တိုကျိုမြို့တော် မှအကြီးဆုံးကားပြပွဲကြီး

0

Full article

တိုကျိုကားပြပွဲများကို၁၉၅၅ မှစတင်ကာ တိုကျိုမြို့ တိုကျိုအပြည်ပြည်ဆိုင်ရာ ပြခန်း စင်တာတွင် နှစ်နှစ် တစ်ကြိမ်ကျင်းပပြုလုပ်သည်။ ဂျပန်ကားထုတ်လုပ်သူများအစည်းအရုံး (JAMA) က ဦစီးကျင်းပခြင်း ဖြစ်ကာ ကားများ၊ ဆိုင်ကယ်များ၊ လုပ်ငန်းသုံးကားများကို ပြသသောပွဲဖြစ်သည်။ အမှန်တကယ်ထုတ်သော ကားများထက် အနာဂတ်တွင် ထုတ်လုပ်မည့် ကား (concept cars) များကို မိတ် ဆက်ပေးသော ပြပွဲဖြစ်ရာ ကမ္ဘာအကြီး ကားပြပွဲ ငါးခုအနက် (ဒက်ထရွိက်၊ ဂျီနီဗာ၊ ဖရန့်ဖော့(က်)နှင့် ပဲရစ်) ကားမီဒီယာများ၏ အထူးစိတ်ဝင်စားခြင်းခံရသော ပွဲဖြစ်သည်။

တိုကျိုကားပြပွဲကို ဟီဘီယာပန်းခြံတွင် ၁၉၅၅ မှစတင်ပြီး ပြသခဲ့ရာ ပြပွဲ ၁ဝ ရက်ကျော်အတွင်း လာရောက် လေ့လာသူ ၅၄၇,ဝဝဝ ဦးရှီပြီး ကားလုပ်ငန်း ၂၅၄ ခုမှ ကားအစီးရေ ၂၆၇ စီး ပြသကြကာ ယင်း တို့ထဲမှာ ၁၇စီး မှာ အိမ်စီးကားများဖြစ်၍ ကျန်သော ကားများမှာ လုပ်ငန်းသုံးကား များဖြစ်သည်။ ၁၉၅၈တွင် ပန်းခြံအနီး၌ မြေအောက်လမ်းများ ဖောက်လုပ်ခြင်းကြောင့် Korakuen စက်ဘီးပြိုင်ပွဲ ကျင်းပရာကွင်း သို့ ပြပွဲကို ပြောင်းလဲကျင်းပခဲ့သည်။ နောက်နှစ်တွင် မိုးများအကြီးအကျယ် ရွာသွန်း ခြင်းကြောင့် ၁၉၅၉ ၌ ရှေ့က ပြပွဲကျင်းပရာ နေရာများထက် သုံးဆကြီး သည့် Harumi ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ကျင်းပလာရာမှ ၁၉၇၃ အရောက်တွင် တစ်ကမ္ဘာလုံး စွမ်းအင်အကျပ်အတည်းဖြစ်လာခဲ့ရာ ပြပွဲကို နှစ်နှစ်တစ်ကြိမ်သာ ကျင်းပဖြစ်တော့သည်။ ၁၉၈၉ ၌ ပြပွဲကို ယခုကျင်းပပြု လုပ်သည့် နေရာဖြစ် သော Tokyo Big Sight ခန်းမ သို့ ပြောင်းရွေ့ခဲ့သည်။ တိုကျိုကားပြပွဲတွင် concept ကားများ အပါအဝင် ပြည်တွင်းနှင့် နိုင်ငံတကာ အမှတ်တံဆိပ်ကားများကိုလည်း ခင်းကျင်းပြသသည်။ ပြပွဲသို့ လာရောက်ကြည့်ရှုကြသော ကားချစ်သူများသည် ကားလုပ်ငန်းများက ခင်းကျင်းပြသော နောက်ဆုံး ပေါ်ကားများကို ကြည့်ရှုနိုင်ရုံမျှမက ၊ နောက်ဆုံးပေါ် ကားနှင့် သက်ဆိုင်သော အင်ဂျင်နီယာအတတ်ပညာများ၊ လိုက် ပါ စီးနင်းသူများ၏ လုံခြုံရေးနှင့် ပတ်သက်သော နည်းပညာများနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို ထိန်းသိမ်းကာကွယ်သော နည်းပညာ အစရှိသည့် အတွေ့အကြုံများကိုလည်း ရရှိသည်။

တိုကျိုကားပြပွဲတွင် ထိပ်သီး ကားထုတ်လုပ်ရေးလုပ်ငန်းများက ၎င်းတို့၏ နောက်ဆုံးကားများပြသကျပြီး လာရောက်ကြည့်ရှုသော ကားချစ်သူများသည် ကားအတွင်းသို့ ဝင်ရောက် ကာ ကားတွင်ပါဝင်သော feature များကို စမ်းသပ်ကြည့်ရှုထိတွေ့ကိုင်တွယ်နိုင်သည်။ အများပြည်သူ သယ်ယူပို့ဆောင်ရေး ဘတ်(စ်)ကားများ၊ ထရပ်များနှင့် ဗန်ကားများ အစရှိသည့် လုပ်ငန်းသုံးကားများကိုလည်း ခင်းကျင်းပြ သကြသည်။ ထို့အပြင် Honda၊ Yamaha နှင့် Suzuki လုပ်ငန်းများ၏ နောက်ဆုံးပေါ် ဆိုင်ကယ်များကိုသာမက ကားအပိုပစ္စည်းများ၊ တာယာ၊ နှင့် ကား၏ ဖျော်ဖြေရေးစနစ်များကိုလည်း ပြပွဲအတွင်း ခင်းကျင်းပြသသွားခဲ့သည်။

Photo Credit to Motor Trend

Author