင်ဖို့ တန်ဖိုးသင့် compact sedan လေးလား။

လူများများတင်ဆောင်ပြီး ခရီးတွေထွက်မယ်၊safety ပိုင်းပြည့်စုံပြီး သက်သောင့်သက်သာမောင်းလို့ရမယ့်7 seater လေးလား။

ဘယ်လိုနေရာကိုမဆို ထပ်ပြောပါမယ်၊ ဘယ်လိုနေရာကိုမဆိုပါ ကျော်ဖြတ်မောင်းနှင်လို့ရမယ့် SUV စစ်စစ်ကို လိုချင်နေတာလား။

အားလုံးရနိုင်ပါတယ်။

Vios

အခု ပြောပြပေးသွားမယ့်  soft launch အနေနဲ့ Toyota Vios ကလေးနဲ့စချင်ပါတယ်။ Toyota Mingalar အနေနဲ့ကားသုံးစီးတောင် launch လုပ်ပေးခဲ့တာပါ။

ပထမဆုံးဒီ Vios 2020 နဲ့ Vios 2019 ပြောင်းလဲတိုးတက်သွားတဲ့အချက်ကလေးတွေကတော့ Grille တစ်ခုလုံးကို Piano Black Materials သုံးထားပေးတာပါပဲ။ နောက်ပြီးတော့ Halogen ( Projector) ကနေ 3-Tier LED Headlights ဖြစ်သွားလို့ နည်းပညာပိုင်းအရလည်း ပိုမြင့်သွားတယ်။

Headlights တွေကတော့ နည်းပညာလည်း အဆင့်ပိုမြင့်သွားမယ်နော်။

ဟုတ်ပါတယ်။

ပြောင်းတာက ပြောမယ်ဆိုရင် နည်းနည်းလေး။ Grille နဲ့ မီးတွေပဲ။ ဒါပေမဲ့ ရုပ်ကတော့ တော်တော်ကြီးကို ကွာသွားပြီနော်။ Vios 2020 က ဘယ်သူမဆို မြင်တာနဲ့ လိုချင်စရာပုံပဲဗျ။

ဟုတ်ပါတယ်အစ်ကို။ အတွင်းခန်းလေးကိုဝင်ကြည့်ပါဦး။

အတွင်းခန်းအပြောင်းအလဲလေးတွေရှင်းပြပေးပါဦးဗျ။

အဓိကကတော့ နောက်ထိုင်ခုံအတွက် USB နှစ်ပေါက်ပိုပါလာတာဗျ။
Armrest လဲပါဝင်လာပါတယ်။

USB ပေါက်တွေက များလေကောင်းလေဗျ။ Smartphone ခေတ်ဆိုတော့လေ။ နောက်ပြီးInfotainment တို့ သုံးထားတဲ့ materials တို့အကြေင်းလည်း နည်းနည်းလောက်တော့ ပြောပြပေးပါဦးဗျ။

6.8” DVD touchscreen entertainment system with AUX/USB connectors and 6 speakers စတာတွေလည်းပါတယ်။

Vios 2020 မှာ အရေးကြီးတဲ့ Engine နဲ့ Safety ပိုင်းလေးလည်း ရှင်းပြပေးပါဦး။

Toyota Vios 2020 မှာက 1.3 L Dual VVTi ဓါတ်ဆီအင်ဂျင်နဲ့။ Transmission ကတော့CVT ပါ။
Safety ပိုင်းအနေနဲ့ Airbag ၇ လုံးပါတယ်။ASEAN NCAP 5 stars ရထားတဲ့ Rigid GOA frame ကိုသုံးထားတယ်။
Vehicle Stability Control VSC အပြင် Toyota ထုံးစံအတိုင်းABS, EBD, BA, HAC အကုန်ပါပါတယ်။

