လျှပ်စစ်ကားတွေကို ထုတ်လုပ်တဲ့ နာမည်ကြီး Tesla ကုမ္မဏီရဲ့ Model 3 ကိုမိတ်ဆက်

0

Full article

ဆယ်နှစ်လောက် စောင့်ဆိုင်းလာရတဲ့ Tesla ရဲ့ CEO မျှော်လင့်လျက်ရှိတဲ့ လျှပ်စစ်ကား Model 3 ကိုဖော်ထုတ်လိုက်ပါပြီ။ ကားတန်ဖိုးအနေနဲ့ ဒေါ်လာ ၃၅ဝဝဝ ကနေ စတင်ဈေးဖွင့်မည်ဖြစ်ပြီး ၂ဝ၁၇ ခုနှစ် နှောင်းပိုင်းမှာ စတင်ဈေးကွက်ထဲသို့ရောက်ရှိလာပါတော့မယ်။

၆ စက္ကန့်အတွင်း ၆ဝ မီတာ ပြေးနိုင်မည်ဖြစ်ပြီး ကြိုတင်အမှာစာများလည်း လက်ခံရရှိပြီးဖြစ်ကာ အမှာစာစုစုပေါင်း ၁၃ဝဝဝဝ နှင့် ကြိုတင်ငွေ ဒေါ်လာ ၁ဝဝဝ ကို ပေးထားရမှာဖြစ်ပါတယ်။ ဒီထက်များတဲ့ အမှာစာများလည်း ရရှိမယ်လို့ အပိုင်ပြောနေကြပါသေးတယ်။

Model S လိုပဲ Model 3 ဟာ ရှေ့ဘီးရပ် ဒါမှမဟုတ် လေးဘီးရပ် ဆိုပြီး နှစ်မျိုးလာမည်ဖြစ်ကာ ၁၅ လက်မ touchscreen ပါရှိပြီး Autopilot hardware နှင့်အတူ အခြားလုံခြံရေးဆိုင်ရာ features တွေလည်း ပါဝင်မည်ဖြစ်သည်။ လူကြီး ငါးယောက် ကျယ်ကျယ်ဝန်းဝန်းနဲ့ သက်တောင့် သက်သာ ထိုင်နိုင်တာဟာလည်း Tesla ရဲ့ အလေးထားတဲ့ အဓိကအချက်ပဲလို့လည်း CEO Musk ကပြောပြခဲ့ပါတယ်။

Author