Tesla နဲ့အပြိုင် ဈေးကွက် ခွဲဝေတော့မည့် လျှပ်စစ်ကား Lucid Air

0

Full article

နည်းပညာ အသစ် တွေ အများအပြားထွက်ပေါ်လာခြင်းနှင့်အပြိုင် လျှပ်စစ်စွမ်းအင်ကို ကောင်းစွာ အသုံးချပြီး မော်တော်ယာဉ် တွေမှာ အသုံးပြုနေကြပါပြီ။ ပတ်ဝန်းကျင် ညစ်ညမ်းမှု အဓိကဖြစ်စေသည့် လောင်စာအင်ဂျင် သုံးမော်တော်ယာဉ် များနေရာတွင် လျှပ်စစ်ကားများကို စတင်အစားထိုး အသုံးပြုလိုက်ခြင်းက လျှပ်စစ်ကားဈေးကွက် တည်ရှိခြင်း၏ အကြောင်းရင်းကို ဖြစ်စေသည်။

အမေရိကန် အခြေစိုက် ကုမ္ပဏီ Tesla လျှပ်စစ်ကားကို စာဖတ်သူတို့ ကြားဖူးကျပေလိမ့်မည်။ သို့သော် Tesla နှင့်အပြိုင် ခေတ်ရှေ့ပြေးနေသည့် အမျိုးစားကတော့ အမေရိကန်နိုင်ငံ တွင် ၂ဝဝ၇ ခုနှစ်မှ စတင်တည်ထောင် ခဲ့ပြီး ဈေးကွက်ထဲ ရောက်ရှိလာခဲ့သည့် Lucid Motors ဖြစ်ပါသည်။ Tesla လျှပ်စစ်ကားများ၏ ဈေးကွက် ပြိုင်ဘက်သစ် Lucid Motors ၏ The Lucid Air လျှပ်စစ်ကားကို ၂ဝ၁၇ ခုနှစ် မှစတင် ထုတ်လုပ်ခဲ့ပြီး ဈေးကွက်အတွင်း လက်ခံအားပေးမှု မြင့်လာရခြင်းကြောင့် lucid Motors မှ လျှပ်စစ်ကားများကို ဆက်လက်ထုတ်လုပ် လာရခြင်းဖြစ်သည်။

Lucid Motors ရဲ့ ထုတ်ပြန်ချက်တွေအရ The Lucid Air model ကားလေးက ၃၁၅ မိုင်အထိ မောင်းနှင်နိုင်သည့်အပြင် horsepower 1000 အထိ စွမ်းအင်ထုတ်လုပ်နိုင်စွမ်း ရှိထားပါတယ်..

သက်တောင့်သက်သာ ဖြစ်စေမှုကို အသားပေးထုတ်လုပ်ထားရှိမှု....

အတွင်းခန်းဖွဲ့စည်းထားပုံ အထင်ကြီး လောက်တယ်။ အသေးစိတ် ကျတဲ့အပြင် Tesla ကနေ ထွက်ရှိထားတဲ့ Model S တွေထက် Legroom (ခြေထောက်ထားနေရာ) ပိုမို ကျယ်ပြန့်လာတာကို တွေ့နိုင်ပါတယ်...

အနောက်ဘက် မှာပါရှိ တဲ့ passenger seats တွေ က 55 ဒီဂရီ အထိ လှဲချလို့ရပါတယ်။ ဒါတွေကြောင့် ပဲ the Lucid Air က luxury အမျိုးစား လျှပ်စစ် ကားတွေထဲမှာ နာမည်ကြီးနေတာပါ..

ထိုင်ခုံ နှစ်ခုကြား touch screen နဲ့ seat control လေးက အတော် အထောက်အကူ ဖြစ်စေမှုပါ..

ကားရဲ့ အရှေ့ဘက်ခြမ်းက အင်မတန်ရိုးရှင်းပါတယ်။ အလွယ်တကူ touch screen နဲ့ မောင်းနှင်နိုင်မဲ့ဒီဇိုင်း....

Apple CarPlay နဲ့ Android Auto ကို အဓိက အထောက်ကူပြု ပေးမဲ့ပုံစံ လေးပါ..

ဒါ့အပြင် ထင်ရှားလွန်းလှတဲ့ navigation system ကို ယာဉ်မောင်းသူ အလွယ်တကူ တွေ့မြင်ရမှာပါ.....

ကားလေးရဲ့အမြင်က တမူထူးခြား မှုကိုပေါ်လွင်ပါတယ်။ သေးသွယ် လွန်းလှတဲ့ LED lights အပါအဝင် hood အနေအထားက sport type ဆန် တဲ့အပြင် ပုံမှန် sedan တွေ နဲ့လည်း မတူပါဘူး..

ဒါပေမဲ့ တစ်ခုရှိတာက အလျင်အမြန် ပါဝါ ဖြည့်သွင်းမှုနဲ့ မောင်းနှင်နှုန်းမှာ Lucid Air အနေနဲ့ Tesla ကို ယှဉ်ပြိုင်နိုင်ပါ့မလား...

Lucid Air က နောက်ပိုင်း ထွက်ရှိလာမယ့် မျိုးဆက်တွေကို Lidar sensor တွေကို အသုံးပြုဖို့ကြိုးစားနေပါပြီ။ LIDR ( Light Detention and Ranging). ဒီ Lidar system ကို အသုံးပြုလာမယ်ဆိုရင်တော့ ဈေးကြီးလောက် တဲ့ အနေအထားမှာ ရှိနေမှာပါ...

တစ်မူထူးခြားချက်လေး တွေပါရှိထားမဲ့ cargo space..

ဒီ စိတ်ကျေနပ်ဖွယ်ရာ တွေ ပါရှိထားကြတဲ့ Lucid Air နဲ့ Tesla တို့က အနာဂတ် ရဲ့ ပြိုင်ဘက် တွေဖြစ်လာ ကြမှာလား...

Carsdb မှ အရောင်းတင်ထားသည့် လျှပ်စစ်ကားများကိုလည်း လေ့လာနိုင်ပါသည်။

Danielle Muoio ၏ The Lucid Air review မှ ကောက်နှုတ်ဖော်ပြသည်။

Author