မိုက်တယ်။ ကျွန်တော်personal အရတော့သဘောကျတယ်ဗျာ။

ပါလာတဲ့features တွေအရဆိုရင် တန်ဖိုးသင့်ကားတစီးအနေနဲ့ သဘောကျစရာပဲဗျ။ အရေးကြီးတဲ့ ဈေးနှုန်းလေး ပြောပြပေးပါဦး။

Toyota Vios 2020 ရဲ့ကားတန်ဖိုးသီးသန့်ဈေးနှုန်းကတော့ $20,900 ကနေစတင်ရောင်းချသွားမှာဖြစ်ပါတယ်။
Exterior Color အနေနဲ့ ၈ ရောင်အထိရွေးချယ်လို့ရမှာဖြစ်ပါတယ်။
Interior Color က Black, Ivory ဆိုပြီး ၂ ရောင်ရွေးချယ်လို့ရမယ်။

အရောင်တွေက စုံတယ်နော်။ မြန်မာငွေနဲ့ဆို ဘယ်လောက်လောက်ကျမလဲဗျ။ သူက ကားတန်ဖိုးသီးသန့်ပဲလား။ ရန်ကုန်လိုင်စင်နဲ့ရောရနိုင်မလားဗျ။

နယ်လိုင်စင်အခွန်အပြီးအစီးကို ၂၉၅ သိန်းကျသင့်မှာပါ။

ကိုစော - ဟုတ်ပြီဗျာ။ လောလောဆယ် ဒီဈေးတန်းမှာတော့ အကြိုက်ဆုံးပဲဗျို့။ ဆက်ပြီး ၇ ယောက်စီး 7 seater Innova လေးသွားကြည့်ကြရအောင်ဗျာ။

Innova

ဟာ… မီးတွေကLED တွေဖြစ်သွားပြီနော်။

အရင်က 4 Bulb Halogen Multi အခုကLED projector
အပြင် Headlamps level ချိန်တာတွေ၊ follow me home system တွေပါလာ
ဒါ့အပြင် fog lamps တွေကအစ LED တွေဖြစ်လာပါပြီ။

တစီးလုံးရဲ့ရုပ်ထွက်ပြောင်းသွားတာမျိုးတော့မဟုတ်ဘူး။ ဒါပေမဲ့ မီးတွေပိုကောင်းလာတယ်။  နောက်ပြီး Alloy design လည်းပြောင်းသွားတယ်နော်။

ဟုတ်ပါတယ်.. ၁၆ လက်မdesign အသစ်နဲ့ခွေတွေပါ။ အတွင်ခန်းလေးကြည့်ပါဦး။ အများကြီးပြောင်းသွားပြီဗျ။

ဟုတ်တယ်ဗျ။ ထိုင်ခုံတွေကfabric တွေမဟုတ်တော့ဘူး။ Leather အပြည့်တွေဖြစ်သွားတာပဲ။ ထိုင်ရတာ လုံးဝ ease ပဲဗျ။ ဒီထိုင်ခုံတွေကတော့ အကြိုက်ဆုံးပဲ။

Power နဲ့ Adjustment လုပ်လို့ရပါတယ်။ နောက်ဆုံး row ကိုလျှောက်သွားဖို့က အလယ်မှာ လျှောက်လမ်းလည်းပါတယ်။ ခုံမခေါက်ချင်ဘူးဆိုရင် ဒီလမ်းကို သုံးလို့ရပါတယ်ခင်ဗျ။

ကြိုက်တယ်ဗျာ။ လူ ၇ ယောက် ချောင်ချောင်ချိချိစီးလို့ရတယ်။ သက်သောင့်သက်သာစီးလို့ရတယ်။ ပြောရမယ်ဆိုရင် ဇိမ်ကျကျတောင်စီးလို့ရတယ်။

2019 model တုန်းကဆိုရင် သော့နဲ့နှိုးရတာဖြစ်ပြီး အခုကpush start နဲ့ဖြစ်သွားပါပြီ။​ ထုံးစံအတိုင်းInfotainment, Auto Air-Con, Round Air-Con တို့လည်းပါပါတယ်။

