Full article

Tesla Motors ဆိုသည်မှာ ကားလောကနှင့် နည်းပညာလောကတွင် အများနှင့်မတူ တမူထူးခြားသော ကုမ္ဗဏီတစ်ခုဖြစ်သည်။ လည်းကောင်းတို့မှ ထုတ်လုပ်သည့် လျှပ်စစ်စွမ်းအင်သုံး ကားများနှင့် အစိတ်အပိုင်းများဖြင့် နာမည်ကြီးလာပြီး ယခုနောက်ဆုံးထုတ်လုပ်မည့် Tesla Model S နှင့် Tesla Model X ကားများဖြင့် လူများ၏ စိတ်ဝင်စားမှုအမြင့်ဆုံးကို ရရှိနေပြီဖြစ်ပါသည်။

fremontservice_large_1-500x239

Tesla Motors အား ၂ဝဝ၃ ခုနှစ်တွင် Silicon Valley မှ အင်ဂျင်နီယာများ ပူးပေါင်းတည်ထောင်ခဲ့ပြီး လျှပ်စစ်ကားနှင့် ဆက်စပ်ပစ္စည်းများကို ထုတ်လုပ်ရောင်းချခဲ့သည်။ လျှပ်စစ်အင်ဂျင်နီယာနှင့် တီထွင်ပညာရှင်တစ်ဦးဖြစ်သော Nikola Tesla ၏အမည်ကို ယူ၍ Tesla Motors ဟုအမည်ပေးခဲ့ခြင်းဖြစ်သည်။ ထိုကုမ္ဗဏီကို တည်ထောင်ခဲ့ခြင်း၏ အဓိကရည်ရွယ်ချက်မှာ လျှပ်စစ်ကားများကို ပိုမိုကြိုက်နှစ်သက်လာစေရန်နှင့် ပိုမိုသုံးစွဲလာစေရန်ဖြစ်သည်။ ထို့အတွက် Tesla သည်လျှပ်စစ်ကားများကို ကိုယ်တိုင်ထုတ်လုပ်ရောင်းချရုံသာမက လျှပ်စစ်ကားများထုတ်လုပ်ရန်အတွက် လိုအပ်သော ဆက်စပ်ပစ္စည်းများကိုလည်း အခြားသော ကားထုတ်လုပ်သည့် ကုမ္ဗဏီများသို့ ရောင်းချပေးခဲ့ပါသည်။

6d3_53892-500x332

Tesla Roadster

Tesla သည်၂ဝဝ၈ ခုနှစ်တွင် ပထမဦးဆုံး စတင်ထုတ်လုပ်ခဲ့သော လျှပ်စစ်တစ်ခုတည်းဖြင့် မောင်းနှင်နိုင်သည့် Tesla Roadster ကားဖြင့် လူအများ၏ စိတ်ဝင်စားမှုကို အထူးရရှိခဲ့သည်။ ယခုအခါ နိုင်ငံပေါင်း ၃၇နိုင်ငံတွင် Tesla Roadster ကားပေါင်း ၂၃ဝဝ ကျော်ခန့်ကို ရောင်းချပြီးဖြစ်ပါသည်။ Tesla Roadster သည်ပထမဦးဆုံး Lithium-ion battery ကိုအသုံးပြုထားသည့် ကားဖြစ်သည့်အပြင် တစ်ခါအားသွင်းပြီးသည်နှင့် မိုင်၂ဝဝကျော်(ကီလိုမီတာ ၃၂ဝကျော်) မောင်းနှင်နိုင်သည့် ပထမဦးဆုံး လျှပ်စစ်အားသုံး ကားအမျိုးအစားလည်းဖြစ်ပါသည်။ Tesla Roadster Sport အမျိုးအစားကားသည် ဝ မှ ၆ဝ mph ရောက်ရှိရန် ၃.၇စက္ကန့်သာကြာမြင့်ပြီး Toyota ၏ Toyota Prius ကားထက် energy efficient ဖြစ်မှုတွင် နှစ်ဆခန့်ပိုမိုကောင်းမွန်သည်ဟု Tesla Motor မှထုတ်ပြန်ခဲ့သည်။

model-s-sigred-front3qtr_960x640_0-500x333

Tesla Model S

Tesla မှဒုတိယမြောက် ထုတ်လုပ်သည့်ကားမှာ sedan အမျိုးအစား Tesla Model S ဖြစ်ပြီး ၂ဝဝ၉ ခုနှစ် မတ်လ ၂၆ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့သည်။ အမေရိကန်ဒေါ်လာ ၅၇၄ဝဝ ဖြင့်ဈေးသတ်မှတ်ခဲ့ပြီး ၂ဝ၁၂ခုနှစ် ဂျွန်လတွင် ကြိုတင်မှာယူထားသူများထံသို့ စတင်တင်ပို့ရောင်းချပေးခဲ့သည်။

28-500x281

Tesla Model X

၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် နောက်ထပ် မော်ဒယ်အသစ်တစ်ခုဖြစ်သော Tesla Model X ကိုစတင်မိတ်ဆက်ပြသခဲ့ပြီး ၂ဝ၁၃ခုနှစ်တွင် ထုတ်လုပ်မှုစတင်နိုင်မည်ဟု ကြေငြာခဲ့သည်။ သို့သော် တစ်နှစ်အကြာတွင် Tesla မှထိုကားအား ထုတ်လုပ်မည့်အချိန်ကို ၂ဝ၁၄ နှစ်ကုန်ပိုင်းသို့ ရွှေ့ဆိုင်းလိုက်ကြောင်း ထပ်မံကြေငြာခဲ့သည်။ ထိုသို့ရွှေ့ဆိုင်းလိုက်သည့် အကြောင်းမှာ ကုမ္ဗဏီအနေဖြင့် ၂ဝ၁၃ ခုနှစ်တွင် အကျိုးအမြတ်ရရှိရေးကို ပိုမိုအားစိုက်လုပ်ဆောင်နိုင်ရန်နှင့် Model S ကားများအား အစီးရေ ၂သောင်းအထိ ထုတ်လုပ်ရောင်းချသွားနိုင်ရန် အဓိကပစ်မှတ်ထားသောကြောင့်ဖြစ်သည်။ Tesla Model X ကားများအား ကြိုတင်မှာယူမှုကို ၂ဝ၁၃ခုနှစ်တွင် စတင်လက်ခံခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင် ထုတ်လုပ်ရောင်းချပေးသွားမည်ဖြစ်သည်။

Author