Full article

Tesla လျှပ်စစ်ကားကုမ္ပဏီမှ ၄င်းတို့၏ မော်ဒယ် Model S Seden ၏ ဈေးအသက်သာဆုံးမော်ဒယ်ကို အစားထိုးရန် ကားအမျိုးစားသစ်တစ်ခုဖြစ်သော 70D ကို ကြေငြာလိုက်ပါတယ်.။

ဈေးအသက်သာဆုံးဆိုပေမယ့် $67,500 ကျသင့်မှာဖြစ်ပါတယ်.။ လျှပ်စစ်အားသီးသန့်သုံး အမျိုးအစားပဲဖြစ်ပြီး အားအပြည့်သွင်းထားရင် 240 မိုင်အထိ မောင်းနှင်နိုင်မှာဖြစ်ပါတယ်.။ လေးဘီးယက်အမျိုးအစားဖြစ်ပြီး 0 – 60mph ကို 5.2 စက္ကန့်အတွင်း ရောက်ရှိမှာဖြစ်ပါတယ်.။

မော်ဒယ်အဟောင်းဖြစ်တဲ့ Model S ဟာ (၂) ဘီးယက်အမျိုးအစားသာဖြစ်ပြီး အားအပြည့်သွင်းထားရင် 208 မိုင်သာ မောင်းနှင်နိုင်ပါတယ်.။ မော်ဒယ်သစ် 70D ရဲ့ အသေးစိတ်အချက်အလက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်.။

  • လေးဘီးယက်အမျိုးအစား ဖြစ်ပါတယ်.။
  • 70 kWh ဘက်ထရီပါဝင်ပြီး အားအပြည့်သွင်းထားရင် 240 မိုင်အထိ မောင်းနှင်နိုင်ပါတယ်.။
  • 0 – 60mph ကို 5.2 စက္ကန့်အတွင်း ရောက်ရှိနိုင်ပါတယ်.။
  • Top Speed အနေနဲ့ 140mph အထိ ရရှိနိုင်ပါတယ်.။
  • Autopilot Hardware ကို အသုံးပြုထားပါတယ်.။
  • Navigation နဲ့ Supercharging စနစ်တွေ ပါရှိပါတယ်.။
  • Trip planner လို့ခေါ်တဲ့ လမ်းကြောင်းသတ်မှတ်တဲ့စနစ်နဲ့ Lane departure warning လို့ခေါ်တဲ့ လမ်းဘေးနားကပ်သွားရင် အချက်ပြတဲ့စနစ်တွေ ပါဝင်ပါတယ်.။
  • Parking sensors လို့ခေါ်တဲ့ ကားပါကင်ထိုးဖို့ အထောက်အကူပြုပေးတဲ့ စနစ်ပါဝင်ပြီး Automatic emergency braking လို့ခေါ်တဲ့ အလိုအလျောက် ဘရိတ်ဖမ်းစနစ်လဲ ပါရှိပါတယ်.။
  • Automatic Keyless Entry လို့ခေါ်တဲ့ သော့မလိုဘဲ တံခါးဖွင့်နိုင်တဲ့ စနစ်နဲ့ GPS enabled homelink စနစ်တွေလဲ ပါရှိပါတယ်.။

မော်ဒယ်သစ် 70D ကို အရောင်သုံးမျိုးနဲ့ ဝယ်ယူရရှိမှာဖြစ်ပြီး Ocean Blue, Obsidian Black, နဲ့ Warm Silver တို့ဖြစ်ကြပါတယ်.။

Ref: Business Insider


**Aung Mon Chan**
[www.myanmarcarsdb.com](http://www.myanmarcarsdb.com)
No. 1 Car Site in Myanmar

Author