7 seater ရှာနေတဲ့သူတွေအတွက်perfect ဖြစ်တဲ့ ကားလေးပဲဗျ။ (တံခါးဖွင့်၍) Engine room လေး တချက်လောက်ပြပေးပါလား။

Powerful လည်းဖြစ် fuel efficient လည်းဖြစ်တဲ့ VVTi engine ကိုသုံးထားပါတယ်။2.0 L 1TR-FE ပါ။ 6-speed automatic transmission နဲ့မို့လို့ ဂီယာအကူးအပြောင်းလဲ ညက်ညောပါတယ်။ Safety ပိုင်းမှာလည်း Toyota တွေရဲ့ထုံးစံအတိုင်း စိတ်ချယုံကြည်ရပြီးAirbags ဆိုရင် ၇ လုံးတောင်မှာတပ်ဆင်ပေးထားတာပါ။

Toyota Engine ကတော့ စိတ်ချယုံကြည်ရပြီသားပါ။ Safety ပိုင်းလည်း ပြည့်စုံတယ်နော်။ ဈေးနှုန်းကလေးလည်းပြောပေးပါဦး။

Toyota Innova 2020 ရဲ့ကားတန်ဖိုးသီးသန့်ဈေးနှုန်းကတော့ $34,100 ကျသင့်မှာဖြစ်ပြီး နယ်လိုင်စင်အခွန်အပြီးအစီးကို သိန်း 470 ဝန်းကျင်ကနေစတင်သွားမှာဖြစ်ပါတယ်။
အရောင်အနေနဲ့ကတော့ Exterior Color ၈ရောင်အထိရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး
Interior Color အနေနဲ့ Black, Noble Brown ဆိုပြီး နှစ်ရောင်ရွေးချယ်နိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ခုနောက်ဆုံးအနေနဲ့ SUV ကြီး Fortuner 2020 ကို သွားကြမယ်လေ.. နော်။

Fortuner

ဒီကောင်ကြီးကတော့ အားလုံးထဲမှာ အပြောင်းအလဲအများဆုံးဖြစ်မယ်ထင်တယ်ဗျ။ နည်းနည်းရှင်းပြပေးပါဦး။

Sales Person - Exterior ပိုင်းသက်သက်ကိုကြည့်မယ်ဆိုရင် ရှေ့bumper ၊ အပေါ်နဲ့ အောက် grille ၊Headlamps တွေ၊ နောက် bumper နဲ့Aluminum Wheel design တွေ အားလုံးက အသစ်ဖြစ်သွားတယ်။ မီးတွေဆိုရင်  Low beam, High beam, Day Time Running Lights တွေအပြင် Fog Lamp ပါ LED ဖြစ်သွားပါပြီ။ Indicator တခုပဲhalogen ကျန်ပါတော့တယ်။

Vios ရောInnova ရော Fortuner ရော rim design ကအသစ်တွေနော်။ အဲဒီထဲကမှာ Fortuner ရဲ့ rim design က အလှဆုံးပဲဗျ။ လှတာထက် အမိုက်ဆုံးလို့ပြောရမယ်။

၁၈ လက်မ Design အသစ်နဲ့aluminium ခွေတွေပါ။ Ground Clearance က ၁၁ လက်မနီးပါး လွတ်ပါတယ်။

Ground clearance မြင့်တာက ကျွန်တော်တို့ နိုင်ငံမှာ မောင်းဖို့ တော်တော်ကြီးကို အဆင်ပြေတယ်ဗျ။ နောက်မီးတွေကရော။

နောက်မီးတွေကလည်း LED တွေပါပဲဗျ။
အနက်ရောင်Fortuner ဖောင်းကြွစာလုံးက အသက်ပဲ။ အတွင်းခန်းကလေး တချက်ကြည့်ကြမလားဗျ။

Leather ပတ်လည်နဲ့။ ထိုင်ရတာလုံးဝကို comfortable ပဲ။ Power adjustment လည်းရတယ်။ Infotainment ကလည်း အကြီးကြီးပဲနော်။ ဘယ်လောက် size လဲဗျ။

Infotainment က ၈ လက်မပါ။ Apple CarPlay , Android Auto ရပါတယ်။ Miracast လည်းရတော့ ဖုန်းနဲ့ချိတ်ဆက်ဖို့ဆိုတာ ဘာမှစိတ်ပူစရာကိုမရှိတော့ပါဘူး။ Hand-free function လည်းပါတယ်။ အသံထွက်လည်းကောင်းတယ်။ နောက်ပြီးNavigation စနစ်လည်းသုံးလို့ရပါတယ်။

Audio ပိုင်းရောကောင်းလားဗျ။(ဖွင့်ကြည့်ရန်) ။ အသံထွက်လည်းမဆိုးဘူးနော်။ ဒီနေရာမှာ ကျွန်တော် သတိပြုမိတာက cabin က quiet တော်တော်ဖြစ်တယ်ဗျ။ အပြင်ဆူညံသံတွေ သိပ်မဝင်ဘူး.. နော်။

သူ့ရဲ့ Drivetrain ကလည်း ဆူညံသံလျော့နည်းသွားအောင် လုပ်ထားပါတယ်။ နောက်တချက်က ရှေ့မှာ Double Wishbone နဲ့ နောက်မှာ4-link Coil Spring suspensions တွေသုံးထားကြောင့်လည်း အသံဆူညံမှုနည်းသွားတဲ့အပြင် ငြိမ့်ညောင်းမှုကိုပါ ရရှိစေပါတယ်။
ကိုစော - Suspension ကDouble Wishbone ပါတာကိုကြိုက်တယ်ဗျ။ အခုလိုမျိုး 4WD အတွက် ငြိမ့်ညောင်းလို့ သိပ်ကောင်းတဲ့ suspension ပါလို့ဒီနေရာက recommend ပေးပါရစေဗျ။Safety ပိုင်းလေးရော၊ မေးသာမေးရတာ၊ Toyota ဆိုတော့ စိတ်ချရပြီးသားပါ။
6 Sonars, 7 SRS Air Bags,
Toyota Safety Sense 3 မျိုးဖြစ်တဲ့ PCS, DRC LDAA တို့အပြင်
DAC, LSD, ABS, VSC and A-TRC, HAC, TSC စတာတွေပါ ပါတယ်။

Engine ပိုင်းလေးလည်း ပြောပြပေးပါဦး။

2.8 L 1GD-FTV Diesel Engine ကိုသုံးထားလို့ ရုန်းအားဆွဲအားလည်းကောင်းသလို ဆီစားနှုန်းကလည်း သက်သာပါတယ်။ 6-speed Automatic transmission နဲ့ဖြစ်ပြီး 4WD ကားဖြစ်တဲ့အတွက် 2H, 4H, 4L လိုသလိုပြောင်းလဲမောင်းနိုင်တဲ့အပြင် differential lock လည်းပါတဲ့အတွက် ဘယ်လိုလမ်းမျိုးကိုမဆို မောင်းလို့ရပါတယ်။Eco Mode နဲ့ Power Mode ဆိုပြီးdriving mode နှစ်မျိုးပြောင်းလို့ရလို့လည်း ဆီစားအထူးသက်သာတာပါ။

Fortuner 2020 ကိုတော့ Design လည်းကြိုက်တယ်။ အတွင်းခန်း သက်သောင့်သက်သာဖြစ်တာကိုလည်းကြိုက်တယ်။ နောက်ပြီး Apple CarPlay နဲ့ Android Auto ရတာလိုမျိုး နည်းပညာပိုင်းနဲ့ပြည့်စုံတာကိုလည်း ကြိုက်တယ်။ နောက်ပြီးEngine နဲ့ drivetrain ပိုင်းကလည်း အားရစရာပဲ။ ကဲ ဈေးပဲပြောတော့ဗျာ။ တခါတည်း ဝယ်သွားလိုက်ချင်ပြီ။

Toyota Fortuner 2020 ကားတန်ဖိုးသီးသန့်ဈေးနှုန်းကတော့ $57,600 ကနေစတင်ရောင်းချသွားမှာဖြစ်ပြီးတော့ နယ်လိုင်စင်အခွန်အပြီးအစီးကို သိန်း ၇၉၀ ဝန်းကျင်ကနေစတင်မှာဖြစ်ပါတယ်။

ကိုစော - အခု ကျွန်တော်တို့မိတ်ဆက်ပြသပေးခဲ့တဲ့Vios, Innova, Fortuner တစီးစီးကိုကြိုက်ပြီဆိုပါတော့ဗျာ။ ဘယ်လိုဆက်သွယ်ဝယ်လို့ရမလဲဗျ။ ဘယ်လိုဝယ်ရမလဲ။

ဝယ်ယူပုံနဲ့ Toyota Mingalar အကြောင်းပြောပြရန်/ Online Payment

အရစ်ကျ downpayment 20%  1 to 5 years

Promotion

Vios /Innova /Fortuner – Gold Service Package or Free Insurance

Gasoline Voucher

Vios – 300,000

Innova – 400,000

Fortuner – 500,000

လိပ်စာ/ အမှတ် (၆) ဘုရင့်နောင်လမ်းနဲ့ ရွာမကျောင်းလမ်းထောင့်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့  သို့ တနင်္လာနေ့မှ စနေနေ့အထိ (မနက် ၉ နာရီကနေ ညနေ ၅ နာရီခွဲ အတွင်း လာရောက်လေ့လာနိုင်ပါတယ်)

ဖုန်း/ အသေးစိတ်ကိုShowroom Hotlines: 01 514940 ~ 41, 09 40540 2233

ဝယ်ယူနိုင်ပုံ / Showroom or Online Payment

အခုဆိုရင်Toyota ရဲ့ Fortuner, Innova, Vios 2020 တွေနဲ့  2019 တွေ ဘာတွေကွာသွားလဲ၊​ ဈေးနှုန်းဘယ်လောက်လဲ၊ ဘယ်လိုဝယ်နိုင်သလဲဆိုတာတွေကို အားလုံးလည်းသိရှိသွားမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။

ကားအသစ်ဈေးကွက်မှာ ဒီလိုမျိုးထိုက်ထိုက်တန်တန်လေးတွေကို မိတ်ဆက်ပေးနိုင်တဲ့အတွက် Toyota Mingalar ကိုကျေးဇူးတင်ကြောင်း ကျွန်တော်ဒီနေရာကပြောပါရစေ။

ကျွန်တော့်အနေနဲ့ကတော့ လမ်းအနေအထားမျိုးစုံမှာ စိတ်ကြိုက်မောင်းနှင်ဖို့အတွက်ဆိုရင် Toyota Fortuner 2020, လူများများ ဇိမ်ကျကျတင်ဆောင်ဖို့အတွက်ဆိုရင်တော့ 7 Seater Innova 2020 နဲ့ ပေါ့ပေါ့ပါးပါး မြို့တွင်းပတ်လည် အကောင်းဆုံးစီးဖို့ဆိုရင်Vios 2020 တို့ဟာ ရွေးချယ်ဖို့အတွက် အကောင်းဆုံးတွေထဲက အကောင်းဆုံးတွေပါလို့ပြောကြားရင်းနဲ့ပဲ ဒီ soft launch ကလေးကို နိဂုံးချုပ်ချင်ပါတယ်။

အားလုံးပဲကျန်းမာချမ်းသာပြီး covid 19 ဘေးမှကင်းဝေးကြပါစေ။

Author